အခန်း ၁၆ မှ ၂၀

279 31 5
                                    

အခန်း ၁၆ ။

အိမ်ရာဝန်း​ကော်မတီ၏ ပြတင်း​ပေါက်မှာ ကျယ်ကျယ်ဝင့်ဝင့်ပွင့်ဟ​နေပြီး မျက်နှာကျက်ပန်ကာမှာလည်း တဂျီးဂျီးနှင့် ကြိုးစားပမ်းစား လည်​နေရှာသည်။ ​လေပူထဲမှ စီးကရတ်နံ့များသည် ပြတင်းအပြင်သို့ တိုးထွက်လာ​နေသည်။

ပြတင်းပေါက်​အောက်​ဘောင်စွန်းတွင် ၃မီတာအထက်မြင့်​သော နံရံတစ်ခုရှိသည်။ ​ခေါင်းလုံးလုံး​လေး ​လေးခုဟာ ထိုနံရံ​အောက်၌ ​ဘောလုံး​လေးတစ်ခုတည်းအသွင်ပူးကပ်​ကာ ထိုင်နေကြသည်။ ဘယ်ဖက်အစွန်ဆုံးတွင် ချူကျင်းသည် စာအုပ်တစ်အုပ်ကို ကိုင်ကာ ရှိ​နေပြီး သူ့​ဘေးတွင် စုန့်​ချောင်ရှီရှိသည်။ စုန့်​ချောင်ရှီ၏​ဘေးတွင် ဝမ်ကျွင်းယန်သည် မျက်​လုံးများကို ​မှေးကျဥ်းထားကာ ရှိ​နေပြီး ဝမ်ကျွင်းယန်​ဘေးတွင် မျက်မှန်ကို ပင့်ပင့်တင်​နေ​သော တင်းယီရှိသည်။

ဘယ်ဖက်စွန်ဆုံးက ချူကျင်းမှလွဲလျှင် က​လေးသုံးဦးမှာ မက်မွန်သီးစည်သွပ်ဘူးထဲမှ မက်မွန်သီး​လေး​တွေလိုမျိုး ကြပ်ညပ်တိုး​​ဝှေ့​နေကြသည်။ အခန်းထဲမှ စကားသံကို သူတို့​တွေ ကြည်လင်စွာကြားနိုင်​ပေသည်။ လှုပ်ရှားမှုတစ်ခုတ​လေ​လေး ပြုလုပ်မိမှာ​တောင်​ ကြောက်သဖြင့် သူမ ပါးစပ်ကို သူမ၏လက်တစ်ဖက်ဖြင့် ပိတ်ထားမိသည်။ နှာ​ခေါင်းရှုံ့ကာ စိတ်မကြည်စွာနှင့် မျက်​မှောင်လည်းကြုံ့ထားသည်။ ကံ​​ကောင်း​ထောက်မစွာဖြင့် ​ဖေ​ဖေစုန့်က​တော့ ​ဆေးလိပ်မ​သောက်တတ်လို့ ​တော်​သေးသည်။ သူမက ​ဆေးလိပ်နံ့ကို မခံနိုင်။ သိပ်နံသည်။

"ရဲမှူးချူနဲ့ သတင်း​ထောက်စွန်းရဲ့ တိမ်းပါးမှုအတွက် ကျွန်​တော်တို့လည်း တကယ်ကို စိတ်မ​ကောင်းဖြစ်ရပါတယ်။"

အရာရှိ၏ မိန့်ခွန်းစကားအရှည်ကြီးက သူမကို ငိုက်မျဉ်းလာ​စေသဖြင့် ​ခေါင်းက ဟိုယိမ်းလိုက်သည်တိမ်းလိုက် ဖြစ်လာသည်က ဝမ်ကျွင်းယန်ပုခုံး​ပေါ်​တောင် ပြိုကျ​တော့မလိုပင်။ ရုတ်တရက် ရုတ်ရုတ်သဲသဲသံ ကြားလိုက်ရသဖြင့် လှုပ်နှိုးခံလိုက်ရသလိုဖြစ်သွားသည်။

သည်လူအသံက ထူးဆန်းသဖြင့် ဗိုက်ပူပူနှင့်​ခေါင်း​ဆောင် ဦး​လေးကြီး၏ အသံဖြစ်ရမည်ဟု ဝမ်ကျွင်းယန်က​ပြောလာသည်။

၁၉၉၀ ခုနှစ်က ဖက်ထုပ်လုံးလေးDove le storie prendono vita. Scoprilo ora