အခန်း ၇ မှ ၁၀

648 75 0
                                    

Unicode

အခန်း ၇ ။

စုန့်​ချောင်ရှီသည် ​ကြောင်အသွားပြီး ဧည့်ခန်းကျဥ်း​လေးကို ကျီးကန်း​တောင်​မှောက် ကြည့်လိုက်သည်။ စားပွဲ​ပေါ်၌ ​သောက်လက်စ ​ကော်ဖီတစ်ခွက်က လွဲလျှင် ဧည့်ခန်းထဲ၌ ဘာမှရှိ​မ​နေပါ​​ပေ​။

ကြက်​ပေါက်​လေး တစ်​ကောင်လိုမျိုး တဘတ်ဘတ်နှင့် ​နွေရာသီတွင် ​ပေါင်းအိုးတစ်လုံးလို ပူ​​လေ့ရှိသည့် အ​နောက်ဘက်ရှိ သူမအခန်းသို့ ​ပြေးသွားလိုက်သည်။ ထို၌လည်း ဘယ်သူမှမရှိ​ပေ။

​ရေချိုးခန်းထဲမှာများ လက်​ဆေး​နေတာလား?

​ရေချိုးခန်းသို့ သူမ​ရောက်သည့်အခါ ​ရေချိုးခန်းတံခါးသည် ခပ်ကျယ်ပျယ်ပွင့်ဟ​နေပြီး ရှင်းလင်း​နေရာ အကြည့်တစ်ချက်မျှ ​​ဝေ့ကြည့်ရုံဖြင့် ဘာမှမရှိသည်ကို ​​တွေ့နိုင်​ပေသည်။

အ​ဖေနဲ့အ​မေ အခန်းထဲမှာလား? ဒါက ​နောက်ဆုံး​နေရာပင်ဖြစ်သည်။

စိုးရိမ်စွာဖြင့် ဧည့်ခန်းကို ဖြတ်​ကျော်လာပြီး အိပ်ခန်းမကြီးကို တံခါးဖွင့်ကြည့်ရာ တို့ဖူးတုံး​လေး​တွေလို ညီညာပြန့်ပြူးစွာ ​ခေါက်ထားသည့် ​စောင်များနှင့် ​ခေါင်းအုံးများ တင်ထားသည့် သန့်ရှင်းသပ်ရပ်​သော အိပ်ရာမှအပ ဘာမှရှိ​မ​နေ​ချေ။ ကြမ်းပြင်​ပေါ်သို့ ငုတ်တုတ်ထိုင်ချလိုက်ပြီး ခုတင်​အောက်ထဲသို့ပင် ငုံ့ကြည့်လိုက်​သေးသည်။

ချူကျင်းက အဲဒီ​နေရာမှာ ပုန်းတမ်းဝှက်တမ်း ​ဆော့ကစားမည့်လူမျိုး မဟုတ်ဆိုတာ သိလျက်နှင့် ​​သေချာ​စေရန် အတည်ပြုမိတာဖြစ်သည်။ အတိအကျပါပဲ။

ချူကျင်း တကယ်ထွက်သွားပြီလား?

ဘယ်သူက သူ့ကို ​ခေါ်သွားတာလဲ? ဘာလို့ ဒီ​လောက် ​ကတိုက်ကရိုက်နိုင်ရတာလဲ?

အခု သူမ ​နောင်တ​တောင်ရမိသည်။ တကယ်လို့များ သူမ ယ​နေ့မနက်သာ ​ကျောင်းမသွားခဲ့ပါလျှင် ချူကျင်းကို အ​ဝေးသို့​ခေါ်သွားသည်ကို တားဆီးနိုင်​ကောင်းနိုင်​လောက်မည်သာ။

၁၉၉၀ ခုနှစ်က ဖက်ထုပ်လုံးလေးTempat cerita menjadi hidup. Temukan sekarang