part-17

67 3 1
                                    

မနက်၇နာရီထိုးတော့ ကောင်းနိုးလာသည်။မျက်နှာသစ်ဖို့ အောက်ထပ်ကို ဆပ်ပြာခြင်းယူပြီး ဆင်းလာသည်။ရေကန်ဘက်ရောက်တော့ ကိုတေဇနဲ့တွေ့သည်။
"မောနင်း ကောင်း"
"မောနင်းဗျ"
နှုတ်ဆက်ပြီး ကောင်းမျက်နှာသစ် သွားတိုက်လိုက်ပြီး အိမ်ထဲပြန်၀င်လာတော့ ဒေါ်ခင်ထိပ်ထားနဲ့တွေ့သည်။
"မေမေ မောနင်း"
"မောနင်းပါရှင်"
"ခုမှ စျေး၀ယ်က ပြန်လာတာလား"
စျေးခြင်းထောင်းနဲ့မို့ ကောင်းမေးကြည့်လိုက်သည်။
"ဟုတ်တယ် သား၊ဒီနေ့ အုန်းနို့ခေါက်ဆွဲချက်ထားတယ်"
"ဟုတ်လား သားတော့ ၀တော့မှာဘဲ"
"အမယ်လေး မ၀စေချင်ရင်မစားနဲ့ပေါ့အေ"
ဒေါ်ခင်ထိပ်ထားက ဒေါသမပါတဲ့မျက်စောင်းလေးထိုးပြီးပြောသည်။
"အာ...မစားလို့ဘယ်ဖြစ်လဲ၊ဒေါ်ခင်ထိပ်ထားရဲ့"
ဒေါ်ခင်ထိပ်ထားက မျက်စောင်းလေး ထပ်ထိုးသည်။
"သွား အင်္ကျီသွားလဲတော့"
"ဟုတ်ကဲ့ပါ"
အင်္ကျီလဲဖို့ အပေါ်ကိုပြန်တက်လာတော့ လှေကားထိပ်မှာ မော်ကွန်းက တွေ့သည်။မော်ကွန်းက ရီပြတော့ ကောင်းလည်း ရီပြပြီး ကိုယ့်အခန်းထဲကို ၀င်ခဲ့သည်။ကောင်း၀တ်ဖို့ အပြာရောင်T-shirtနဲ့အနက်ရောင်ဘောင်းဘီတိုကို ယူပြီး လဲ၀တ်လိုက်သည်။အင်္ကျီလဲပြီးတော့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ ရှေ့လှည့်လိုက် နောက်လှည့်လိုက် လုပ်ပြီး ဆံပင်ကို သနေသည်။
ဒေါက်~ဒေါက်~ဒေါက်
"သားရေ မနက်စာစားမယ် ဆင်းခဲ့တော့"
"ဟုတ် မေမေ သားလာပြီ"
ဖုန်းကို အိပ်ရာဘေးကစားပွဲပေါ်ကနေ ယူပြီး အောက်ထပ်ကိုဆင်းလာသည်။ထမင်းစားခန်းထဲမှာ လူစုံနေပြီ။
"ဟ ငါ့သားက ဒီနေ့ ချောနေပါလား"
ကောင်း၀င်လာတော့ ဦးတင်ဖေက စသည်။
"သားမချောတဲ့နေ့ရော ရှိလို့လား"
ကောင်းက ပြန်ပြောလိုက်တော့ ဦးတင်ဖေက ရီသည်။ကောင်းလည်း မော်ကွန်းနားကို ၀င်ထိုင်ပြီး မေမေထည့်ပေးတဲ့ ပန်းကန်ကို ယူပြီး သောက်နေသည်။
"မေမေ သား ကိုမော်ကွန်းကို ရွာထဲလိုက်ပြမလို့"
"အော် အေအေး သွားလေ"
"ငါတို့ရော ပါတယ်မလား"(မရွန်း)
"မပါပါဘူး"(မော်ကွန်း)
"ဟ ဘာလ်ို့လဲ ငါတို့လည်း လိုက်ချင်တယ်လေ"(ဘုန်းတေဇ)
"အေးလေ"(ရတု)
မရွန်းသုံးယောက်စလုံးက လ်ိုက်ချင်လ်ို့ ဂျီကျနေကြသည်။
"မရွန်းတို့ကို သားသူငယ်ချင်းတေ လိုက်ပို့ခိုင်းလ်ူက်မယ် စားပြီးရင် သားဖုန်းဆက်ပေးမယ်"
"အဲ့တာလည်း ကောင်းတာဘဲ ကျေးဇူး ကောင်း"(မရွန်း)
"ရပါတယ်"(ကောင်း)
ပြောပြီးတာနဲ့ မနက်စာကို ဆက်စားကြသည်။မနက်စာစားပြီးတော့ မေကိုမရွန်းတို့ကို လိုက်ပို့ပေးရန် ဖုန်းဆက်ပေးနေသည်။
"ဟလို"(မေ)
"အွန်း မေ နင်ဒီနေ့အားလား"(ကောင်း)
"ရက်စ်"(မေ)
"မေ အားရင် မမတို့ကိုရွာထဲလိုက်ပို့ပေးပါအုံး"(မရွန်း)
"ဟုတ် ဟုတ် မရွန်းလိုက်ပို့ပေးမယ် နေကြာခင်းကိုရော ရေကျော်ကိုပါလိုက်ပို့ပေးမယ်"(မေ)
"ဟုတ်ပီ မေ၊ခနနေရင် ထွက်ခဲ့တော့နော်"(မရွန်း)
"ဟုတ် မရွန်း မေရဲ့cameraရော ယူခဲ့ပေးမယ် ဓာတ်ပုံရိုက်ဖို့"(မေ)
"ကောင်းတာပေါ့"(မရွန်း)
"ကျေးဇူးနော် မေ"(ရတုနဲ့ဘုန်းတေဇ)
"ရပါတယ် အစ်ကိုတို့ရဲ့ ခနနေရင် မေလာခဲ့မယ်နော်"
"ဟုတ်ပီ၊မေ မမတို့ မော်ကွန်းတို့ကိုလိုက်ချောင်းကြမလား"(မရွန်း)
"ဟုတ် မရွန်း အကြံလေးမဆိုးဘူး၊ဒါနဲ့ သူတို့က မေတို့နဲ့တူတူသွားမှာဟုတ်ဘူးလား"(မေ)
"မဟုတ်ဘူး အဲ့ကောင်က မခေါ်ဘူးတဲ့ အစ်ကိုတို့ကို သူနဲ့ကောင်းနှစ်ယောက်ထဲဘဲသွားမှာတဲ့"(ဘုန်းတေဇ)
"ဟယ် ဟုတ်လား"(မေ)
"ဟုတ်ပါ့"(မရွန်း)
"မရိုးဘူနော်"(မေ)
"ဟုတ်တယ်"(ရတု)
"မရွန်းပြောသလို လိုက်ချောင်းရအောင်"(မေ)
"ဟုတ်ပီ မေ"(ရတု)
"မေ ဟိုကောင်တေကိုရော ခေါ်ခဲ့မယ်"(မေ)
"လူများတော့ ပိုကောင်းတာပေါ့နော့်"(မရွန်း)
"ဟုတ်တယ်"(ရတုနဲ့ဘုန်းတေဇ)
"မေ ထွက်လာတော့မှာမို့ ဖုန်းချလိုက်တော့မယ်နော်"(မေ)
"ဟုတ်ပြီ မေ"(မရွန်း)
မရွန်းက ဖုန်းပြောပြီးတော့ ကောင်းကိုဖုန်းလာပေးသည်။
"ကျေးဇူးနော် ကောင်း"
"ရပါတယ် မရွန်းရဲ့"
"သွားတော့မှာလား ကောင်းတို့က"
"ဟုတ် သွားတော့မှာ ဘဲ..ကိုမော်ကွန်းက အင်္ကျီသွားလဲနေလို့ စောင့်နေတာ"
"အော် ဂရုစိုက်သွားနော်"
"အမတို့ရောဘဲ"
ကောင်းက ပြောတော့ မရွန်းက ခေါင်းငြိမ့်ပြသည်။ခနလောက်နေတော့ မေတို့ရောက်လာသည်။မေက အ၀ါရောင်အင်္ကျီအပွကို အောက်ကStyle-pantsအညိုရောင်လေးနဲ့ တကယ်ကိုချစ်ဖို့ကောင်းနေသည်။
"မရွန်း"
"မေ လာပြီလား"
"ဟုတ်"
"မေနဲ့မရွန်းနဲ့တစ်စီး၊ကိုထက်နဲ့ကိုဘုန်းတေဇနဲ့တစ်စီး၊ဇွဲနဲ့ကိုရတုနဲ့က တစ်စီး အဲ့လိုဆို အဆင်ပြေလား"
မေက ပြောပြီး မောလို့ထင်သည် ရေဗူးသွားယူပြီး သောက်နေသည်။
"ပြေတယ် မေ"
"ဟုတ်ဟုတ် မုန့်ဘာညာ၀ယ်စားအုံးမှာမလား မေပိုက်ဆံထည့်လာတယ်"
"မရွန်းလဲ ယူလာမှာမေ"
မေတို့ပြောနေတုံး မော်ကွန်းနဲ့ဘုန်းတေဇတို့နှစ်ယောက် အပေါ်ကနေဆင်းလာသည်။
"ကောင်း ကိုယ်တို့သွားရအောင်"
"ဟုတ်ကဲ့ သွားပြီနော်"
ကောင်းက မေတို့ကို နှုတ်ဆက်သွားသည်။မေနဲ့မရွန်းက တစ်ယောက်ကိုတစ်ယောက် ယုတ်မာတဲ့အကြည့်တေနဲ့ကြည့်နေကြသည်။ကောင်းတို့ ထွက်သွားတော့ မေတို့လည်း ထွက်လာကြသည်။
ကောင်းတို့ သွားနေတာက နေကြာပန်းခင်းဖစ်ပြီး ရွာထိပ်မှာရှိသည်။ရွာက သူတေတော်တော်များများကလည်း ဓာတ်ပုံသွားရောက်ကြသည်။နေကြာခင်းရဲ့ အရှေ့ကိုနဲနဲလေး ဆက်သွားလိုက်ရင် ဖရဲခင်းနဲ့ကြံခင်းရောပါရှိသည်။အခင်းပိုင်ရှင်ဆီမှာ သွား၀ယ်ရင် အလကားပေးလိုက်တာများသည်။တစ်ခါတစ်လေမှ ပိုက်ဆံယူသည်။
ကောင်းတို့နေကြာခင်းရောက်တော့ နောက်ကနေ မေတို့လိုက်လာမှန်းသိတာကြောင့် ဆိုင်ကယ်ကို ရပ်ပြီး သူတို့စောင့်နေသည်။
"အဟွတ်"(ကောင်း)
မေက ကောင်းတို့တွေ့တော့ ဆိုင်ကယ်ရပ်လိုက်သည်။
"အယ် ဆိုင်ကယ်ပျက်သွားလို့လား"(မေ)
မေက မသိသလိုပုံစံနဲ့မေးသည်။
"မပျက်ပါဘူး၊နင်တို့က ဘာလာလုပ်တာလဲ"(ကောင်း)
"နေကြာခင်းဆီလာတာပေါ့ဟ"(ရှိုင်းထက်)
"ဟင်း သိတယ်နော်"(ကောင်း)
"ဟဲဟဲ"(မရွန်း)
"ဘာလို့ လိုက်လာကြတာလဲ အေးအေးဆေးဆေးနဲ့နေချင်လို့ နှစ်ယောက်ထဲလာတာကို"(မော်ကွန်း)
"ဘာကို အေးအေးဆေးဆေးလည်း ငါ သိနေတယ်နော် မော်ကွန်း"(မရွန်း)
"ဟျောင့် ငါလည်းသိတယ်"(ဘုန်းတေဇ)
"ငါရောဘဲ"(ရတု)
"မေရောဘဲ"(မေ)
"ကျွန်တော်ရော"(နေလင်း)
"ချမ်းရော"(ချမ်း)
မရွန်းကနေ အစဖော်လိုက်တာ အကုန်လုံး__ရောတေ ဖစ်ကုန်ကြသည်။
"အားးးဘာဖစ်နေကြတာလဲ၊မနက်ဖန်ကြ မုန့်၀ယ်ကျွေးမယ် တခြားနေရာသွားကြပါလား"(ကောင်း)
"အယ် တကယ်လား"(မေ)
"အေး တကယ်"(ကောင်း)
"အာ့ဆို သွားရအောင်မေ မမကိုတခြားနေရာလိုက်ပို့တော့"(မရွန်း)
"ဟုတ် ဟုတ် လစ်ပြီ"(မေ)
"လစ် လစ်"(ကောင်း)
မေတို့ကို မုန့်၀ယ်ကျွေးမယ်လည်းဆိုရော အကုန်ပြန်လစ်ကုန်ကြသည်။သူတို့ကို မုန့်နဲ့ဘဲ ပြောလို့ရတာ၊မေတို့ ပြန်သွားတော့ ကောင်းတို့လည်း ဆက်သွားကြသည်။
===================================
မေတို့ဘက်က အခြေနေသိပ်မကောင်းတော့ ဂတိမတည်သလိုဖစ်သွားတယ်၊လိုင်းကလည်း ဘယ်လိုမှကိုမကောင်းတော့ upလို့မရဘူး၊မီးလည်း မလာတာသုံးရက်လောက်ရှိနေပြီကွယ်💔

You've reached the end of published parts.

⏰ Last updated: Jul 07 ⏰

Add this story to your Library to get notified about new parts!

ကောင်းရဲ့ ဘဲကြီးWhere stories live. Discover now