အပိုင်း ၃၄ / ၃၅

649 10 0
                                    


ပိုင်း ၃၄




မေ့မေ့က ခေါင်းခါလိုက်သည်။ " မသွားခဲ့ဘူး။ ဒါပေမယ့်  တပ်ကိုတော့ ဖြတ်ခဲ့တယ် "

သူမပြောပြီးတဲ့နောက်မှာ ခေါင်းကုတ်လိုက်ပြီး မျက်ခုံးကို မြှင့်လိုက်ကာ ပျော်ပျော်ရွှင်ရွှင်ပြောခဲ့သည်။
" စကားမစပ် ဦးစီးအရာရှိ၊ သမီးတို့ ဦးစီးအရာရှိနဲ့ ဒေါက်တာလုကို စစ်တပ်ဂိတ်မှာတွေ့လိုက်တယ်!"

" ဘယ်အချိန်တုန်းကတွေ့တာလဲ" ဒါက သေချာပေါက်ကို ကျန်းရှောက်ယွီ မေးချင်တဲ့ဟာပင်။

" အဲ့ဒါက ဦးစီးအရာရှိတို့နှစ်ယောက် စကားပြောနေတဲ့အချိန်တုန်းက " မေ့မေ့က ပါးစပ်ကိုကာပြီးပြုံးလိုက်ကာ သူမမျက်လုံးတွေက ကွေးတက်သွားပြီး မေးခဲ့သည်။

" ဒေါက်တာလု ငိုပြီးတော့ အဝေးကိုထွက်သွားတာ တွေ့လိုက်တယ်။ ဦးစီးအရာရှိ ဘာလို့ သူမ ငိုသွားတာလဲ?"

" သူငိုချင်လို့ငိုတာပေါ့၊ ဘာကြောင့်လဲဆိုတာ ငါကဘယ်လိုသိမှာလဲ " သူပြောပြီးတဲ့နောက်မှာ ကောင်မလေး‌ရဲ့ခေါင်းကို ပွတ်လိုက်ပြီး ရုတ်တရက် လှည့်ထွက်သွားသည်။

ဟေး- သမီးစကားနည်းနည်းဘဲပြောရသေးတာ ဘာလို့ထွက်သွားတာလဲ?

" ဟမ့်, အရမ်းကောင်းတယ် သူမကိုဘာလုပ်လိုက်လို့ ငိုသွားလဲဆိုတာ တစ်ခုခုပြောခဲ့သင့်တာကို " မေ့မေ့က ခြေဆောင့်လိုက်ပြီး ချင်းဟူဆီ လှည့်ကြည့်ကာ မေးခဲ့သည်။

" ဟုတ်တယ်မဟုတ်လား? ဦးစီးအရာရှိက သူမ ငိုသွားအောင်လုပ်ခဲ့မှာဘဲ "

ချင်းဟူက လှည့်မကြည့်ဘဲ ဝါးခြင်းတောင်းထဲမှာ ဆားနယ်ထားတဲ့ ငါးတွေကို သပ်သပ်ရပ်ရပ်စီနေခဲ့သည်။

" သူမ ကို ဘယ်သူငို‌အောင်လုပ်လဲဆိုတာ ပြဿနာရှိလို့လား? နင်နဲ့လည်းမဆိုင်ဘဲနဲ့ "

" နင်ပြောနိုင်လို့လား?" မေ့မေ့က ဒေါသတကြီး ခြေဆောင့်လိုက်သည်။ " ရတယ်၊ ရတယ် ငါနဲ့မဆိုင်ဘူး။ နင်ကအရမ်းပျင်းစရာကောင်းတဲ့လူဘဲ "

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ (ဘာသာပြန်)Where stories live. Discover now