ဆောင်းဟွန်းအိမ်ပေါ်ထပ်မှ အိမ်ရောက်သို့ဆင်းလေသည်
"သွားမယ်လေ ဆောနူး ရယ်ဂျီရော"
"ရယ်ဂျီ မလိုက်တော့ဘူး သူအိပ်ပျော်သွားပြီ"
အံ့သြစရာတော့မဟုတ်ပါ ပတ်ရယ်ဂျီတို့ကတော့ အစားအသောက်ဗိုက်ထဲဝင်တာနဲ့အလိုလို အိပ်ဆေးသောက်သလိုအိပ်ပျော်သွားတတ်တော့ ဆောင်းဟွန်း ခေါင်းသာငြိမ့်ပြီး
"ဒီကောင်မလေးကတော့ သူငယ်ချင်းကိုလိုက်ပို့မယ်ပြောပြီတော့"
"ရပါတယ် ဟျောင်းရဲ့ အကြောင်းမသိတာလဲမဟုတ်"
"အေအေ ဒါဆိုလဲ သွားရအောင်"
ဟုပြောကာ ဆောင်းဟွန်းရှေ့ကအရင်ထွက်သွားလေတယ်"ဟုတ်ကဲ့ ဟျောင်း
အန်တီ ကျွန်တော်ပြန်ပြီနော် ကောင်းသောညပါ""အေး ဆောနူးလေး အိမ်ကသူတွေကိုသတိရတယ် နောက်လာလည်ပါဦးလို့ပြောပေးပါဦးနော်"
"ဟုတ်ကဲ့ အန်တီ"
ဟုပြောကာဆောင်းဟွန်းနောက်သို့လုံးလုံးလေးပြေးကာလိုက်သွားလေတယ်ကားလေးမှာလည်း ဆောနူး၏နေအိမ်ရှိရာသို့စတင်မောင်းထွက်တော့တယ်
ကားထဲတွင်လေထုရှိလေထုအနည်းငယ်အေးစက်နေသောကြောင့် ဆောင်းဟွန်းကဘဲစကားစလိုက်တယ်
"တက္ကသိုလ်တက်ရတာဘယ်လိုလဲ အဆင်ပြေလား"
"ဟုတ် ပြေပါတယ် ဟျောင်းရဲ့ စာမေးပွဲမတွက်စာလေးနည်းနည်းဖိလုပ်နေရတာကလွဲရင်ပေါ့"
"ပညာသင်ယူနေမှတော့ စာကတော့လုပ်ရမှာပေါ့"
"ငါကမင်းတို့နှစ်ယောက်ကိုသိပ်စိတ်ချတာမဟုတ်ဘူး
ငါတို့မသိဘဲ အတန်းတွေမတက်ဘဲအတန်းပြေးနေကြရင်ဘယ်လိုလုပ်မလဲ စာကိုဘဲသေချာလုပ် တက္ကသိုလ်ပြီးလို့လုပ်ငန်းခွင်ထဲဝင်ရင် အလုပ်ကောင်းရအောင် ပြီးတော့....."စတော်မူပါပြီ ဟျောင်းရဲ့ဆုံးမတော်မူခန်း အက်တာကြောင့်သူဟျောင်းနဲ့သိပ်မနေချင် ခါတိုင်းဒီလိုအိမ်ပြန်လိုက်ပို့ပေးရင် ရယ်ဂျီ ပါတော့သူတို့နှစ်ယောက်တည်းစကားများပေါက်ကရပြောရင် ဟျောင်းကဘာမှဝင်မပြောတတ် ဒီနေ့တော့ ရယ်ဂျီမပါတော့ ဟျောင်းရဲ့ သြဝါဒကိုအိမ်မရောက်မချင်းနားထောင်ရတော့မယ် သူ့ကိုလိုက်မပို့ဘဲ စောစောအိပ်သွားတဲ့ ပတ်ရယ်ဂျီ ဆောင်း စိတ်ထဲကကျိန်ဆဲနေမိတယ်
