"အကိုလေး ကလေးတွေအရမ်းဖျားနေတယ်တဲ့ အန်တီဖုန်းဆက်လာတယ် "
"အဖျားတွေတက်နေလို့ Maharဆေးရုံကိုသွားနေပြီတဲ့"
"ဟမ်...ဘယ်တုန်းကဖုန်းဆက်တာလဲ"
"အခုလေးတင်ပါ အကိုလေး..."
"ခမ်းနားကို ဖုန်းဆက်လိုက် "
"ပြီးရင်ဆေးရုံကို လိုက်ခဲ့လို့တစ်ခါတည်းမှာလိုက်..."
အစည်းအဝေးခန်းထဲကနေ အလျင်စလိုထွက်သွားတဲ့ ရစ်ကြောင့် သုတအစည်းအဝေးပြီးဆုံးကြောင်း ကြေညာလိုက်ရပြီး သူမဆက်ချင်တဲ့သူဆီကို ဖုန်းဆက်လိုက်ပြီး ရစ်ပြောခဲ့သမျှကိုပြောလိုက်သည်။
ရစ်တစ်ယောက် သားသမီးဇောနဲ့သာ အစည်းအဝေးအခန်းထဲထွက်လာပြီး ကားပါကင်သို့တိုက်ရိုက်ဆင်းလာခဲ့ပြီးကားမောင်းရန်ပြင်ချိန်မှာတော့ စိတ်လှုပ်ရှားကာ ကားဆက်မောင်းရန်မဖြစ်နိုင်တော့ပေ။
"အကိုလေး ကျွန်တော်မောင်းပေးမယ် အနောက်မှာသွားထိုင်နေလိုက်နော်"
သုတသည်လည်း ရစ်အကြောင်းကိုသိသူပီပီ ကားပါကင်သို့ အမြန်လိုက်လာခဲ့မိလို့တော်သေးသည်။စိတ်လှုပ်ရှားလွန်းရင် ဘာမှမလုပ်နိုင်တော့သည့် ရစ်ရဲ့အကျင့်ကို သုတအလုပ်လုပ်ခဲ့သည့် ဒီသုံးနှစ်အတွင်းမှာသိခဲ့ရသည်။ရစ်ရဲ့ထိုအကျင့်ကို ဒေါ်သဇင်နွယ်အပြင် သုတနှင့်ခမ်းနားသာ သိသည်။
.......
"မေမေ ကလေးတွေကဘယ်လိုဖြစ်ရတာလဲ မနက်ကသားရုံးမသွားခင်တုန်းကတောင် အကောင်းကြီးပါ"
"နေ့လည်ကရေချိုးမှားသွားတာလား မသိဘူးကွယ် သူတို့လေးတွေနေခင်းအိပ်ချင်တယ်ဆိုလို့ သိပ်ခိုင်းလိုက်တာ နေနည်းနည်းစောင်းတာတောင် မနိုးသေးလို့သွားနိုးကာမှာ ကိုယ်ပူပြီးအဖျားတက်နေလို့ ဆေးရုံတန်းလာလိုက်တာကွယ် "
ရစ်နာရီကို ကြည့်မိတော့ညနေငါးနာရီပင်ခွဲနေသည်။ပုံမှန် ရစ်ဟာညနေလေးနာရီဆိုရုံးဆင်းနေကြဖြစ်ပေမယ့် ဒီနေ့ဟာ လစာပေးရက်ဖြစ်တာကြောင့် ညနေပိုင်းအစည်းအဝေးကိုခေါ်လိုက်ကာမှာ သားနဲ့သမီးနေမကောင်းတာနဲ့ တိုက်ဆိုင်သွားရသည်။

YOU ARE READING
Twins Baby's Father
Romanceစဝ်ခွန်းမဟာသက္ကရာဇ်စျာန်နဲ့ ဇူဇံဇူးရစ် တို့ကိုပြန်တင်ပေးချင်းပါ။Title ပြောင်းထားပါတယ်ရှင့်။