"ဒယ်ဒီ သားကို ကားရုပ်ကြီးရီး ၀ယ်ပေးရမှာနော်"
"ဒယ်ဒီ မီးမီးကိုလည်း ကားရုပ်ကြီး၀ယ်ပေးနော်"
"ဖောင်းဖောင်းရေ သမီးကမိန်းကလေးလေ ဘာလို့ကားရုပ်လိုချင်ရတာတုန်း"
" ၀က်ဝံရုပ်လေးမလိုချင်ဘူးလား"
"ဟင့်အင်း ဒယ်ဒီ မောင်မောင်ညေးက ကားရုပ်ယူလို့လေ မီးမီးကကားရုပ်ကိုလိုချင်တာပေါ့"
"အားဟား ဟုတ်ပါပြီ ဒယ်ဒီ့ကလေးလေးရေ ဒယ်ဒီက သမီးလိုချင်တာဘဲ ၀ယ်ပေးရတော့မှာပေါ့"
သားနဲ့သမီးရဲ့အကျင့်ဟာ သိပ်ကိုတူလွန်းသည်။တစ်ယောက်က ကားရုပ်ယူရင် နောက်တစ်ယောက်ကလည်းကားအရုပ်သာ ယူလေ့ရှိသည်။ သမီးမိန်းကလေးဆိုပေမယ့် ဘိုမရုပ်တို့ မိန်းကလေးဆန်တဲ့ပစ္စည်းတွေဆိုသိပ်မကြိုက်တက်ပေ။ သားငယ်ကတော့ ယောင်္ကျားလေးပီပီ ကားအရုပ်တွေ သေနတ်တွေသာ စိတ်၀င်စားလေ့ရှိသည်။
"သားနဲ့သမီး ဟိုးမှာကစားကွင်းလေးရှိတယ်"
" အဲ့မှာခဏသွားဆော့ချင်လား "
"ဒယ်ဒီလည်း၀ယ်စရာလေးရှိလို့ ရတယ်မလားဟင်"
ရစ် shopping mallထဲရှိ ကလေးကစားကွင်းမှာ ကလေးတွေ့ ခဏကစားနေစဉ်မှာ သူ့အတွက်လိုအပ်တဲ့ ပစ္စည်အချို့၀ယ်ရန် စဉ်းစားမိသွားသည်။
"ဟုတ်ဆော့မယ် ဒယ်ဒီ"
"ဟုတ်ပြီအဲ့တာဆို ဦးဦးသုခနဲ့သွားဆော့လိုက်နော်"
" သုခကလေးတွေကိုခေါ်သွားလိုက်"
ကလေးနှစ်ယောက်ကို သုခလက်ထဲထည့်ခဲ့လိုက်သည်။
"ဟုတ်ကဲ့အကိုလေး"
ရစ် အမြွှာလေးတွေကို ဆော့ချင်သလောက် ဆော့ခိုင်းခဲ့ပြီး သူတို့လေးတွေဆက်မဆော့ချင်တော့ရင် ကလေးတွေကို ပြန်ခေါ်လာခဲ့ဖို့ပါ သူ့အတွင်းရေးမှူးကိုတစ်ခါတည်းမှာထားခဲ့လိုက်သည်။
.......
ကလေးတွေကို ဆော့နေတာကိုကြည့်ပြီးနောက် သူ့အတွက်လိုအပ်တဲ့ ပစ္စည်းအနည်းငယ်၀ယ်ရန် Mallကို ပတ်ကြည့်နေရင်း ရေမွှေးဆိုင်တစ်ဆိုင်ကို ၀င်ကြည့်လိုက်သည်။
YOU ARE READING
Twins Baby's Father
Romanceစဝ်ခွန်းမဟာသက္ကရာဇ်စျာန်နဲ့ ဇူဇံဇူးရစ် တို့ကိုပြန်တင်ပေးချင်းပါ။Title ပြောင်းထားပါတယ်ရှင့်။