"ကျွန်တော် မသိဘူး ကိုဈာန်"
"ကိုဈာန့်လို လူမျိုးကကျွန်တော့်အကြောင်းကို အခုလိုမျိုး တကူးတကစုံစမ်းနေရတာကော ဘာကြောင့်လဲ "
ရစ် တုန်ချင်နေတဲ့သူ့အသံတွေကို ထိန်းထားရသည်။
"ကျွန်တော့်ကို ဘာတွေဒုက္ခပေးချင်လို့လဲ "
"ဒါမှမဟုတ် ကိုဈာန့်က ကျွန်တော်နဲ့ ပထမဆုံးပြသာနာတက်ခဲ့တဲ့ကိစ္စကို အခဲမကြေသေးလို့လာ"
" ဘာလို့လဲကျွန်တော်ကို...."
ရစ် သူကိုယ်တိုင်မသိလိုက်ပါဘဲနဲ့ သူ့ပါးပြင်ထက်၌ကျဆင်းသွားသည့်မျက်ရည်တွေကို လာသုတ်ပေးသည့် အခါမှ သူငိုနေမှန်း သတိထားမိသွားသည်။ဘာဖြစ်လို့ မျက်ရည်လွယ်နေရတာလဲကွာ။
"ကျစ် ဘာလို့ ဒီလောက်တောင် အငိုသန်ရတာကွာ "
"...."
"မင်းကိုထိခိုက်စေဖို့ ကိုယ်စုံစမ်းခဲ့တာမဟုတ်ဘူး ဇူဇံ"
"ကိုယ်တောင်းပန်ပါ ကိုယ်မထင်မှတ်ဘဲသိခဲ့ရလို့ပါ"
ဈာန် သူ့အရှေ့ကကောင်လေး အထင်လွဲမှာဆိုးလို့ အသဲအသန် ဖြေရှင်းချက်ပေးနေမိသည်။သူ့တစ်သက်နဲ့တစ်ကိုယ် သူလုပ်ချင်ရာကိုသာ လုပ်ခဲ့ပြီး ဘယ်သူ့ကိုမှလည်း ဖြေရှင်းချက်မပေးတက်ပေ။
"ကိုယ်မင်းကို ဘာလို့ဒုက္ခပေးရမှာလဲ "
"ကိုယ့်ဘ၀မှာကိုယ့်ကို မလိမ့်တပတ်လုပ်တဲ့ သူကိုလက်လွှတ်ပေးရိုး ထုံးစံမရှိဘူး"
"မင်းကချွင်းချက်ဘဲ ဇူဇံ"
"ဒါပေမဲ့ ကိုယ်မကျေနပ်တာက တစ်ခုပဲရှိတယ်"
"ကိုယ့်ဘ၀ထဲကို ကလေးလေးနှစ်ယောက်နဲ့ မသိမသာ ၀င်လာပြီးတော့ "
" ကိုယ့်နှလုံးသားကို ခိုးယူသွားတဲ့ ဇူဇံဇူးရစ်ကိုတော့ လွှတ်မထားဘူး"
"....."
"ကိုယ်မင်းကိုချစ်တယ် ဇူဇံ ..."
"ကိုယ် မင်း ကို ချစ် တယ် မြတ် နိုး တယ် ဇူ ဇံ ဇူး ရစ်"
"ကလေးလေးတွေကိုလည်း ကိုယ့်ရဲ့ကလေးတွေချစ်နိုင်တယ်"
"ကလေးတွေ အဖေကဘယ်သူဘဲဖြစ်နေပါစေ ကိုယ်ဂရုမစိုက်ဘူး ဇူဇံ "
YOU ARE READING
Twins Baby's Father
Romanceစဝ်ခွန်းမဟာသက္ကရာဇ်စျာန်နဲ့ ဇူဇံဇူးရစ် တို့ကိုပြန်တင်ပေးချင်းပါ။Title ပြောင်းထားပါတယ်ရှင့်။