"ဒါဘယ်လို ဖြစ်ရတာလဲ ဇူဇံဇူးရစ် "
"မေမေ မြင်တဲ့အတိုင်းဘဲ "
ခပ်ထေ့ထေ့စကားပြောပုံတွေနဲ့ ဂျစ်ကန်ကန်ပုံစံတွေက ပြေးပြေးပြီး ရိုက်ချင်စရာကို ကောင်းလှသည်။
"ဇူဇံဇူးရစ် "
"ရှူးးး တိုးတိုးလုပ်ပါ မေမေရယ် အရမ်းမအော်ပါနဲ့ "
လက်အမူအယာနဲ့ တိုးတိုးနေဖို့ပုံစံလုပ်ပြနေတဲ့ သားဖြစ်သူကိုကြည့်ပီး သက်ပြင်းသာအခါခါချမိသည်။သက်ပြင်းချတိုင်းသာ အသက်တိုရမယ်ဆို ဒီနေ့တင်ချမိတဲ့ သက်ပြင်းက အသက်နှစ်ရာလောက်တို နေလောက်ပြီ။
"ရစ် မင်းရဲ့ဖြေရှင်းချက်လေးတွေကို ပြောစမ်းပါအုံး"
"မေမေလိုချင်တဲ့ မြေးကိုသားကရအောင် ခေါ်လာခဲ့ပေးတာ "
"ဒါဘဲလေ"
"ဇူးရစ် မေမေမြေးလိုချင်တာထက် မင်းနဲ့သေအတူရှင်မကွာ အအေးတူပူအမျှ ရှိနေမယ့်သူ"
" ဘ၀လက်တွဲဖော်ကို ရှာစေချင်တာ "
"အခုတော့ ဟင်း...."
မအေပြောသမျှကို စကားတွေကို တစ်ဖက်နားက၀င် တစ်ဖက်နားကထွက်ဆိုတဲ့ ပုံစံလုပ်နေတဲ့ သားကြောင့်ဘာစကားမှဆက်ပြောချင်စိတ်ကို မရှိတော့ပေ။သားဘေးနားမှာရှိတဲ့ ကလေးထည့်တဲ့လှည်းကနေ တစ်လကျော်နှစ်လသားအရွယ် ကလေးပေါက်စလေးနှစ်ယောက်ကိုသာ အကြည့်ပို့လိုက်တော့တယ်။
သားငယ်ငယ်တုန်းကလို ဝိုင်းစက်နေတဲ့ မျက်နှာပေါက်လေးတွေနဲ့ ဖြူဖြူလုံးလုံးလေးဖြစ်နေပြီး ကောက်ညှင်းထုပ်သဖွယ် လက်တွေခြေတွေက တုပ်တုပ်ခဲခဲလေးတွေ မဲနက်နေတဲ့ မျက်ခုံးထင်းထင်းလေးတွေက သူတို့လေးတွေရဲ့ အမေနဲ့တူလေသလား။
"ကလေးတွေက အမေကဘယ်မှာလဲ...."
"သားကိုယ်တိုင်မွေးထားတာ "
"ဟမ်...."
ဒီတစ်ကြိမ်မှာတော့ အမှန်တကယ်ကို ရှော့ရစေတဲ့ စကားလုံးတွေသာဖြစ်သည်။ ကလေးနှစ်ယောက်ဟာ သူ့ကလေးတွေလို့ ပြောတုန်းကထက်တောင် ပိုပြီးရှော့ရစေတယ်။
ရစ်ဆိုတဲ့ သားတစ်ယောက်ကို မွေးရတာ ကျားတစ်ထောင်မွေးထားရသလိုပါဘဲ။အခုကလေးတွေကို သူကိုယ်တိုင်မွေးထားတာဆိုတော့ ကလေးတွေအဖေကကော....။

YOU ARE READING
Twins Baby's Father
Romanceစဝ်ခွန်းမဟာသက္ကရာဇ်စျာန်နဲ့ ဇူဇံဇူးရစ် တို့ကိုပြန်တင်ပေးချင်းပါ။Title ပြောင်းထားပါတယ်ရှင့်။