part-9

73 3 0
                                    

"အော် မေ့နေတာ ၊မေမေ"
"ဟေ"
"မနက်ဖြန်ကြရင်လေ ပုံပုံမေကြီးတို့အိမ်သွားမို့ အဲ့တာ မုန့်လည်း လုပ်စားမှာ ညနေလောက်မှဖြန်လာမှာ ရလားဟင်"
"သူများအိမ်ကို တစ်နေကုန် ရီးရှင်က ဘာသွားလုပ်မှာလဲ"
"မေမေကလည်း သားပြောတယ်လေ ဆော့မယ် မုန်.စားမယ်လို့နော် မေမေ"
"ဟွန်း မုန့်လုပ်စားမှာဆိုတော့ မုန်ဖိုးပေးရအုံးမှာပေါ့"
"ဟီးဟီး ဒါပေါ့"
"ဟွန်း..."
လုပ်ချင်တာလုပ်ရတော့မျက်နှာကတစ်မျိုး။ဒီသားလေးတစ်ယောက်ဘဲ ရှိတော့ အလိုလိုက်ထားရတယ်။ သူ့ဖေကလည်း သူသားကို ဆုံးမဘူး။ ကိုယ်ဆုံးမရင်လည်း (သားတိုဆူပါနဲ့ကွာ.ခုမှ ကလေးဘဲရှိသေးတယ်ဆိုပြီးပြောသေး ။
"မောင်မော်ကွန်း ပျင်းနေပြီလား"
"မပျင်းပါဘူးအန်တီ"
"အော် အေးအေး"
"မေ့နေတာ အန်တီ မနက်ဖြန်ကြသားသူငယ်ချင်းတေရော ဒီကိုလာမှာတဲ့ရလားဗျ"
"အယ်ဟုတ်လားရတာပေါ့ အခန်းပိုတေရှိတယ်၊ ဘယ်နှယောက်တုံးသား"
" ၃ ယောက်ထဲအန်တီ၊မိန်းကလေးတစ်ယောက်၊ ယောက်ျားလေးနှစ်ယောက်"
"အော်အေးအေး အန်တီနေ့လည်ကြ အခန်းတေရှင်းထားလိုက်မယ်"
"ဟုတ်ကဲ့"
"မင်းဦးလေးကိုတွေ့သေးလား"
"ကျောက်တဲဘက်သွားတာထင်တယ်ဗျ"
"အေးအေးကွယ်၊အန်တီ အခန်းတေသွားရှင်းလိုက်အုံးမယ်၊နေ့လည်ခင်းအိပ်ချင်လည်း အခန်းထဲသွားအိပ်လေ အန်တီရှင်းပေးထားတယ်"
"ဟုတ် အန်တီ၊ကျေးဇူးဗျ"
ဒေါ်ခင်ထိပ်ထားက အခန်းရှင်းဖို့အတွက် အိမ်ပေါ်ထပ်ကိုတက်သွားသည်။ကောင်းတို့အိမ်သည် နှစ်ထပ်တိုက်ဖစ်ပြီး အခန်းတေများပြီးကျယ်သည်။ခြံ၀န်းကြီးကလည်း ရွာဆိုတော့ အ‌ေတာ်ကျယ်သည်။အိမ်က ခြံရဲ့အလယ်တည့်တည့်မှာဖြစ်သည်။ဖိုးသားနဲ့ကိုပိန်တို့တွက် အိမ်လေးသီးသန့်တစ်လုံးရှိသည်။တခြားရွာတေလိုမျိုး စကျင်ရွာသည် မြေဩဇာမကောင်းပေ။မြေဩဇာကောင်းလည်း ကျောက်မှုန့်ကြောင့် အပင်တေ မဖြစ်‌ထွန်းပါ။အိမ်တိုင်းလိုလိုမှာတော့ မာလကာပင်၊သရက်ပင်၊ထနှောင်းပင်များရှိသည်။ကောင်းတို့က ရွာအလယ်ပိုင်းမှာနေတာဖြစ်သည်။
"မေမေ"
"အော် သား လာလေ"
"သား မုန့်၀ယ်သွားမို့ ဘာမှာအုံးမှာလဲ မေ"
"မေမေအတွက် sunkistအစိမ်းရောင်လေး၀ယ်ခဲ့ပေးအုံး သား"
"ဟုတ် မေမေ"
"သား မင်းအကိုတို့ကိုရော သွားမေးလိုက်အုံး၊ဘာသောက်ချင်လဲလို့"
"ဟုတ် မေ၊သွားပြနော်"
မေမေကိုနှုတ်ဆက်ပြီး အောက်ထပ်ဆင်ူလာတော့ ဧည့်ခန်းထဲကထိုင်ခုံပေါ်မှာ ထိုင်နေတဲ့မော်ကွန်းကိုတွေ့သည်။
"ဘဲကြီး"
"အော် ကောင်း"
"ဟုတ် ကျွန်တော် မုန့်သွား၀ယ်မို့ လိုက်အုံးမလား"(ဒီပါးစပ်ကလည်း ဘာမှာအုံးမလဲ မေးရမှာကို ဖာ့ကို လိုက်မှာလား လား)
"လိုက်မယ်"
"ဗျာ"
"မုန့်၀ယ်လိုက်မယ်လို့"
"ဟုတ် သွားစို့လေ"
"အွန်း"
ကျောက်တဲထဲက ဦး‌တင်ဖေထွက်လာသည်။
"သားတို့ ဘယ်သွားကြမို့လဲ"
"သား ကိုမော်ကွန်းကို မုန့်လိုက်ကျွေးမလို့၊ဖေရော ဘာမှာအုံးမလဲ"
"ဖေက တော်ပါပီကွာ၊ ဒါနဲ့မင်းမေရော ဘယ်သွားလဲ ဧည့်ခန်းထဲမှာမတွေ့ဘူး"
"‌အဖေ့မိန်းမက ‌အပေါ်ထပ်မှာ အခန်းရှင်းနေတာ၊မိန်းမကို စိတ်ချတာများ အနားခေါ်မထားဘဲနဲ့"
"ဟားဟား မင်းက မင်းအမေကို အူတိုနေတာလား"
"မတိုပါဘူး"
"သွားတို့တော့ သားတို့"
"ဟုတ် ဖေ" "ဟုတ် ဦးလေးသွားပြီဗျ"
နှစ်ယောက်စလုံး ဦးတင်ဖေကိုနှုတ်ဆက်ပြီ လာကြသည်။ဦး‌တင်ဖေတို့က ရွာရဲ့မျက်နှာဖုံးဖြစ်သည်။ရွာမှာ အချမ်းသာဆုံးသူတေထဲပါသည်။ကောင်းက ဆိုင်ကယ်ရူးဆိုတော့ R6၊ Z 900၊Z 1000ဆိုတဲ့ဆိုင်ကယ်တေရှိသည်။ဒါပေမဲ့အဲ့တာတေကို သိပ်မစီးဖြစ် ဒေါ်ခင်ထိပ်ထားက စိတ်ပူလို့မစီးခိုင်းတာလဲ ပါသည်။အများဆုံးက click ကိုသာအများဆုံးစီးဖစ်သည်။
"ဘဲကြီး ဘယ်ဆိုင်ကယ်စီးမလဲ"
"အဆင်ပြေတာစီးလိုက်မယ်လေ"
"ဘဲကြီးက အရပ်ရှည်တော့Z 900စီးလိုက်"
"ကိုယ်က တကယ်စီးရမှာလား"
"တကယ်မစီးတော့ ခများက ဘယ်လိုစီးမှာလဲ"
"ဟားဟား"
"ရီမနေနဲ့၊ရော့ ဆိုင်ကယ်သော့"
"ဟုတ်ပါပီ"
ကောင်းကတော့ R6စီးသည်။မော်ကွန်းက z900နဲ့ တော်တော်လေးကို မိုက်သည်။ရွာထဲက ကောင်မလေးတေကလည်း မော်ကွန်းကိုဘဲကြည့်သည်။ကောင်းက မေတို့အိမ်ရှေ့ရောက်တော့ ခနရပ်သည်။ကောင်းနဲ့မေတို့အိမ်က တစ်လမ်းဘဲ ချာသည်။
"ဟဲ့ မေရေ"
"ကောင်း ဘာလာလုပ်တာလဲ၊ဟယ်ဆိုင်ကယ်ရီးနဲ့ဘာလား ဘယ်လဲ"
"ဧည့်သည်ကို မုန့်လိုက်ကျွေးဖို့ ကိုကပ်ကြီးဆိုင်သွားမို့၊လိုက်မလား"
"လိုက်မယ်လေ နင်၀ယ်ကျွေးမှာမို့လား"
"အေး ငါ၀ယ်ကျွေးမှာ"
"ခနစောင့်နော်"
ကောင်းနဲ့စကားပြောပြီး ‌အိမ်ထဲပြန်၀င်သွားသည်။ခနကြာတော့ mayလည်းR6နဲ့ထွက်လာသည်။ကောင်မလေးက ကြည့်တော့မထင်ရဘူး။သူလည်း ‌ကောင်းလိုဘဲ ဆိုင်ကယ်ရူးဖြစ်မယ်။ဒီအရွယ်လေး ဒီဆိုင်ကယ်ကိုနိုင်တာ အံ့ဩသည်။
"အော် ကောင်းရဲ့ဘဲကြီး"
"ဟမ်"
မော်ကွန်းအံ့ဩသွားသည်။သူ့ကိုကောင်းရဲ့ဘဲကြီးခေါ်လို့ပါ။ကောင်းက မေကိုရိုက်သည်။
"လိ့ကို ကောင်းရဲ့ဘဲကြီးလား"
"‌ဆောတီး မှားသွားလို့ပါဟ ကိုမော်ကွန်း"
"ဟုတ် "
"ကိုဟန်စစ်ရော မပါဘူးလား"
"ဘာတေမေးနေတာတုံးဟ"
"ငါသိချင်တာ ငါမေးတာလေ"
"မပါဘူး၊သူက အဆိုတော်ဆိုတော့ အလုပ်ရှုပ်တယ်"
"ဟုတ်ကဲ့"
"လေကြော‌ရှည်မနေနဲ့ အမတော် သွားကြစို့"
"အေးပါဟ"
မေကိုခေါ်ပြီး သုံးယောက် ကိုကပ်ကြီးဆိုကို  ထွက်လာကြသည်။ကိုကပ်ကြီးဆိုင်ဆိုတာ ဆိုင်နာမည်ကို ကပ်ကြီး၊မာလာရှမ်းဂွေးတို့ milk teaတို့ juice တို့ ရောင်းတာပါရှင့်။
===================================
မနက်ဖန်မှ ထပ်upပေးမယ်နော်💜

ကောင်းရဲ့ ဘဲကြီးWhere stories live. Discover now