part 6

76 7 3
                                    

(ဂျယ်ယွန်းကျောင်းမတက်ခင်တစ်ရက်အလို)

ဒီနေ့မေမေနဲ့ကျောင်းသွားအပ်ကြတယ်
သူတက်ရမယ့်ကျောင်းက ဆိုဟွာအထက်တန်းကျောင်းဖြစ်ပြီးအိမ်နဲ့တော့မနီးမဝေးလေးဖြစ်တယ်

ကျောင်းအပ်ပြီးတော့အိမ်ကိုပြန်လာပြီး အိပ်ခန်းထဲသို့တန်းဝင်မိတယ် မေမေကတော့ညနေစာအတွက်စတင်ပြင်ဆင်တော့တယ်

အခန်းထဲရောက်သည်နှင့်အိပ်ယာပေါ်ပစ်လှဲမိတော့တယ် ကားပေါ်မှာကတည်းကအိပ်နေတာပေမယ့် အိပ်ရေးမဝ

ထိုအချိန်တွင်ဂျယ်ယွန်းထံသို့ဖုန်းဝင်လာေတာ့ငြီးငြူမိတယ်"ကျစ် ဘယ်သူလဲကွာအိပ်ချင်ပါတယ်ဆိုမှ"

"ဟယ်လို"

"ဟျောင်း"

"အေးပြော ဘာကိစ္စလဲ"

"ဟာ မတွေ့တာ၃လဘဲရှိဦးမယ် စိမ်းကားနေပြီပေါ့"

"မဟုတ်ပါဘူးကွာ ငါပင်ပန်းနေလို့"

"ဟုတ်ကဲ့ပါ ဟျောင်းကိုပြောစရာရှိလို့"

"အေး ပြောလေ"

"ကျွန်တော်ဆိုးလ်ကိုလာပြီးဟျောင်းနဲ့အတူကျောင်းတက်မလို့"

"ဘာ! မင်းတကယ်ပြောနေတာလား နီခီ"
ဂျယ်ယွန်းမျက်လုံးတွေပြူးကျယ်ပြီး အိပ်ချင်နေစိတ်တွေပျောက်ကုန်တယ် သေချာနာကတော့သူပျော်သွားလို့ပါ

"တကယ် ဟျောင်းနဲ့အန်တီတို့အိမ်ပြောင်းသွားတည်းက အမြဲမှိုင်နေတယ့်ကျွန်တော်ကိုအိမ်ကသနားလို့ထင်တယ် နင်လည်းဆိုးလ်မှာကျောင်းတက်ချင်လားမေးလို့ ကျွန်တော်လည်းရတယ့်အခွင့်အရေးကိုယူလိုက်တာ"

"အဲ့တာ ကျွန်တော်ပြောင်းလာရင်နေဖို့အဆောင်ရှာပေးထားလို့ပြောမို့"

"ဟာ ဘာလို့အဆောင်နေမှာလဲ ငါရှိနေတာငါ့အိမ်မှာနေပေါ့"

"ရလို့လား အန်တီသိရဲ့လား"

"မေမေက နီခီလို့ပြောလိုက်ရင်ရတယ် အေးဆေးငါ့တို့အိမ်မှာနေနော်"

"ဟုတ်ကဲ့ ဟျောင်းတက်တဲ့ကျောင်းဘဲတက်မှာနော်"

"အေးပါ လူသာအမြန်ရောက်အောင်လာခဲ့"

LOVE U MOREWhere stories live. Discover now