part 2

115 16 0
                                    

ညရောက်ပြီဖြစ်၍ မှောင်နေသောလမ်းလေးမှာ လမ်းမီးတိုင်၏အကူအညီဖြစ် လင်းနေသည်

ဆောင်ဟွန်း ထိုလမ်းေလးထဲသို့ဝင်ကာမောင်းလာရင်း ခြံေရှ့တစ်ခုအရောက်တွင် ရပ်တန့်သွားလေသည် ခြံအတွင်းရှိအိမ်လေးမှာ မီးအလင်းရောင်ကင်းမဲ့၍ မှောင်နေသည်

"ဘာလို့မီးဖွင့်မထားကြတာလဲ"

ဆောင်းဟွန်းဘေးအိမ်များကိုကြည့်မိတော့ ဆန့်ကျင်စွာ မီးများဖြင့်လင်းနေတယ်

"မီးပျက်နေတာလား"

ဆောင်းဟွန်းကားပေါ်မှဆင်းရဲ့ ခြံတံခါးကို ကိုယ်တိုင်ဖွင့်နေရတယ် သူပြန်ရောက်လို့ဟွန်းတီးရင် ခြံတံခါးအပြေးလာဖွင့်ပေးတတ်သည့် ညီမဖြစ်သူမှာလည်းပေါ်မလာ "အပြင်သွားကြတာလား" ဟုတွေးမိသည်

ထိုနောက်ကားကိုခြံထဲသွင်းရဲ့ အိမ်ထဲဝင်ရန်တံခါးလက်ကိုင်ကိုဆွဲဖွင့်လိုက်သည်အချိန်...

"Surprise"

ညီမဖြစ်သူဟာ အမှောင်ထဲမှာမီးထွန်းထားသည့် ကိတ်မုန့်အားကိုင်ရင်း ထအော်သည့်အတွက် ဆောင်ဟွန်းလန့်မသွားဘူးဆို လိမ်ရာကျမည်

ဘယ်သူကမလန့်ဘဲနေမှာလဲ အိမ်ပြန်ရောက်တည်းက မီးဖွင့်မထားသည်အိမ် တိတ်ဆိတ်နေသည်အိမ်ကြောင့် ဆောင်းဟွန်းအနည်းငယ်တော့လန့်မိသည်

"Happy birthday to you
Happy birthday to you
Happy birthday ဆောင်းဟွန်းအိုပါး
Happy birthday to you"

ဆိုပြီးချင်း မီးများပြန်ဖွင့်လိုက်သဖြင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားသလိုပင်

ဟုတ်ပါတယ် ဒီနေ့ကသူ့မွေးနေ့ပါ လွန်ခဲ့တဲ့တစ်လကတောင် မှတ်မိနေသေးပေမယ့် တကယ့်နေ့ကိုတော့သူမေ့လျော့နေခဲ့တာ

ညီမလေး၏နောက်တွင်တော့ အမေနှင့်ဆောနူး တို့မတ်တပ်ရပ်၍သူ့အားပြုံးကာကြည့်နေကြတယ်

"ဟာ အိုပါး ဖယောင်းတိုင်အမြန်မှုတ်လေ အရည်ပျော်နေပြီ"

ညီမဖြစ်သူပြောသည့်အတွက် ဆောင်းဟွန်းလည်း အမြန်မှုတ်လိုက်သည်

"ဟောင်း ဘာလို့ဒီနေ့မှနောက်ကျနေတာလဲ ပြန်မလာတော့ဘူးလို့တောင်ထင်သွားတာ"
ဟုဆောနူးကပြောလာသည်

LOVE U MOREWhere stories live. Discover now