နွေဦးငယ်ငယ် (၆) U & Z

318 17 4
                                    


၄လပိုင်းဝင်လာသည်နှင့်အမျှ ရောက်ရှိလာတော့မည့်သင်္ကြန်။

ဒီလိုချိန်များဆို ပတ်ဝန်းကျင်ဆီမှ သင်္ကြန်သီချင်းတွေကြားရသည်က ထုံးစံပါပင်။

ဂရေဟန်၏ ပိတောက်လက်ဆောင်
ဇောဝမ်း၏ မြူမောင်ဝေကင်း
ဇော်ပိုင်၏ သင်္ကြန်မိုး
သန်းမြတ်စိုး၏ ဖိုးညိုမြ
မြို့မငြိမ်း၏ မန်းတောင်ရိပ်ခို

စသည်တွေက သင်္ကြန်ရဲ့မရှိမဖြစ်တေးသွားကလေးများပင် (အခြားသီချင်းများလည်းပါ,ပါတယ်)

ဒီလိုသင်္ကြန်နီးပြီဆို TVချန်နယ်တွေဆီကနေ သင်္ကြန်ဖြင့်သက်ဆိုင်သည့်ဇာတ်လမ်းများ ရုပ်ရှင်များကို ထုတ်လွင့်ပြသလေ့လည်းရှိပါသည်။ နာမည်အကြီးဆုံးဇာတ်လမ်းကတော့ သူရိယပညာရုပ်ရှင်ထုတ်လုပ်​ရေးမှရိုက်ကူးတင်ဆက်ထားပြီး နာမည်ကြီးအနုပညာရှင်များဖြစ်သည့် နေအောင်၊ ခင်သန်းနု၊ ဇင်ဝိုင်း၊ မေသန်းနု တို့ပါဝင်သရုပ်ဆောင်ထားသည့် သင်္ကြန်မိုး ဇာတ်ကားကြီးပင်။ သင်္ကြန်မိုးဇာတ်ကားဟာ ယခုချိန်များထိပရိတ်သတ်တွေရင်ထဲတိုးဝင်နေသည့် ဇာတ်လမ်းကြီးဆိုလည်းမမှားပါဘူး။ ထို့ကြောင့်နှစ်စဉ်နှစ်တိုင်း TVတွေကနေထိုဇာတ်လမ်းကိုမပါမဖြစ်ထုတ်လွင့်ပြသတတ်၏။

ဇာတ်လမ်းတစ်ခုလုံးက မြန်မာ့နှစ်သစ်ကူးသင်္ကြန်နှင့် ပုထုစင်လူသားတွေမကင်းလွတ်နိုင်သည့် 'အချစ်' ဆိုသည့်အရာကိုကျောရိုးယူကာဖန်တီးဖော်ပြထားသည်။ လူငယ်စန္တယားဆရာလေးကိုငြိမ်းမောင်ရဲ့ ပိတောက်ရွှေဝါလေးတစ်ခက်ကိုကောက်ရခါကနေစခဲ့သည့်အချစ်၊ နောက်များမှ ဂီတကိုအကြောင်းပြု၍ သီချင်းတွေကိုချစ်ခင်မြတ်နိုးသူ ခင်ခင်ထား ဆိုသည့်အမျိုးသမီးဖြင့်ချစ်ကြိုးသွယ်မိကြပုံ။ သို့ပေမယ့် ကံကဘဲခွဲသည်လား နဂိုကိုမှပေါင်းစပ်ရန်မရှိခဲ့သည်လားမသိပါ။ ချစ်သူနှစ်ဦး၏ဘဝဇာတ်ကြောင်းဟာ လူတွေသတ်မှတ်ကြတဲ့ အနိမ့်အမြင့်ဆိုသည့်နောက်ခံကြောင့် ကွဲကွာသွားကြရ၏။ ကိုငြိမ်းမောင်ရဲ့အမုန်းတွေဘယ်ကစသလဲဆို ခင်ခင်ထားကို မူပိုင်ပေးခဲ့သည့် "နှစ်ကိုယ်တူချစ်သမျှကို"သီချင်းအား အခြားမိန်းမတစ်ယောက်ဖြင့်တွဲဆိုခိုင်းသည်ကနေစခဲ့တာဘဲ။ သူတို့နှစ်ဦးဟာ သည်မျှဖြင့်ကံကုန်သည်လားဆို မဟုတ်ခဲ့ပါ။ ကိုငြိမ်းမောင်၏သား သက်ထွေးဆိုသူနှင့် ခင်ခင်ထား၏သမီး နွယ်နွယ်ဆိုသူဟာ လူငယ်သဘာဝချစ်ကြိုက်မိကြပြီး ဒီဇာတ်လမ်းဟာတစ်ကျော့ပြန်လည်လာတော့တာဘဲ။

You've reached the end of published parts.

⏰ Last updated: May 27 ⏰

Add this story to your Library to get notified about new parts!

My Little Spring Where stories live. Discover now