Part 1 Uni

3.6K 99 4
                                    

"ဒါဘယ်လို ဖြစ်ရတာလဲ ဇူဇံဇူးရစ် "

"မေမေ မြင်တဲ့အတိုင်းဘဲ "

ခပ်ထေ့ထေ့စကားပြောပုံတွေနဲ့ ဂျစ်ကန်ကန်ပုံစံတွေက  ပြေးပြေးပြီး ရိုက်ချင်စရာကို ကောင်းလှသည်။

"ဇူဇံဇူးရစ် "

"ရှူးးး တိုးတိုးလုပ်ပါ မေမေရယ် အရမ်းမအော်ပါနဲ့ "

လက်အမူအယာနဲ့ တိုးတိုးနေဖို့ပုံစံလုပ်ပြနေတဲ့ သားဖြစ်သူကိုကြည့်ပီး သက်ပြင်းသာအခါခါချမိသည်။သက်ပြင်းချတိုင်းသာ အသက်တိုရမယ်ဆို ဒီနေ့တင်ချမိတဲ့ သက်ပြင်းက အသက်နှစ်ရာလောက်တို နေလောက်ပြီ။

"ရစ် မင်းရဲ့ဖြေရှင်းချက်လေးတွေကို ပြောစမ်းပါအုံး"

"မေမေလိုချင်တဲ့ မြေးကိုသားကရအောင် ခေါ်လာခဲ့ပေးတာ "

"ဒါဘဲလေ"

"ဇူးရစ် မေမေမြေးလိုချင်တာထက် မင်းနဲ့သေအတူရှင်မကွာ အအေးတူပူအမျှ ရှိနေမယ့်သူ"

" ဘ၀လက်တွဲဖော်ကို ရှာစေချင်တာ "

"အခုတော့ ဟင်း...."

မအေပြောသမျှကို စကားတွေကို တစ်ဖက်နားက၀င် တစ်ဖက်နားကထွက်ဆိုတဲ့ ပုံစံလုပ်နေတဲ့ သားကြောင့်ဘာစကားမှဆက်ပြောချင်စိတ်ကို မရှိတော့ပေ။သားဘေးနားမှာရှိတဲ့  ကလေးထည့်တဲ့လှည်းကနေ တစ်လကျော်နှစ်လသားအရွယ် ကလေးပေါက်စလေးနှစ်ယောက်ကိုသာ အကြည့်ပို့လိုက်တော့တယ်။

သားငယ်ငယ်တုန်းကလို ဝိုင်းစက်နေတဲ့ မျက်နှာပေါက်လေးတွေနဲ့ ဖြူဖြူလုံးလုံးလေးဖြစ်နေပြီး ကောက်ညှင်းထုပ်သဖွယ် လက်တွေခြေတွေက တုပ်တုပ်ခဲခဲလေးတွေ မဲနက်နေတဲ့ မျက်ခုံးထင်းထင်းလေးတွေက သူတို့လေးတွေရဲ့ အမေနဲ့တူလေသလား။

"ကလေးတွေက အမေကဘယ်မှာလဲ...."

"သားကိုယ်တိုင်မွေး‌ထားတာ "

"ဟမ်...."

ဒီတစ်ကြိမ်မှာတော့ အမှန်တကယ်ကို ရှော့ရစေတဲ့ စကားလုံးတွေသာဖြစ်သည်။ ကလေးနှစ်ယောက်ဟာ သူ့ကလေးတွေလို့ ပြောတုန်းကထက်တောင် ပိုပြီးရှော့ရစေတယ်။

Twins Baby's Father Where stories live. Discover now