အခန်း ၆

939 97 1
                                    

အခန်း ၆ ။

တင်းယီ၏ ​​ကျောင်း​ကျောပိုးအိတ်မှာ စက်ဘီးဘဲလ်များနှင့် ပြည့်သိပ်​ကာ တချွင်ချွင်တချွမ်ချွမ်နှင့် သတ္ထုချင်း ပွတ်တိုက်သံကလည်း ဆူညံလို့​နေသည်။ ထိုအရာများက စုန့်​ချောင်ရှီကို စပ်ဖြဲဖြဲပြုံးပြ​နေသလိုပင် ခံစားလိုက်ရသည်။

စုန့်​ချောင်ရှီသည် ကြက်​သေ​သေသွားကာ အသက်ရှူပင် ရပ်တန့်တော့မလိုဖြစ်သွားသည်။

မျက်​​မှောင်ကြုတ်ပြီး ပြန်စဥ်းစားကြည့်​တော့ ပထမဆုံး​ကျောင်းတက်ရက် တစ်နည်း မ​နေ့ကဖြစ်မည်။ မူလပိုင်ရှင်ထံမှာ ​ခပ်ရူးရူး ​ကြောက်စရာ အ​တွေးတစ်ခု ​ပေါ်လာခဲ့​လေသည်။

မူလပိုင်ရှင်​ရော ထို​နောက်လိုက်​လေးနှစ်​ယောက်​​​ရောက ​ကျောင်းတက်ရခြင်းကို ခါးခါးသီးသီးပင် မလိုလားကြ။ ​နွေရာသီတစ်​လျှောက်လုံးတွင် သူတို့၃​ယောက်သည် ဝမ်ကျွင်းယန်အိမ်၌ ​နေကာ ​လေ​အေး​ပေးစက်ဖွင့်ပြီး ​​ဆော့ကစားကြသည်။ သင်ကြား​ရေးဆိုင်ရာစက်ပစ္စည်းကိုလည်း "မိန်းမပျိုတစ်ဦး၏ ဒဏ္ဍာရီ"ကြည့်ဖို့သာ သုံးကြသည်။ ကြားရရုံနှင့်တင် ​ပျော်စရာ​​မ​ကောင်း​ပေဘူးလား။

မူလတန်းကြို​ကျောင်း စာသင်ခန်းများတွင် ​လေ​အေး​ပေးစက်မရှိ​ပေ။ ​ခေါင်း​​ပေါ်၌ မလည်ချင်လည်ချင်နှင့်လည်​နေ​သော ပူ​လောင်မွန်းကြပ်သည့်​လေများ ထုတ်​ပေး​နေကျ နံရံကပ်ပန်ကာများသာ ရှိသည်။ တရုတ်ဖျင်းယင်းနှင့် အ​မြှောက်အလီ ဇယားများသာရှိပြီး ထိုသည်တို့ကလည်း အင်မတိအင်မတန်ကိုမှ အလွန့်အလွန်ပျင်းရိငြီး​ငွေ့ဖွယ်​ကောင်းလှသည်။

သို့အတွက် ​ကျောင်းအလွန်ပျင်းပြီး မတက်ချင်​သော မူလပိုင်ရှင်က ​နောက်လိုက်​လေးနှစ်​ယောက်ကို အမိန့်​ပေးခဲ့​လေသည်။ ​​ဘေးက မူလတန်း​ကျောင်းတွင် စပ်ထား​သော စက်ဘီးများမှ ဘဲလ်များကို အုံလိုက်ခွာထုတ်လာပြီး အိမ်ရာဝန်းအဝင်၌ အ​ဟောင်းပစ္စည်းဝယ်သည့် ဦး​လေးကြီးထံ​ ရောင်းပစ်ရန်​ ပြောခဲ့လိုက်သည်။ ​ရောင်း၍ရသည့် ပိုက်ဆံများကို နှမ်းကပ်​ရေခဲမုန့် တစ်​ယောက်တစ်ခုစီ ဝယ်စားရန်ပင် သ​ဘောတူထား​သေး၏။

၁၉၉၀ ခုနှစ်က ဖက်ထုပ်လုံးလေးWhere stories live. Discover now