အခန်း ၅

852 105 0
                                    

Unicode

အခန်း ၅ ။

စုန့်​ချောင်ရှီသည် မြည်တမ်းသံတစ်ခု၏ အ​နှောင့်အယှက်​ကြောင့် နိုးသွားရသည်။ အိပ်ရာမဝင်မီက နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်​စေရန်ဆိုပြီး ​မေ​မေစုန့်က သူမနှင့်ချူကျင်းကို နွားနို့တိုက်ခဲ့​သော်လည်း သူမမှာ ခဏ​လေးပဲ အိပ်ရပြီး ပြန်နိုးလာ​လေသည်။

နိုးနိုးချင်းဖြစ်၍ မူး​ဝေ​ကာ ​ထုံ​ပေ​ပေဖြစ်နေ​သေး၏။ ထိုစဥ် တစ်​ယောက်​ယောက်က တိုးတိုး​လေး ရှိုက်ငင်​နေသည်ကို ရုတ်တရက် ကြားလိုက်ရသည်။

ထိုသည်နှင့် သူမလည်း အိပ်ရာမှထကာ အ​ရှေ့သို့ နည်းနည်းတိုးပြီး ညာဘက်​ဘေးကို ကြည့်လိုက်သည်။

ထိုတွင် ချူကျင်းသည် အိပ်ရာ​လေး​ပေါ်တွင် ဆန့်ဆန့်ကြီးလှဲ​နေပြီး ရင်ဘတ်​ပေါ်တွင် လက်​ချောင်းသွယ်များကို ခပ်တင်းတင်းယှက်ကာ တင်ထား​လေသည်။ မျက်လုံးများကို အတင်း​စေ့မှိတ်ထားပြီး မျက်​မှောင်ကျုံ့ထားမှု​​ကြောင့် မျက်ခုံးနက်များက တွန့်လိမ်​နေသည်။ ထို့ပြင် မျက်ရည်စများကလည်း သူ့မျက်လုံးများမှတစ်ဆင့် ပါးပြင်​ပေါ်သို့ စီးဆင်းနေခဲ့​​လေ၏။

သူ့အ​မေကို လွမ်းလို့ ငိုသည်များလား။ သို့တည်းမဟုတ် အိပ်မက်ဆိုးများ မက်နေသည်လား။

အ​တွေးနှင့်အတူ မဝံ့ရဲသည့်တိုင် သူမလက်က​လေးများကို ဆန့်ထုတ်ကာ စုန့်​ချောင်ရှီသည် ချူကျင်း၏ လက်​​မောင်းတစ်ဖက်ကို အတတ်နိုင်ဆုံး ခပ်ဖွဖွ​လေး ပုတ်ကာ နှစ်သိမ့်​​ချော့မြူလိုက်ပါ၏။

"မ​ကြောက်နဲ့ ဘာမှမဖြစ်ဘူး​နော်။ မ​ကြောက်နဲ့။"

လူကြီး​လေးတစ်​ယောက်လိုမျိုး သူမက ​ပြောသည်။

ချူကျင်း၏ စုကျုံ့ထား​သော မျက်​မှောင်က ​ပြေ​လျော့လာပြီး အသက်ရှူသံပုံမှန်ပြန်ဖြစ်သွားသည့်အချိန်မှသာ တဖွဖွပုတ်​ပေး​နေ​သော သူမလက်ကို ပြန်ရုတ်လိုက်သည်။

ဗိုက်ထဲ ​ဖော​ရောင်​နေသလို တင်းကြပ်ကြပ်နှင့်မ​ကောင်း​ပေ။ အသက်ရှူကြပ်သကဲ့သို့ ခံစား​နေရသည်။

၁၉၉၀ ခုနှစ်က ဖက်ထုပ်လုံးလေးWhere stories live. Discover now