တီ တီ.....
စားပွဲထက်ရှိနှိုးစက်လေး၏မြည်သံကြောင့် အိပ်ယာထက်မှကောင်လေးမှာလူးလိမ့်၍ညီးလာတော့သည်
"ဟင်း ဘာလို့အခုထမြည်တာတုန်း စောနလေးကမှအိပ်ပျော်ထားတာလေ"
ဟုဆိုကာ နှိုးစက်ကိုလျစ်လျှုရှု၍ပေတေကာဆက်အိပ်နေလေသည်
သို့သော်ရပ်တန့်ခြင်းမရှိဆက်လက်မြည်နေသောနှိုးစက်မှာ အိပ်ယာပေါ်ကကောင်လေးအား
"ထတော့ ထတော့ မင်းပြောတော့မနက်စောစောထပါမယ်ဆို မထနိုင်ရင်လည်း နှိုးစက်အချိန်ကိုစောစောမထားနဲ့လား မင်းငါ့ကိုထမပိတ်မခြင်း ငါမင်းကိုနှိုးနေမှာဘဲ" ဟုပြောနေသယောင်
ကောင်လေးမှာလည်း ရပ်တန့်ခြင်းမရှိမြည်နေသော နိုးစက်အားမျက်စောင်းလေးပစ်ထိုးကာ ကုတင်ပေါ်မှဆင်း၍ထပိတ်မှသာ ရပ်တန့်သွားလေသည်
ထို့နောက် ကုတင်ပေါ်သို့ပြန်တက်ကာ စောင်ခြုံ၍ဆက်လက်ခွေနေလေသည်
၁၅မိနစ်
၃၀မိနစ်
၁နာရီ
၁နာရီ ၂၀မိနစ်
အကြာဆက်လက်အိပ်စက်ပြီးနောက် ကျယ်လောင်သောအသံတစ်ခုကြောင့်နိုးလာပြန်တော့သည်
ထိုအသံမှာ အခန်းတံခါးကိုထုရိုက်ပြီး အိပ်ယာထရင် ဆူပူနေသော မာတာမိခင်၏အသံပင်ဖြစ်သည်
"ရှင်းမ်ဂျယ်ယွန်း!! ရှင်းမ်ဂျယ်ယွန်းရေ ထပါတော့!!"
"မေမေကလည်း ဆက်အိပ်ပါရစေဦး "
"ဘာကိုဆက်အိပ်ပါစေလဲ နင်ကျောင်းမသွားဘူးလား
နင်ဒီနေ့ကျောင်းတက်ရမယ်လေ"သေစမ်း
အိပ်ချင်မူးတူးဖြစ်နေသော ဂျယ်ယွန်း၏ မျက်လုံးတို့ပြူးကျယ်ကုန်သည်
ဟုတ်သားဘဲ ဒီနေ့သူကျောင်းတက်ရမယ်နေ့
ထို့ကြောင့်ဘဲ မနက်စောစောထဖို့ နှိုးစက်လုပ်ထားတာလေဂျယ်ယွန်း အမြန်ထထိုင်လိုက်ပြီး နာရီကိုကြည့်တော့
၈နာရီ ၂၃မိနစ်
"ငါအခန်းသော့ဖွင့်ဝင်လာပြီး တုတ်နဲ့လာရိုက်ရမလားပြောစမ်း"
