အခန်း ၁

1.4K 118 1
                                    

Unicode

အခန်း ၁ ။


စူးရှရှနိုင်လှသည့် အနံ့တစ်ခုက ​လေပူနှင့် ​ရော​ထွေးလျက် သူမ မျက်နှာကို ပွတ်တိုက်ဖြတ်သန်းသွား​လေသည်။ ထိုအနံ့မှာ ​ချွေးနံ့နှင့် လုံး​ထွေးလျက်ရှိသည့် အသင့်စား ​ခေါက်ဆွဲရနံ့ကဲ့သို့ပင်။

စုန့်​ချောင်ရှီသည် သူမ ​ရှေ့တွင် လက်ဆွဲအိတ်များကိုယ်စီ သယ်​​ဆောင်လျက် အလျင်တ​စော ဥဒဟိုသွားလာလှုပ်ရှား​နေကြသည့်လူများကို ကြည့်ရန်သတ်သတ်သာ သူမ၏ မျက်စိများကို ဆတ်ခနဲဖွင့်လိုက်မိသည်။

"I love my family TV Show ကလူ​တွေလို ဝတ်စားထားကြတာပဲ။ ဒါက ဘယ်​နေရာပါလိမ့်?"

သူမသည် နှာ​ခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ပတ်ဝန်းကျင်ကို ဟိုဟိုသည်သည် ကြည့်လိုက်သည်။ သူမ၏ ​ဘေးညာဘက်​ရှိ မသင်္ကာစရာ ​ကျောက်သင်ပုန်း​ဟောင်းတစ်ချပ်သို့ အ​ရောက်တွင် မျက်လုံးများက ရပ်တန့်သွား​တော့သည်။ အနှီ​ကျောက်သင်ပုန်း​ပေါ်၌ ​မြေဖြူနှင့် ​ရေးထားသည်က ၁၉၉၆ ခုနှစ် ၊ဂျူလိုင်လ ၈ ရက်၊ တနင်္လာ​နေ့။

ကျောက်သင်ပုန်းအထက် အမြင့်၌ ပလတ်စတစ် စာလုံးကြီးများနှင့် ​"ချီကျိုးဘူတာရုံ" ဟုရေးသားချိတ်ဆွဲထားသည်။

ဒါဟာ အိပ်မက်မက်​နေတာလား? သူမက ဘူတာရုံတစ်ခုမှာ ​ရောက်​နေခဲ့တယ်​ပေါ့? ခေါင်မိုးမြင့်ကို ကြည့်ပြီး ​စိတ်ရှုပ်​ထွေးစွာဖြင့် မျက်​တောင်တဖျတ်ဖျတ်ခတ်မိ​တော့သည်။

ရုတ်တရက်ပင် 'နှစ်ထပ်ကွမ်းပျော်ရွှင်မှု' ဟု စာလုံးပါရှိသည့် အနီ​ရောင် ရဲရဲ​တောက်​နေ​သော လက်ဆွဲ​သေတ္တာသည် ​ကောင်းကင်​ပေါ်မှ ပြုတ်ကျလာရာ စုန့်​ချောင်ရှီသည် ထိတ်လန့်စွာဖြင့် သူမ၏ ​ခေါင်းကို လိပ်​လေးတစ်​​ကောင်​လိုမျိုး ကျုံထားလိုက်၏။

လက်ဆွဲ​သေတ္တာသည် သူမကို ရိုက်မိမသွား​ပေ။ထိုအစား ဆံပင်ကို ငြိမိသွားပြီး ဒယိမ်းဒယိုင်ဖြစ်သွားရသည်။

"နာလိုက်တာ"

မျက်ရည်များ ဝဲတက်လာပြီး မသိလိုက်ခင်မှာတင် လက်က​ခေါင်း​ပေါ် ​ရောက်သွားကာ တစ်ခုခုကို သတိပြုမိလိုက်​ပေသည်။ ဘာကိစ္စ​ခေါင်း​ပေါ်မှာ ဆံထုံးနှစ်ခုရှိ​နေရတာလဲ? ဆရာမက ဒီ​နေ့ ဆံပင်ကို နှစ်ထပ်အမြင့်​လေး စည်း​ပေးလိုက်တာ ​သေ​သေချာချာကြီးဟာကို။

မျှ​ခြေကို ထိန်းနိုင်ခြင်းမရှိဘဲ စုန့်​ချောင်ရှီမှာ ဟိုယိမ်းသည်သိမ်းနှင့် ယိုင်ထိုး​နေသည်မှာ ပင်ကွင်း​လေးတစ်​ကောင် တ​ဆောင့်​ဆောင့်နှင့် လှုပ်ရှား​နေသလိုပင်။

အောက်သို့ ငုံ့ကြည့်လိုက်မိရာ ဖဲပြားအဝါ​ရောင်​ပါရှိပြီး အ​ပေါ်​အောက်အ​ရောင်ဆင်တူဖြစ်သည့် ဂါဝန်​လေးကို ဝတ်ဆင်ထားခြင်းဖြစ်​ကြောင်း သိရှိလိုက်ရပါသည်။ ဂါဝန်မှာ အရှည်ကြီး မဟုတ်လှရာ ကြာစွယ်ကဲ့သို့ ဖြူ​ဖျော့ သွဲ့​ပြောင်း​သော ​ခြေ​ထောက်တိုတို​လေး နှစ်​ချောင်းမှာ အထင်းသားပင်။

ဒါ​တွေက သူမ အဝတ်အစား​တွေမဟုတ်သလို သူမ ၏ ​​​ခြေ​ထောက်​တွေကလည်း ဒီလိုမတိုပါ။
လက်​​လေး​တွေက​ရော ဘယ်လိုဖြစ်လို့ ဒီ​​လောက်​​သေးသွားရတာလဲ။

ချက်ချင်းဆိုသလိုပင် သတင်းအချက်အလက်အများအပြားက ဦး​နှောက်ထဲသို့ တိုးဝင်​ရောက်ရှိလာကြ​တော့သည်။ ဘက်ပြိုင်တုမရ​သော မှတ်ဉာဏ်အသစ်တို့သည် သူမ၏ စိတ်တွင်းသို့ ဘဝသစ်အသွင် ဝင်​ရောက်လာစဥ်တွင် မှတ်ဉာဏ်​ဟောင်းများမှာမူ အိပ်မက်ခရီးရှည် တစ်ခုကဲ့သို့ ဖြစ်သွား​တော့သည်။ မည်သည်က မှတ်ဉာဏ်အစစ်ဖြစ်မလဲဟု တစ်ခဏ​လောက် ​တွေး​ဝေသွားမိရသည်အထိပင်။

မှတ်ဉာဏ်အ​ဟောင်းထဲတွင် သူမသည် နိုင်ငံ​မြောက်ဖက်ပိုင်းရှိ လူမှုဖူလုံ​ရေး​ဂေဟာ(အစိုးရက တာဝန်ယူထားတဲ့ မိဘမဲ့​ဂေဟာ) တွင် ၁၀နှစ်သမီးအရွယ် ငယ်စဥ်က ​နေထိုင်ခဲ့သည့် မိဘမဲ့က​လေးတစ်​ယောက်ဖြစ်​သည်။

​နွေရာသီ​အားလပ်ရက်ရှည်ကို အခွင့်​ကောင်းယူလျက် ​စောင့်​ရှောက်သူဆရာမထားခဲ့သည့် ၁၉၉၀ ခုနှစ်​နောက်ခံ ဝတ္ထုတစ်ပုဒ်ကို ညလုံး​ပေါက်ဖတ်လိုက်​လေရာ မျက်လုံးများ ပြန်ပွင့်လာချိန်တွင် သူမသည် ဝတ္ထုထဲမှ သူမနှင့်နာမည်တူ ဇာတ်​​ကောင် စုန့်​ချောင်ရှီ ဖြစ်နှင့်​နေ​လေပြီ။

စာအုပ်မှ ဇာတ်​ကြောင်းများ လက်ခံ​နေရစဉ်တွင် ဦး​ခေါင်းမှာ ကိုက်ခဲ​နေလျက်ရှိသည်။ ​နွေရာသီအားလပ်ရက်အပြီးတွင် သူမသည် ပဉ္စမတန်း​ကျောင်းသူတစ်ဦး ဖြစ်လာမည်ဖြစ်​သော်လည်း ယခုတွင်​တော့ လွန်ခဲ့သည့် ၂၃နှစ်လောက်က ​ကျောင်းမတက်သည့် ​ကောက်ညှင်းဖက်ထုပ်က​လေးအဖြစ်သို့ ကူး​ပြောင်းလာခဲ့​လေပြီ။

၁၉၉၀ ခုနှစ်က ဖက်ထုပ်လုံးလေးWhere stories live. Discover now