part-14

100 2 0
                                    

၀ုတ် ၀ုတ် ဝေါင်း ဝေါင်း
ဂီး ဂီး
ခွေးနှစ်ကောင် နေလင်းရှိတဲ့ သစ်ပင်အောက်မှာ ရှိနေသည်။
"အား အမေရေ သားကို ကယ်ပါအုံး ခွေးကိုက်ခံရလို့ မသေချင်သေးဘူး အီးဟီး"
ထိုချိန် ခြံစောင့် ဦးလေးကြီး ရောက်လာသည်။
"ကလေးတေ ဘာလုပ်တာလဲ"
"ဟာ ဦးလေး သားတို့ကို ကယ်ပါအုံး"
"အေးအေး မင်းတို့က ဘာလာလုပ်တာတုံး၊သရက်သီး လာခိုးကြတာမလား"
"အယ် အယ်"
"မဟုတ်ဘူး ဦးလေး သမီးတို့က လာဆော့တာ ခွေးတေရှိမှန်းမသိလို့"
ပုံပုံ ၀င်ပြောသည်။
"ဟေ ဟုတ်လို့လား"
"ဟုတ်ပါတယ်ဆို"
"အေးပါဦးလေး ဒီခွေးတေ ခြံထဲ သွားထည့်လိုက်မယ်"
"ဟုတ် ဦးလေး ကျေးဇူးပါ"
"အေးအေး"
ဦးလေးကြီးသွားတော့ မေတို့လည်း သစ်ပင်ပေါ်က ဆင်းပြီး အုတ်တံတိုင်းပြေးတက်ကြသည်။
"တော်သေးတယ် သရက်သီးသွားခိုးလို့ ခွေးကိုက်ခံရတယ်ဆိုပီး ကျော်မကောင်းကြားမကောင်းဖစ်တော့မလို့"
"ဟုတ်ပါဟယ် ကောင်းကြောင့်ဖစ်တာအဲ့တာ သူ့ကို ယုံလိုက်လို့ ဖစ်တာ"
"ဟုတ်တယ် ဟုတ်တယ်"
အကုန်လုံးက မေပြောတာကို ထောက်ခံကြသည်။
"ဟာ နင်တို့ကလည်း ငါလည်း ခွေးရှိမှန်းမှမသိတာကို"
"သူကြ အရင်တက်ပြေးတာ"
"ဟဲဟဲ"
"ပြန်ကြစို့ နောက်ဆို ဒီခြံကို ဘယ်တော့မှ မလာဘူး"
"ဟုတ်တယ်"
အကုန်လုံး ပုံပုံတို့မေကြီးအိမ်ပြန်လာကြသည်။သူတို့ပြန်လာတော့ ၃နာရီထိုးနေပြီ။
"ဟဲ့ ငါတို့ ဆိုဂျူလေး သောက်ရအောင် အကြောက်ပြေလေး"
ဆိုပြီး အိမ့်က ပြောလာသည်။
"အေးနော် သွား၀ယ်ရအောင်"
"ဟုတ်ပါမလား နေ့လည်ကလည်း သောက်ထားတာကို"
"ဘာဖစ်လဲ အဲ့လောက်လေးနဲ့ မမူးပါဘူး"
"အေးပါ အေးပါ"
ဆိုင်ကယ်နဲ့ထွက်ပြီး ဆိုဂျူသွား၀ယ်ကြပြန်သည်။ဆိုင်ရောက်သော အခါ
"spyလေးရော ထည့်သောက်ရအောင်"
အရက်ဂျိုးအိမ့်က ပြောလာသည်။သူမသောက်နိုင်တဲ့ အရက်တစ်ခုမှ မရှိ။
"ဟဲ့ တော်သင့်လုပ်"
"အေးပါ ငါက ဒီတိုင်းအကြံလေး ပေးတာ"
"ဘာအကြံမှမပေးနဲ့ အမြည်းကို ဘာအမြည်းလုပ်ကြမလဲ"
"မြောက်ရပ်မှာ အကင်ဆိုင်ရှိတယ် သူတို့ဘာသာကြော်ပေးတာ "
"အေး မဆိုးဘူးနော် သွား၀ယ်ရအောင်"
"အေးအေး"
မေရဲ့အကြံပေးမှုကြောင့် မြောက်ရပ်ကို ထွက်လာကြပြန်သည်။သူမသိတဲ့ မုန့်ဆိုင်မရှိဘူး။
"အမ ခြင်းလေးနဲ့ညှပ်လေးပေးပါအုံး"
"အော် အေးအေး ညီမ"
"ဟုတ်"
မေက အကုန်ကြိုက်မယ်ထင်တဲ့အကင်တေကို ရွေးထည့်နေသည်။ရွေးပြီးတော့ ကြော်ပေးမယ့်အမဆီပေးပြီး ထိုင်ခုံမှာ ၀င်ထိုင်သည်။
"ရေခဲတေ အရေပျော်ကုန်တော့မှာ"
"ဟုတ်ပါ့ဟယ် နေလင်းနဲ့ရှိင်းထက် နင်တို့ အိမ်ပြန်ပြီး ဖျော်ရည်စပ်ထားလိုက်ပါလား"
"အိမ်ဘဲ ပြန်သောက်ကြမှာလား"
"အေးလေ"
"ငါးကန်ဘက် သွားသောက်ရအောင် အေးတယ်အဲ့ဘက်မှာ"
"အေး မစိုးဘူး ဟျောင့်"
"ညီမ အကင်ရပီ"
"အော် ဟုတ် ဘယ်လောက်လဲ အမ"
"၁၂၀၀၀"
"ဒီမှာ အမ"
"ကျေးဇူးနော်"
"ဟုတ်"
အကင်ဗူးယူပီး ငါးကန်ဘက်ထွက်လာကြသည်။နေလင်းနဲ့ရှိင်းထက်က ရေခဲပုံးကို အိမ်သွားယူကြသည်။ကောင်းတို့ကတော့ ငါးကန်ရောက်တော့ နေရိပ်တဲ့နေရာရွေးထိုင်နေကြသည်။
"အေးနေတာဘဲနော်"
"ဟုတ်ပါ့ဟာ"
"နောက်ခါ မုန့်လုပ်စားရင် ဒီဘက်လာစားရအောင်"
"အေး ကောင်းတယ်"
နေလင်းနဲ့ရှိင်းထက်တို့ ရောက်လာကြသည်။နှစ်ယောက်စလုံးရုပ်လေး ကြောက်နေတဲ့ပုံလေးတေ ဖစ်နေသည်။
"ဟျောင့်တေ ဘာဖစ်လာတာလဲ"
"ဆိုင်ကယ်လဲပြီး သေတော့မလိုကွာ"
"ဘယ်လိုဖစ်တာလဲဟ"
"ဒီကောင် ရှိင်းထက်ပေါ့ ဆိုင်ကယ်မောင်းချင်လို့ဆိုပြီးပြောနေတာ နာညီးလို့ ပေးမောင်းလိုက်တာ သေတော့မလို့"
"ဟဲဟဲ"
ရှိင်းထက်က ရီပြသည်။
"မင်းက သူ့သွားယုံတာကိုး သေပေါ့"
"မသေပါဘူး"
"ပေး ရေခဲပုံး "
"အေး ရော့ရော့"
မေက ရေခဲပုံးတောင်းပြီး ဖျော်ရည်စပ်နေသည်။
"ရပါပီ အားလုံးဘဲ မျိုစို့လို့ရပါပီ"
"ဟာ"
အကုန်လုံး ပြိုင်တူထွက်လာသည်၊တိုင်ပင်မထားဘဲ။
"ဟဲ့မေ ငါခုမှ သတိရတယ် နင့်ကို ကိုစစ်က ဒီနေ့အဖြေပေးမှာမို့လား"
ပုံပုံ စကားကြားတော့ မေမျက်နှာက ၀မ်းနည်းရိပ်တေ​​ပေါ်လာပြီး မှိုင်သွားပြီး ပြောသည်။
"သူ ကောင်မလေးရသွားပီ"
"ဘာ"
ချမ်းက အံ့သြပြီး မေးသည်။
"ဘယ်သူနဲ့လဲ"
"ဂျူးနဲ့"
"အဲ့ကောင် လွန်လွန်းတယ်ဟာ၊နင့်ကို မျှော်လင့်ချက်တေ ပေးပြီးတော့ တောက်စ်"
ရှိင်းထက်က စိတ်တိုပြီးပြောသည်။
"မေ ဘာမှတွေးမနေနဲ့ နင့်ဘေးမှာ ငါတို့ရှိတယ်"
ကိုထက် စိတ်မကောင်းတဲ့ ပုံစံနဲ့ပြောနေပေမဲ့ ရင်ထဲမှာ ပျော်နေတာကို ဘယ်သူမှ မသိ။
"အဲ့အကြောင်းတေ ပြောမနေနဲ့တော့ အာရုံနောက်တယ် ဆက်သောက်ကြမယ်"
"အေး ဟုတ်တယ်"
"မေ"
ကိုထက် ခေါ်သည်။
"ဟင် ပြောလေ ကိုထက်"
"ပြောစရာရှိတယ်"
"ဟုတ် ပြောလေ"
"ကိုယ် မင်းကိုချစ်တယ်"
"ဟမ် မူးနေတာလား ကိုထက်"
"ကိုယ် မူးနေတဲ့ပုံပေါက်နေလို့လား"
"တကယ်ပြောနေတာလား ကိုထက်"
တခြားသူတေ အကုန်ငြိမ်ပေးနေသည်။ဒါပေမဲ့ အဲ့ထဲက တစ်ယောက်ကတော့ ရင်ထဲမှာ ကမ္ဘာပျက်နေသည်။
"အွန်း ကိုယ်တကယ်ပြောနေတာ ကိုယ်မင်းကိုချစ်တာ ကြာပီ၊ဒါပေမဲ့ မင်းမှာ မင်းချစ်နေတဲ့သူ ရှိနေလို့ ကိုယ်ဖွင့်မပြောသေးတာ၊ကိုယ့်ကို အဖြေပေးနိုင်မလား"
"ဟို မေ စဥ်းစားအုံးမယ်"
"အွန်း မင်းသဘောပါ ကိုယ်စောင့်နိုင်ပါတယ်"
"ဟုတ် ကိုထက်"
"အဟွတ် အဟွတ်"
မေရဲ့မျက်နှာ ခရမ်းနီသီးအမှည့်ရီးလိုကို ဖစ်နေသည်။
"အဟင်း နင်တို့နှစ်ယောက်က လိုက်တယ်သိလား"
"ဟာ နင်ကလဲ"
"ဟားဟား"
ဒီလိုနဲ့ စကားတေ ပြောပြီး အမှိုက်တေသိမ်းကာအိမ်ပြန်လာကြသည်။
===================================
အားတဲ့နေ့ကြရင် အားသလိုupပေးမယ်နော်

ကောင်းရဲ့ ဘဲကြီးWhere stories live. Discover now