အပိုင်း ၂၈

1K 125 1
                                    

Unicode

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၂၈



မုန့်ယန်က ရှက်သွေးဖြာနေတာ မဟုတ်ပေ။ ရုတ်တရက် လန့်သွားတာကြောင့် သွေးကတက်လာတာပင်။

တပ်က တောင်တစ်ဝက်မှာ ဆောက်ထားပေမယ့်လည်း သူတို့က ဧရိယာ အကြီးကြီးကို ကာထားသည်။နောက်ဆုံးတစ်ကြိမ်သူမ ရောက်လာတုန်းက စစ်သားလေးတွေ လမ်းမပြရင်တောင်မှ သူမ နေရာကို ရှာတွေ့သေးသည်။

ကျန်းရှောက်ယွီရဲ့ ရုံးခန်းက တခြားဒါရိုက်တာတစ်ယောက်နဲ့ မျှသုံးရတာဖြစ်ပြီး အဲ့ဒီဒါရိုက်တာကလည်း မုန့်ယန် လာတဲ့အချိန် အဲ့ဒီမှာ အလုပ်လုပ်နေသည်။

"မင်္ဂလာပါ ဒါရိုက်တာ " သူမက ဒါရိုက်တာကို အရင်နှုတ်ဆက်လိုက်ပြီးမှ ကျန်းရှောက်ယွီကို ကြည့်လိုက်သည်။ " ဦးစီးအရာရှိ"

ဒါရိုက်တာကို မုန့်ယန် မြင်တဲ့အချိန် မတ်တပ်ရပ်လိုက်ပြီး ကျန်းရှောက်ယွီကို ပြောလိုက်သည်။ " ဟေး၊ ကျောင်းမြေမှာ တစ်ခုခုဖြစ်နေတာကို ငါ ရုတ်တရက် သတိရသွားပြီ၊ ဒါကြောင့် ငါအရင်သွားတော့မယ် "

မုန့်ယန်က ဒါရိုက်တာကို မင်သက်စွာနဲ့ကြည့်နေမိပြီး အမြန် သူက ရုံးခန်းထဲက ထွက်သွားသည်။

" ဝင်လာခဲ့" သူမမှာ တွေးတောနေဖို့ အချိန်မရှိတဲ့အတွက် ကျန်းရှောက်ယွီက သူမကို ခေါ်လိုက်သညိ။

"ရဲဘော်ကျန်း" တကယ်တော့ သူမ အခြားသူတွေခေါ်သလိုမျိုး ဦးစီးအရာရှိလို့ မခေါ်ဖူးပေ။ အဲ့ဒါက နည်းနည်းနည်း စိမ်းသက်တဲ့ ပုံပေါ်နေသည်။

အဆုံးမှာတော့ သူမ ဖေ့လန်ကျွန်းကို လာတာက သူနဲ့လက်ထပ်ဖို့ပဲလေ။ ပြီးတော့ သူတို့ကြားက ခွဲနေတဲ့ကိစ္စကလည်း ကျွန်းပေါ်က လူတွေနဲ့မတူဘူးလေ ဟုတ်တယ်မဟုတ်လား?

နှစ်ယောက်သားက ငါးရက်ပြီးတဲ့နောက်မှာ ပြန်တွေ့ကြပြန်သည်။ ဒီနေ့မှာ သူမက အဝတ်အစား‌​ ဗြောင်တွေကို ဝတ်ထားဆဲဖြစ်ပြီး ကျစ်ဆံမြီးလေးနှစ်ခုကို ပခုံးပေါ်မှာချထားကာ တရုတ်စကားပန်းနှစ်ပွင့်ကိုလည်း ခေါင်းမှာပန်ထားသည်။ အနက်ရောင်ဆံပင်နဲ့ အဝါရောင်ပန်းတွေက ဒီနေ့မှာ သူမကို ထက်ထက်မြတ်မြတ်နဲ့ သိမ်မွေ့ပုံပေါ်စေသည်။

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ (ဘာသာပြန်)Where stories live. Discover now