အပိုင်း ၄၃ / ၄၄

666 75 1
                                    


၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၄၃





ဒါက မစ်ဟုန်ရဲ့ မြင်ကွင်းအောက်ကနေ မထွက်ခင်အထိဘဲဖြစ်သည်။ ဒီ ကွေ့ကွေ့ကောက်ကောက် လျှောက်‌နေတဲ့ အမျိုးသားက သူ့ရဲ့အရောင်မှန်ပြလိုက်တာပဲ၊ သူ့ခန္ဓာကိုယ်က စတီးချောင်းထက်တောင် ဖြောင့်နေသေးတယ်!

မုန့်ယန်က ဟွန့်ခနဲ့ နှာမှုတ်လိုက်ပြီး အားရပါးရရယ်လိုက်သည်။ " ရှင် ဟန်ဆောင်နေတာ ကျွန်မသိတယ် "

...

ညလေလေးက ဖြည်းဖြည်းချင်းတ်ိုက်ခတ်နေကာ လန်းလန်းဆန်းဆန်း အေးမြမှုကို ယူဆောင်လာသည်။

ညရှစ်နာရီရှိနေပေမယ့်လည်း ကျန်းရှောက်ယွီက မုန့်ယန်ကို ကမ်းခြေဘက်ခေါ်လာခဲ့ကာ ဘေးချင်းကပ်ရပ် အဆုံးမရှိတဲ့ ပင်လယ်ပြင်ကို ကြည့်နေလိုက်သည်။

" ကြည့် အဲ့ဒါဘာလဲ?"

ကျန်းရှောက်ယွီက သူမ ညွှန်ပြတဲ့လက်ဦးတည်ရာကို ကြည့်လိုက်တော့ ပြင်လယ်ပြင်မှာ အလင်းရောင်လေးရှိနေကာ အလင်းရောင်ထဲမှာ အရာသေးသေးလေးက လှုပ်ယိမ်းနေသည်။ ဓာတ်ဆီ စည်ပိုင်းလိုပုံစံနဲ့ စည်ပိုင်းမှာ မှန်နဲ့ကာထားသည်။

သို့ပေမယ့် လေနဲ့လှိုင်းတွေကြောင့် အဲ့ဒီအရာလေးက ရေထဲမှာပဲ မျှောနေခဲ့သည်။

" အချက်ပြမီး " သူက ပြန်ဖြေလိုက်သည်။

"အချက်ပြမီး? ဘာအတွက်လဲ?" 

" လမ်းပြတဲ့ အနေနဲ့သုံးတာ။ နေ့ဘက်မှာဆို အဲ့ဒါကိုတွေ့ဖို့မလွယ်ပေမယ့် ညဘက်မှာတော့ သူ့ဘာသာမီးလင်းတယ် " ပင်လယ်လေက နည်းနည်းကြမ်းလာတော့ သူ့အသံက နည်းနည်း မကြည်မလင်ဖြစ်သွားသည်။

မုန့်ယန် စကားဆက်ပြောမလို့ဘဲရှိသေး ကျန်းရှောက်ယွီက ဆက်ပြောလာသည်။ " အဲ့ဒါကိုမကြည့်နဲ့တော့။ အဲ့ဒါက ပိုးဟပ်လိုပဲ။ အဲ့ဒါက လေတွေလှိုင်းတွေလည်း မကြောက်ဘူး သင်္ဘော‌ ဘယ်လောက်ကြီးကြီး မင်းအဲ့ဒါကိုကြည့်လိုက်ရင် ဒီတိုင်းဘဲရှိနေတာ "

သေးငယ်တဲ့အရာလေးက ကြီးမားတဲ့ကွာခြားကို လုပ်ခဲ့သည်။

ပင်လယ်ထဲက အရာတွေဆီ ရောက်လာတဲ့အခါ ကျန်းရှောက်ယွီမှာ ပြောစရာအများကြီးရှိသည်။ သူက သူကျွမ်းကျင်တဲ့ နယ်ပယ်မှာတော့ အားလုံးနီးပါး ကောင်းကောင်းသိပြီး ဒီလို သိမြင်နှံစပ်တာက မုန့်ယန်အတွက် ရှင်းမပြနိုင်လောက်အောင် သူ့ကို ပိုပြီး လေးစားသွားစေသည်။

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ (ဘာသာပြန်)Where stories live. Discover now