အရာအားလုံးမှာတိတ်ဆိတ်ငြိမ်သက်နေတယ် ညနေခင်းဖြစ်၍ ဝင်တော့မည့်နေမင်းကြီး၏ရွှေအိုရောင်အလင်းမှာလည်း ပတ်ဝန်းကျင်တွင်လှပစွာဖြာကျနေတော့သည်
ဆိုဟွာအမည်ရှိသောကျောင်းမှာလည်း ကျောင်းသူ/ကျောင်းသားများကင်းမဲ့၍မနက်ပိုင်းနှင့်ဆန့်ကျင်စွာ တိတ်ဆိတ်နေသည် ဆင်စစ်ညနေပိုင်းဖြစ်၍ ကျောင်းသူ/ကျောင်းသားများ ကင်းမဲ့နေခြင်းဖြစ်သည်
သန့်ရှင်းထားပြီးသားအခန်းများကိုကြည့်ခြင်းဖြစ် တာဝန်ကျသည့် ကျောင်းသူ/ကျောင်းသားအချို့မပြန်ခင်သန့်ရှင်းခဲ့မှန်းသိသာလှသည်
ကျောင်းတွင်မည်သူမှမရှိတော့သည်မဟုတ် ကျောင်းဆရာ/ဆရာမ အချို့တော့ရှိနေသေးသည် ရုံးခန်းများစွာရှိ၍ တခုသောရုံးခန်းတွင်တော့ ဆရာတယောက်ဟာ ကွန်ပြူတာတလုံးအလုပ်ရှုပ်နေ၏
သွယ်လှသည့်လက်ချောင်း ဖြူဖွေးသောအသားရေနှင့် လက်သည်းခွံလေးများရှိသော လက်နှစ်ဖက်သည် keyboard ထက်တွင်ပြေးလွှားနေသည် စာလုံးများမှန်မမှန်စစ်နေသည့်မျက်လုံးများထက်တွင်လည်း လေးထောင့်မျက်မှန်တစ်လက်ကိုတပ်ဆင်ထားရ မျက်ခုံးထူထူများမှာလည်းတွန့်ကြေနေ၏
နောက်ကကြည့်လျှင်ကျယ်ပြန့်သည့် ပုခုံးတန်းကိုမြင်ရမယ်ဖြစ်၍ ဘေးတိုက်ကကြည့်လျှင် ချွန်ထက်သည့်နှာတန် ထောင့်မှန်ကျသည့်မေးရိုးကိုတွေ့မြင်ရမည်ဖြစ်၏ ရှေ့ကကြည့်လျှင်တော့ မျက်နာထက်ရှိမှည့်လေးများကိုမြင်တွေ့ရမည်ဖြစ်သည်
ထိုအရာများကိုကြည့်ခြင်းဖြစ်ဤလူသည် ချောမောသောရုပ်ရည်အားပိုင်ဆိုင်ထားသူဟု တပ်အက်ပြောနိုင်သည်
တိတ်ဆိတ်နေသည့်ထိုရုံးခန်းလေး၏အနားသို့လျှောက်လာသော ခြေသံများကိုကြားနေရသည် ဟုတ်ပါတယ် ထိုရုံးခန်းကိုလာနေတယ့်ခြေသံပါ ခြေသံဟာအခန်းရှေ့တွင်ရပ်တန့်သွား၍ တံခါးခေါက်သံကိုကြားလာရတယ် ထိုနောက်တံခါးမှာပွင့်လာ၏
"ဆောင်းဟွန်းရှီ မပြန်သေးဘူးလား ဘာတွေမပြီးသေးလို့လဲ"
"အာ... နာအွန်းရှီ ကျွန်တော်မေးခွန်းထုတ်နေလို့ပါ ခဏနေဆိုပြီးပါပြီ"