"သမီးလေး။ စွဲညို့"စာဖတ်နေသည့်သူမဟာ အခန်းထဲဝင်လာသည့်မိခင်ဖြစ်သူကြောင့် ခဏလန့်သွားရသည်။
"မနက်စာ"
သူမ,လှည့်ကြည့်တော့ မေမေဟာ ဆေးပန်းကန်နှင့်အတူမနက်စာထည့်လာသည့်ဗန်းကို မြောက်ကာပြသည်။ ဟုတ်ပါရဲ့ သူမ,မနက်ထလာကတည်းက ဘာမှမစားရသေးပါ။ ဒီနေ့မှ စိတ်ကူးမရှိလို့မနက်စာကို ဆင်းမစားခဲ့ခြင်း။ သို့ပေမယ့် သူမရဲ့မနက်စာဟာ မိခင်ဖြစ်သူကြောင့် အမြဲအချိန်မှန်ပါသည်။
မနက်စာကိုစားပွဲပေါ်တင်ခဲ့ပြီးပေမယ့် သူမမေမေဟာ ထွက်မသွားသေး။ သူမကိုတစ်ခုခုပြောချင်ပုံရသည်။ သူမက ပြောဆိုသည့်အထာဖြင့် မေမေ့မျက်နှာကိုကြည့်လိုက်ပေမယ့် စကားသံဟာအတန်ကြာသည်ထိထွက်မလာပါ။
"ဆေးတွေကိုဘဲမှီခိုနေမယ့်အစား လမ်းလေးဘာလေးဆင်းလျှောက်ပါလား စွဲညို့"
သူမမေမေဟာ ထိုစကားကိုပြောဖို့ စိတ်တွေအတော်လေးလွန်ဆွဲလိုက်ရသည်ထင်သည်။
"အင်း စိတ်ပါရင်ပေါ့"
သူမဟာမထုံတတ်သေးအမူအယာဖြင့်ပင် အဖြေပြန်ပေးလိုက်သည်။ သူမမေမေဟာလည်း သူမဒီလိုဖြေမည်ဆိုတာကိုရိပ်မိမည်ထင်သည်။ စကားထပ်မပြောတော့ဘဲ ထွက်သွား၏။ ခါတိုင်းဆိုထိုစကားမျိုး မေမေဟာဘယ်တော့မှမပြောပါ။ သူမကို ဘယ်လိုနေနေ ဆိုပြီးလွတ်ထားတတ်သည်ပင်။ ဒါတွေကဘယ်ကစလဲဆို မနေ့ကခြံထဲဆင်းလျှောက်လိုက်လို့ဖြစ်မည်။ စိတ်သိပ်ပါလို့ဆင်းလျှောက်တာတော့မဟုတ်ခဲ့ရပါ။ ဒီတိုင်းခြေဖုဝါးနုနုလေးတွေခေါ်ဆောင်ရာဆီ ခန္ဓာကလိုက်ပါသွားတာလို့ပြောရမလား။ အဲ့နားမှာ သူမအတွက်စိတ်ဝင်စားစရာ ဘာမှရှိနေတာလည်းမဟုတ်။
လောကမှာ သူမရဲ့လှပသည့်မျက်နှာကို ဖျက်ခနဲတောင်မကြည့်သည့်လူကို သူမ ပထမဆုံးမြင်ဖူးခဲ့ပါပြီ။ သူမ,သိသလောက်တော့ လူတိုင်းဟာသူမရဲ့မျက်နှာကို သဘောကျကြသည်။ ထပ်ကာထပ်ကာ တစိမ့်စိမ့်ကြည့်ချင်ကြသည်။ သို့ပေမယ့် ထိုကလေးမကတော့ သူမကိုရှောင်ကာလွဲကာသာနေ၏။ ဒီလောကမှာ သူမကိုသဘောမကျသည့်လူလည်းရှိတာဘဲလားဟု တွေးယူကာအံ့ဩခဲ့ရ၏။
YOU ARE READING
My Little Spring
Romanceသူမရဲ့ဘဝကြီးဟာ အရောင်တွေမဲ့နေခဲ့တာကြာပြီ။ နွေဦးဟာ ပန်းတွေအရောင်စုံပေမယ့် သူမရဲ့အသိတွေထဲမှာတော့ ပန်းတွေမပွင့်တာကြာခဲ့ပါပြီ။ နွေဦးရဲ့လေရူးလေးတွေက တစ်စုံတစ်ဦးကို မသယ်ဆောင်လာခင်အချိန်အထိပေါ့။