အပိုင်း ၅၇

294 37 0
                                    

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၅၇

   


မကြာခင်မှာပဲ သောကြာနေ့ ညစာစားပွဲ အချိန်က ရောက်လာခဲ့သည်။ ကျန်းရှောက်ယွီက မုန့်ယန်ကို အိမ်ဆီ စောစောခေါ်ခဲ့သည်။ ကြည့်ရတာ သူတို့တွဲပြီးနောက် ပထမဆုံး တရားဝင် ဖိတ်တာ ဖြစ်ကောင်းဖြစ်လိမ့်မည်။

စွေ့ဟွားကလည်း အရင်ကနဲ့ တူတူဖြစ်သည်။ လူတွေကို တွေ့တဲ့အခါ သူမရဲ့ သွားဖြူဖြူတွေကို ဖြဲမပြခင် နှစ်ခါဟောင်လိုက်သည်။

“ဝုတ်! ဝုတ်-ဝုတ်!”


“ငါဘာပြောထားလဲ သတိရသေးလား အနာဂတ်မှာ သူ့ကို မြင်ရင် ငါ့ကိုဘဲ မြင်သလိုမျိုး ပိုပြီး ကြင်နာရမယ် သိပြီလား?” စစ်သားတွေရဲ့ သဘာဝအရ စွေ့ဟွားကို ခြောက်လိုက်တော့ သူမက ဘာအသံမှ မထွက်လာရဲတော့ပေ။


မှတ်မိတယ်!  လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါနဲ့တွေ့ခဲ့တဲ့ ဧည့်သည် မဟုတ်လား? လက်လွတ်စပယ် မကိုက်နဲ့ ဒါမှမဟုတ်ရင် သခင်ဆီကနေ ထုခံထိလိမ့်မယ်!

အဲ့ဒါကြောင့် သူမရဲ့ အရှေ့ခြေကို မြှောက်လိုက်ပြီး နှစ်ခါလောက်ခုန်လိုက်ကာ သူ့ခေါင်းကို ကျန်းရှောက်ယွီရဲ့ ဘောင်းဘီနဲ့ ရင်းရင်းနှီးနှီး ပွတ်သပ်လိုက်သည်။

ကျန်းရှောက်ယွီက သူမကို ဖြည်းဖြည်း အဝေးကိုကန်လိုက်ပြီး သူမကလည်း အရှက်မရှိ ထပ်ပြီး မှီလိုက်သည်။ ဘေးတိုက်လျှောက်နေရင်း သူက မုန့်ယန်ရဲ့ ဘောင်းဘီစကို ပွတ်လိုက်သည်။

ဒီကောင်လေးကို ယူဖို့ မုန့်ယန်က အခွင့်အရေးရသွားပြီး သူ့ရဲ့ နူးညံ့တဲ့ အမွှေးလေးကို ပွတ်လိုက်ပြီး အိမ်ထဲဝင်သွားလိုက်သည်။

“စွေ့ဟွား စွေ့ဟွားလေးက လက်မှာရောက်နေပြီ ဘယ်သူ့ကို ခေါ်ချင်သေးလဲ?”

“ဝူး-ဝူး” နင့်မှာ သခင်ရှိနေတာကို ဘယ်သူက ဟောင်ရဲမှာလဲ!


ကျန်းရှောက်ယွီရဲ့ အိမ်က အရင်အတိုင်း သန့်ရှင်းသပ်ရပ်နေတုန်းပင်။ မြေပြင်မှာ သစ်ရွက်တွေတောင် မမြင်ရပေ။ အခြားအိမ်တွေနဲ့ မတူဘဲ ငါးဖမ်းပစ္စည်းတွေနဲ့ ထင်းတွေကို ထောင့်တစ်နေရာမှာ ပုံထားပြီး ဒီမှာရှိနေတာက စွေ့ဟွားနဲ့ သူ့ရေနွေးအိုးဘဲဖြစ်သည်။

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ (ဘာသာပြန်)Where stories live. Discover now