သူမအတွက်တော့ ဘဝဆိုတဲ့အဓိပ္ပာယ်က ထိုလူသားလေးဆီကနေစတယ် ။
သူမရဲ့ ပျော်ရွင်မူ၊ ဝမ်းနည်းမူ၊ အရာအားလုံး အားလုံးက ထိုလူသားလေးပါလာတဲ့ နွေဦးလေးကနေစတယ်။ပန်းတွေဟာ နွေဦးရောက်မှ အပြိုင်ပွင့်လန်းကြသည်တဲ့။
သူမအတွက်တော့ ပန်းတွေဟာ အချစ်ကြောင့်ဥတုတိုင်းမှာ ပွင့်ပါတယ် ။အချစ်အကြောင်းတွေ ဖွဲ့နွဲ့မပြောကြပေမယ့် သူမတို့နှစ်ယောက်ရဲ့နှလုံးသားတွေဟာ အလိုလိုသိနေခဲ့ကြတယ်
နှလုံးသားတွေအချင်းချင်း နီးစပ်လာကြပြီဆိုတာအင်း ဒီဇာတ်လမ်းလေးက ဘယ်ကစပါလိမ့်
သူမအရမ်းကြိုက်တဲ့ နွေဦးလေးကနေလား..........
ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေလျှက်။ နွေဦးရဲ့ ဖြတ်ပြေးနေကျ လေရူးတွေကလွဲရင်ပေါ့။ ရနံ့ပေါင်းစုံကို သယ်ဆောင်လာတဲ့ လေပြည်အေးအေးလေးဟာ မြက်ခင်းစိမ်းလေးတွေကို ဖြတ်ပြီး သူမရဲ့အခန်းဆီ ဝင်လာတယ်။ အဖြူရောင်ခန်းစည်းလိုက်ကာလေးတွေဟာ လေအဝှေ့မှာ တလွင့်လွင့်။ နွေဦးရဲ့သင်္ကေတတွေပေါ့။
လေတစ်ချက်ဝှေ့သွားလိုက်တိုင်း လစ်ဟာသွားတဲ့ လိုက်ကာစတွေကြားကနေ ခြေဖုဝါးနုနုလေးကို မြင်နေရတယ်။ အဖြူရောင်ပန်းမွေ့ယာကြီးထဲမှာ လဲလျောင်းနေတဲ့ မိန်းမပျိုလေးကိုလည်း အဖန်များစွာ မြင်ရပါလိမ့်မယ်။
ထိုမိန်းမပျိုလေးဟာ နွေဦးကို တစ်ဖန် အိမ်မက်,မက်နေတဲ့ပုံပါဘဲ။' ဒုန်း....ဂလုန်း '
လေနဲ့အတူပါလာသည့် ဆူညံသံတစ်ချို့ဟာ သူမရဲ့ နွေဦးအိမ်မက်တွေကို ဖျက်ဆီးပစ်လိုက်ပုံ။ မျက်တောင်ရှည်လေးတွေဟာ လှုပ်ခတ်လာတယ်။ သတိတရနဲ့ လက်ကောက်ဝတ်လေးဆီမှ နာရီကို ပင့်ကာကြည့်မိတော့ နေ့ခင်း2နာရီ ကျော်နေပြီ။ သူမသာ အမှတ်မမှားဘူးဆိုရင် ဆေးအရှိန်ကြောင့် အိပ်ပျော်သွားတာဟာ နာရီဝက်လောက်ဘဲ ရှိပါလိမ့်အုံးမည်။
' ဟဲ့ ဖြည်းဖြည်းချ။ ကျိုးကုန်မယ်။ '
ဘေးဘက်အိမ်က အသံတိုးတိုးကို သူမထပ်ပြီး ကြားရပြန်တယ်။ ကြည့်ရတာ အိမ်ပြောင်းတွေ ရောက်လာပြီထင်ရဲ့။ ထိုအရင်ခြံပိုင်ရှင်တွေဟာ လွန်ခဲ့တဲ့ရက်တွေကတည်းက ခြံကို သန့်ရှင်းရေး လုပ်နေခဲ့ကြတာပင်။ ပြီးတော့ အိမ်ပြောင်းတွေရောက်မည်ဟု လေးနု(ထမင်းချက်အကူ)ဆီမှလည်း နားစွန်းနားဖျား ကြားမိသေး၏။ သူမအတွေးကို လက်စသတ်ပြီး အိပ်ယာပေါ်ကနေ ထလာလိုက်သည်။
YOU ARE READING
My Little Spring
Romanceသူမရဲ့ဘဝကြီးဟာ အရောင်တွေမဲ့နေခဲ့တာကြာပြီ။ နွေဦးဟာ ပန်းတွေအရောင်စုံပေမယ့် သူမရဲ့အသိတွေထဲမှာတော့ ပန်းတွေမပွင့်တာကြာခဲ့ပါပြီ။ နွေဦးရဲ့လေရူးလေးတွေက တစ်စုံတစ်ဦးကို မသယ်ဆောင်လာခင်အချိန်အထိပေါ့။