part-13

68 1 0
                                    

ပုံပုံ့မေကြီးတို့အိမ်ရောက်တော့ မုန့်လုပ်ဖို့စကြသည်။အဖွဲ့ထဲမှာ မုန့်လုပ်စားတိုင်း 'မေ´နဲ့'ကိုထက်´ကဘဲ ဒိုင်ခံလုပ်ရသည်။ဘာမှမတတ်ဘဲနဲ့ ဆရာလုပ်တာက 'ချမ်း´နဲ့'ကောင်း´ မတတ်ဆရာလုပ်တာ။ကျန်တဲ့လူတေကတော့ ဂျင်းထောင်းခွေးမောင်းတောက်တိုမယ်ရပေါ့။
"ဟဲ့မေ အဲ့လိုမလုပ်နဲ့ အဲ့လိုလုပ်ရင် ကြာနေမှာပေါ့"
မေက ခေါက်ဆွဲကို ရေနွေးမဆူရင် ထည့်လို့ ကောင်းက ဆရာရီးလာလုပ်သည်။
"လျှာရှည်တာ ငါဘာသာ ဘယ်လိုလုပ်လုပ်ပေါ့ အဓိကမျိုရရင်ပြီးရောမလား၊ဒီလိုလုပ်တာက ပိုမြန်တယ်ဟဲ့"
"အေးပါ နင်ကလည်း ပြောပြတာကို"
"ငါလုပ်တတ်တယ်၊ဘာမှမလုပ်တတ်ဘဲနဲ့ ဆရာလာလုပ်နေတယ်"
"မလုပ်တတ်ဘူးလို့ ဘယ်သူပြောလဲ"
"လုပ်တတ်ရင် လာလုပ်၊လာ လာ"
"ငါက ဖျော်ရည်စပ်ပေးရအုံးမှာမို့ သွားပြီ"
"အပိုတေ ဖျော်ရည်လည်း ငါစပ်ပေးရမှာကို"
"ဟဲဟဲ"
မေကို ဆရာလုပ်ပီးတော့ ကိုထက်ကို ဆရာသွားလုပ်သည်။
"ကိုထက် ကြက်ဥကို မကျက်တကျက်ကြော်နော် အဲ့တာမှ စားကောင်းတာ"
"မင်းလာကြော်မလား ငါဘာသာဘယ်လိုလိုကြော်ကြော် စားရ ပြီးရောမလား"
"ကိုထက်ကလည်း ငါက ပိုစားကောင်းအောင်လို့ ပြောပြတာပါ"
"တော် အာရုံလာမနောက်နဲ့ ကိုယ့်ဘာသာထိုင်နေပါ ကောင်းရ"
"ငါက မင်းတို့ ပျင်းနေမှာမို့လို့ပါ"
"မပျင်းပါဘူးကွာ"
"အေးပါဟ"
(ဟွန့် စေတနာနဲ့လည်း ပြောရသေးတယ်၊စေတနာကို ခွေးစားတယ်ဆိုတာ ဒါမျိုး)
   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိနစ်ပိုင်းနဲနဲကြာသော်
"ရပါပီရှင့်၊အကိုတို့ အမတို့သုံးဆောင်ကြပါ"
မေက ခေါက်ဆွဲပန်းကန်ယူလာပြီးပြောသည်။
"မေ ဖျော်ရည်စပ်ရအုံးမှာလေ"
"အယ် ဟုတ်သား မေ့နေတာ"
ကိုထက်သတိပေးလိုက်မှ သတိရပီး ဖျော်ရည်စပ်ပေးနေသည်။spyရယ် ရေခဲရယ် အရင်ထည့်ပီးမှ အသီးထည့်သည် အသီးပီးမှ sunkistထည့်ပြီး မွှေသည်။
"ရပီ ခွက်တေပေးကြ ထည့်ပေးမယ်"
"ဟုတ်ကဲ့"
အကုန်လုံးကို ဖျော်ရည်ထည့်ပေးပြီး  စားကြသည်။
စားပြီးတော့ ပန်ကန်ဆေးဖို့ စငြင်းကြသည်။ဒါက ထုံးစံလို ဖစ်နေပီ။
"မေ နင့်အများဆုံးစားတာ နင်ဆေး"
"ဟ ငါက လုပ်ပေးရတာလေ ခေါက်ဆွဲလည်း ငါ၊ဖျော်ရည်စပ်လည်း ငါလေ၊"
"ဟုတ်သားဘဲ၊အာ့ဆို မေနဲ့ကိုထက်ကလွှဲ ကျန်တဲ့သူတေ စုံစွမ်စိ ချမယ် ရှုံးတဲ့လူ သွားဆေးရမယ်"
"ဟုတ်ပီ"
စုံစွမ်စိချပီးတော့ အိမ့်က ရှုံးသွားသည်။အိမ့်က သူရှုံးတော့ မျက်နှာက ဆူပုပ်နေသည်။အကုန်လုံးက ၀ိုင်းစနေကြတော့ ပိုဆိုး။
"ဟဲ့ ဆေးကျောင်းသူလေး သွားတော့လေ"
"အေးပါ သွားပီ"
အိမ့်က ပန်းကန်သွားဆေးသည်။ခနကြာတော့ အိမ့်က အော်ပြီးပြေးလာသည်။
"အမေ့ရေ"
ကောင်းတို့ စကားပြောနေတုံး အိမ့်အော်သံကြားလို့ ထကြည့်နေတော့ အိမ့်ကို ကြက်မရီးက လိုက်ခွပ်နေသည်။အိမ့်ဆီ မသွားကြဘဲနဲ့ ထိုင်ရီနေကြသည်။
"အား......ကယ်ကြပါအုံး၊ဟဲ့ ငါ့ကို ကယ်အုံး"
အိမ့်လှမ်းခေါ်မှ အကုန်လုံး ထပီး ကြက်မရီးလှမ်းခြောက်တော့ ကြက်မရီးက ပုံပုံဆီ လိုက်မခွပ်ပြန်သည်။
"အား.....ဟဲ့လုပ်ကြအုံး ငါ့​ေနာက်လိုက်လာပီ"
မေက သွားခြောက်တော့ မေနောက်ပြန်လိုက်လာသည်။
"နင့်မေစောက်ကုပ် လုပ်ကြပါအုံးငါဆီလာနေပီ"
မေက သစ်ပင်ပေါ်တက်ပြေးတော့ ကောင်းကို လိုက်ခွပ်သည်။
"လခွမ်း ငလိုးမကြက် ငါ့နောက်မလိုက်နဲ့၊ငါ့နောက်မလိုက်နဲ့လို့"
ကောင်းက လွှင့်နေအောင်ပြေးသည်။ကောင်းပြေးနေတုံး ပုံပုံဦးလေးက ကြက်မကို ဖမ်းလိုက်သည်။အဲ့ကြမှ ကောင်းလည်း ပြေးတာရပ် မေကလည်း သစ်ပင်ပေါ်က ဆင်းလာသည်။
"ဘယ်လိုဖစ်ကြတာလဲဟ"
ပုံပုံဦးလေးက မေးသည်။
"သူ့ကြောင့်လေ"
ဆိုပြီး ချမ်းက အိမ့်ကို လက်ညိုးထိုးပီးပြောသည်။
"ဘာဆိုင်လို့လဲ "
"ဆိုင်တယ်လေ နင်နောက်လိုက်လာတာလေ ကြက်မက"
"မင်းက ဘာသွားလုပ်လိုက်တာလည်းဟိုက လိုက်ခွပ်အောင်"
"သမီးက ကြက်ပေါက်လေးကို ရေနဲ့ပက်လိုက်တာ သူက လိုက်ခွပ်"
အိမ့်ကလည်း ဖစ်ပုံကိုပြောပြတော့ အကုန်လုံးက 'ဖင်ယားတာ သေပေါ့´လို့၀ိုင်းပြောကြသည်။
"သေဘူး"
"ဟဲ့ ပျင်းတာ ဘာတိုင်းဆော့ရင် ကောင်းမလဲ"
လင်းခန့်က စကား၀င်ပြောသည်။
"ခန ငါ့ရဲ့ရွှေဦးနှောက် သုံးပြီးစဥ်းစားလိုက်အုံးမယ်"
ရှိင်းထက်က ပြောသည်။
"ဘာကို ရွှေဦးနှောက်လည်း ပုဇွန်ဦးနှောက်ကများ"
"ဟာ ချမ်း ငါနင့်ကိုမပြောဘူးနော်"
ချမ်းက လျှာထုတ်ပြောင်သည်။
"ငါ အကြံရပီ"
ကောင်းက မတ်တပ်ရပ်ပီး ပြောသည်။
"ဘာလဲ"
"နင့်တို့ သရက်သီးစားချင်လား"
"အေး စားချင်တယ်"
"ဟုတ်ပီ မကြင်ဇော်ကွင်းထဲက သရက်သီးသွားခူးရအောင်"
"ဟဲ့ ဟုတ်ပါ့မလား၊မိသွားရင် ဒုခ"
"​ဘာဖစ်လဲ မိတော့၊သရက်သီးဖိုး လျော်ပေးလိုက်မှာပေါ့ ဦးနှောက်သုံး ချမ်းပု"
"အေးနော် ဟုတ်သားဘဲ"
"သွားကြစို့"
"အေး"
အဖွဲ့လိုက် ဆိုင်ကယ်ကိုယ်စီနဲ့ မကြင်ဇော်ကွင်းဆီ ထွက်လာကြသည်။မကြင်ဇော်က တကယ်တမ်းဆို ကောင်းတို့ မေကြီးထက်တောင်အသက်ကြီးသည်။ရွာထဲက မကြင်ဇော်လို့ ခေါ်လို့ အဲ့လိုခေါ်တာဖစ်သည်။မကြင်ဇော်ရဲ့မြေကွက်ကြီးထဲမှာ သရက်ပင်တေ အများရီးရှိသည်။သရက်သီးတေလည်း အများကြီးသီးနေသည်။
"ဟဲ့ ဟုတ်ပါ့မလားနော်"
မေက စိုးရိမ်နဲ့လေသံဖြင့်ပြောသည်။
"ဟုတ်တယ် လာတက်"
အုတ်တံတိုင်းပေါ် ခွပြီးတက်ရသည်။အကုန်လုံး အောက်ရောက်တော့ ခွေးတေက ​ေ၀ါင်း ​ေ၀ါင်း ဆိုပီး ကောင်းတို့ ပြေးလာသည်။
"ဟဲ့ရေ ဟိုမယ် ခွေးတေ အများရီးဘဲ ငါတို့ဆီ လာနေပီ ပြန်တက် ပြန်တက်"
မေက ပြောတော့ ပြန်တက်နေတုံး ခွေးတေက နီးလာသည်။
"ပြေး ပြေး သစ်ပင်ပေါ် တက်ပြေးကြ"
ကောင်းနဲ့ရှိင်းထက်ဘဲ အပြင်ရောက်သွားသည်။ကျန်တဲ့သူတေကတော့ သစ်ပင်ပေါ်တက်ပြေးနေကြသည်။
===================================
ဒီတစ်ခေါက်တော့ ဒီလောက်ဘဲနော်💜

ကောင်းရဲ့ ဘဲကြီးWhere stories live. Discover now