Part 2 Uni

872 65 0
                                    

Three years later.....

အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲတွင် သူ့အလုပ်နဲ့သူရှုပ်ယှက်ခတ်နေတဲ့ ‌လူတွေများစွာရှိနေပြီး အချို့ကပြည်ပကို ထွက်ခွာကြသည်သူများဖြစ်ပြီး အချို့ကအမိမြေကို ပြန်လည်ရောက်ရှိလာသည့် သူများဖြစ်လေသည်။

ထိုအထဲမှာမှ လေဆိပ်ရဲ့ VIPထွက်ပေါက်ကနေ ထွက်လာသည့်သတ်လတ်ပိုင်းလူတစ်ယောက် သူ့နောက်မှာပါလာသည့် အခြွေအရံတွေကို ကြည့်ခြင်းအားဖြင့် ထိုသူဟာသာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာသိနိုင်သည်။

All black အနောက်တိုင်း၀တ်စုံကို၀တ်ဆင်ထားသည့် အမျိုးသားဟာ သူ့ရဲ့ဖြူဖွေးနေသည့် အသားအရေနဲ့ပနံသင့်လှပေသည်။မဲနက်ထူထဲလှသည့် မျက်ခုံးနှစ်ခုဟာထိစပ်လုမတက်ပင်။

တင်းတင်းစိပိတ်ထားသည်းသည့် နှုတ်ခမ်းညိုတွေဟာ ဆေးလိပ်သောက်သည့် သူတစ်ယောက်‌ဖြစ်ကြောင်းထင်ရှားလှသည်။သူ့အသွင်အပြင်တွေဟာ ဘေးနားကဖြတ်သွားသည့်သူတွေကို နှစ်ခါပြန်ငေးမောစေနိုင်သလို သူ့ရဲ့အေးစက်သည့်အမူအရာတွေဟာ ဘေးကလူတွေကိုအေးခဲစေနိုင်သည့် ရေခဲတောင်ကြီးတစ်ခုလို ဖြစ်စေသည်။

သူဟာ စီးပွားရေးနယ်ပယ်မှာ Top ten list ၀င်သည့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ CEO စဝ်ခွန်းမဟာသက္ကရာဇ်ဈာန်ပင်ဖြစ်လေသည်။သူဟာအလုပ်ကို တိတိကျကျလုပ်သလို ဘယ်အရာမဆိုအမှားသေးသေးတောင်အဖြစ်မခံသည့်သူဖြစ်သည်။

အေးစက်စက်အသွင်ကိုဆောင်သော်လည်း သူ့လက်အောက်ငယ်သားများကို ပြန်လည်ကြည့်ရှုပေးတက်ပေးသည့် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်နေသေးသည်။လစာနှုန်းထားကို သာမာန် Companyထက်ပိုပေးထားသလို ငွေကြေးမသမာမှုများလုပ်လာပါကလည်း ထိုက်သင့်သည့်ပြစ်ဒဏ်ထက်ကို ပိုပြီးပေးဆပ်ရသည်။‌

ကျောင်းပြီးချိန်မှစကာ နိုင်ငံခြားမှာရှိသည့် ပင်မCompany တွင်သာရုံးထိုင်ခဲ့ပြီး ယခုမှသာ ပြည်တွင်း Company မှာရုံးထိုင်ရန်အကြောင်းဖန်လာခဲ့သည်။

နက်ဆွေးနေသည့်ကားပေါ်တက်လိုက်သည်နှင့် သူ့နောက်လိုက်များဟာလည်း သက်ဆိုင်ကားအသီးသီးဆီသို့ တက်သွားကြသည်။

Twins Baby's Father Where stories live. Discover now