part-3

156 4 0
                                    

တီ~~ တီ~~တီ၅နာရီထိုးလို့ နှိုးစက်က မြည်လာသည်။တစ်စုံတစ်ယောက်က နှိုးလာပီး နှိုးစက်ကိုပိတ်လိုက်သည်။
ဒေါက်~ဒေါက်~ဒေါက်
"၀င်ခဲ့"
"ဟုတ်ကဲ့ ၊မောနင်း‌ ဘော့စ်"
"မောနင်း"
မောနင်းတစ်လုံးထဲသာ ခပ်ပြတ်ပြတ်ပြောပြီး ရေချိုးခန်းထဲ ၀င်သွားသည်။နာမည်က အာဏာမော်ကွန်း၊တရုတ်-မြန်မာကပြားဖြစ်ပြီးမော်ကွန်း ငယ်ငယ်က တရုတ်မှာမိဘတေနဲ့နေပြီး ၇နှစ်လောက်မှာ မြန်မာကိုပြောင်းလာခဲ့သည်။မော်ကွန်းက တရုတ်စပ်သောကြောင့် အသားဖြူဖြူ၊ခန္ဓာကိုယ်က ယောက်ျားပီသတဲ့ခန္ဓာကိုယ်နဲ့အရပ် ၅"၁၁လောက်ရှိသည်။အသက်က ခုမှ၁၇နှစ်ဘဲရှိပေမဲ့ သူ့ပိုင်ဆိုင်မှုတေက မနည်းပေ။မြန်မာပြည်မှာ ရောက်လာကတည်းက တစ်ယောက်ထဲနေလာပြီး အပေါင်းအသင်းမရှိပေ၊ကိုယ်ရေးကိုယ်တာကိစ္စစွက်ဖက်သူကို‌ မကြိုက်ပါ။လူက ယောက်ျားပီသတာ ပိုးဟပ်ကတော့ကြောက်သည်။
ကျွီ~~ရေချိုးခန်းတံခါးဖွင့်လာပြီးဗီရိုထဲက T-shirt အနက်နဲ့Style-pantsအနက်နဲ့ လိုက်ဖက်စွာ၀တ်ထားပြီးအိမ်အောက်ကိုဆင်းလာသည်။
"သားလေး ဒေါ်လေးမိုး breakfastပြင်ထားတယ်နော်"
"ဟုတ် ဒေါ်လေးမိုး"
"လာ  ဒေါ်လေးက သားအကြိုက်အုန်းနို့ခေါက်ဆွဲချက်ထားတယ်"
"သား စားတော့မယ်နော်"
"အေး သား၊ဒီနေ့ ဒေါ်လေးဘာဟင်းချက်ထားရမလဲ"
"ရတယ် ဒေါ်လေးမိုး မချက်တော့၊သားအပြင်မှာဘဲ စားတော့မယ်"
"အေးအေး၊ပြီးပြီလား သား"
"ဟုတ် ဒေါ်လေး၊သား သွားပြီနော်"
"ဟုတ်ပါပီကွယ်"
ထမင်းစားခန်းထဲမှထွက်ခဲ့ပြီး အခန်းထဲပြန်၀င်လာသည်။ဖုန်းမေ့နေလို့ပြန်ယူပြီး အိမ်အောက်ပြန်ဆင်းလာသည်။အောက်ထပ်တွင် နေ၀သုန်လင်းက အဆင်သင့်စောင့်နေသည်။၀သုန်သည် မော်ကွန်းနဲ့အလုပ်လုပ်လာသည်မှာ ၅နှစ်ရှိပြီဖစ်နေသောကြောင့် မော်ကွန်း အကြောင်းအကုန်သိသည်။၀သုန်က မော်ကွန်းထက် ၃နှစ်ကြီးသည်။ဒေါ်လေးမိရဲ့တူလည်း ဖြစ်သည်။
"ဘော့စ် ဒီနေ့ planတေ ကျွန်တော်ခုပြောပြရမလား"
"ဟုတ် ကို၀သုန် ခုပြောပြတော့"
"-Parogo car showroom 7:00meeting
-Burma restaurant 10:00 သွားစစ်ရန်
-Oasis shopping mall 2မှာ 1:00 ဖွင့်ပွဲစရန်
အဲ့တာဘဲဘော့စ်"
"ဟုတ်ပီ ကို၀သုန်၊ဒီနေ့လုပ်စရာသိပ်မရှိဘူးဘဲ"
"ကျွန်တော် ဘော့စ်အလုပ်မရှုပ်အောင် သေချာplanချထားတာပါ"
"တော်တယ် ကို၀သုန်"
"ကျေးဇူးပါဘော့စ်"
နောက်ဆုံးပေါ်အနက်ရောင် BMWကားလေးဟာ လမ်းမပေါ်မှာ တစ်ရွေ့ရွေ့သွားနေသည်။အောက်တိုဘာလဆိုတော့ မိုးရွာလိုက် နေပူလိုက်နဲ့ ရာသီဉတုဟာ ဖောက်ပြန်နေသည်။မော်ကွန်းကတော့ အပူဓာတ်ကို မခံနိုင်တော့ ချွေးအနည်းထွက်နေသည်။နှာတံချွန်ချွန်၊မေးရိုးကားကားနဲ့မျက်ခုံးမွှေးထူထူတို့က ယောက်ျားပီသပုံကို ဖော်ညွှန်းနေသလိုပင်။အနက်ရောင်ကိုသာအများဆုံး၀တ်ဆင်သောကြောင့် အဖွေးဖွေးနှင့် လိုက်ဖက်လွန်းသည်။(ချောလိုက်တာ ခိုခိုရယ်🤭💗)မျက်လုံးကလည်း အညိုရောင်တို့‌ဖြစ်တာကြောင့် မမတို့ ညီမလေးတို့ typeမျိုးဖြစ်နေသည်။၀သုန်နောက်ခန်းထဲက ဘော့စ်ကို လှမ်းကြည့်မိတော့ ချွေးများအလွန်ထွက်နေသည်ကိုတွေ့ရသောကြောင့်
"ဘော့စ် အဲကွန်းမြှင့်ပေးရမလား"
"ဟုတ် ကို၀သုန်၊အဆုံးထိ မြှင့်ပေးပါ၊ဒီနေ့မှ ရာသီဉတုက တအားပူနေတာ"
"ဟုတ်တယ် ဘော့စ်"
(ဟား...ခုမှဘဲနေလို့ကောင်းသွားတော့တယ်။နယ်ကိုလည်း သွားရအုံးမယ်၊မိုးကုတ်ကိုပါသွားရအုံးမယ်။ငါတစ်‌ေယာက်ထဲ$လုပ်တေကို ရှုပ်နေတာဘဲ)
"ဘော့စ် ဖွင့်ပွဲကို ကိုမင်းမာန်ရယ်ကိုဘုန်းနဲ့မရွန်းတို့ကို ဖတ်ထားတယ်ဗျ"
"ဟုတ် ကောင်းတာပေါ့၊မင်းမာန်နဲ့ရွန်းနဲ့ ဘယ်နေ့က ပြန်လာတာလဲ"
"အရင်တစ်ပတ်ကလို့ ပြောတယ်ဘော့စ်၊ဘော့စ်ဆီမလာတာက မအားသေးလို့ပါတဲ့"
"အော် ဟုတ်"
(အဲ့‌နှစ်ကောင်တွေ့အုံးမယ်၊ပြန်လာတာကို ငါ့ကိုသတင်းလေးတောင်မပေးကြဘူး၊ဖွင့်ပွဲကြလာပြီး ငါ့ဆီကြ မလာဘူး။တွေ့အုံးမယ်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
     (ကျော်မယ် ခွမယ်)
၁နာရီထိုးလို့ ဖွင့်ပွဲမှာလည်း လူစုံနေပြီ၊ဖွင့်ပွဲဆိုတော့ ဖိတ်ထားတဲ့ဧည့်သည်တေရော၊အပြင်ဧည့်သည်တေပါ ရှိသည်။ပွဲက မကြာခင်စတော့မယ်ဆိုတော့ မော်ကွန်း ပြင်ဆင်နေရသည်။အပြာနုရောင် suitနဲ့မော်ကွန်းသည် အလွန်ကို ကြည့်ကောင်းနေသည်။ဒေါက်~ဒေါက်~ဒေါက်
"ဟျောင့် မော်ကွန်း၊ငါတို့ရယ်"
"၀င်ခဲ့လေ နွားတေရဲ့"
"လိ့ကို နွားလား"
"ဟားဟား"
"မော်ကွန်း နင်ချောလှချည်လားဟဲ့"
"ဘာမှလာ‌မြှောက်မနေနဲ့၊နင့်တို့နှစ်ယောက်ကို ကျေနပ်တာမဟုတ်ဘူး"
"ဟဲဟဲ ငါတို့က မအားလို့ပါနော့် မင်းမာန်ရယ်"
"အွန်း ဟုတ်တယ် ငါတို့က ရောက်ရောက်ချင်းမင်းဆီလာမို့ဘဲ အရေးကြီးလို့ ဆေးရုံကိုသွားရတာ"
"ထားပါတော့"
မော်ကွန်းရယ်၊မင်းမာန်ရယ်၊ကိုဘုန်းရယ်၊မရွန်းတို့က ငယ်သူငယ်ချင်းတေဖြစ်ကြသည်။‌ကျောင်းမှာလည်း အတန်းတူ၊အိမ်ချင်းကလည်းနီးသည်။
 
  "အားလုံးဘဲ မင်ဂလာပါရှင့်၊မကြာမှီအချိန်မှာ ဖွင့်ပွဲစတင်တော့မှာဖြစ်ပါသောကြောင့် အသိပေးအပ်ပါသည်။ဖွင့်ပွဲမစခင်မှာ Oasisရဲ့CEO
ကိုအာဏာမော်ကွန်းကနေ မိတ်ဆက်မှာပါရှင့်"

   "မင်ဂလာပါဗျ၊ကျွန်တော်ကိုတော့ အားလုံးသိမယ်လို့ထင်ပါတယ်ဗျ၊ကျွန်‌တော်တို့ဖွင့်ပွဲကို လာရောက်ပေးလို့ ကျေးဇူးပါဗျ၊ကျွန်တော်တို့ဘက်ကလည်း ၀ယ်သူစိတ်တိုင်းကျအောင် ပြုလုပ်ပေးသွားမှာပါဗျ၊‌ကျေးဇူးပါ"
    "ခုကတော့ CEOကိုမော်ကွန်းရဲ့မိတ်ဆက်ခြင်းလေးပြီးသွားပြီဆိုတော့ ဖွင့်ပွဲကြီး စတင်ပါပြီရှင့်"
 
   မော်ကွန်းရယ် ဖိုးဖိုးရယ် ဖဲကြိုးဖြတ်ကြသည်။ဖျော်‌ဖြေရေးတွက် မော်ကွန်းမြေတောင်မြှောက်ပေးလိုက်တဲ့ ဟန်စစ်သွေးနဲ့အခြားအဆိုတော်တေလည်း ဖျော်ဖြေကြသည်။ဟန်စစ်က နာမည်ကြီးတာမကြာသေးပေမဲ့ ရုပ်‌ရည်ချောမောမှုကြောင့် social mediaမှာ ရေပန်းစားလာသည်။ဟန်စစ်ကို လာကြည့်တဲ့အဖွဲ့တစ်ဖွဲ့လည်း စင်အောက်မှာရှိသည်။မေနဲ့ချမ်းသည် ဟန်စစ် fanအကြီးစားဖစ်သည်။ဟန်စစ်ပေါ်လာကတည်းက အားပေးလာကြသည်။အိမ်ကိုပူဆာပြီး လာအားပေးကြသည်။

ကောင်းရဲ့ ဘဲကြီးWhere stories live. Discover now