"ဇူလီ"သူမနာမည်ခေါ်သံကြောင့် အလန့်တကြားမျက်လုံးတွေဖွင့်လိုက်သည်။
မျက်စိရှေ့မြင်နေရတာက မြူတွေဆိုင်းနေတဲ့ ရေပြင်ကြီး။ ပတ်ပတ်လည်မှာ မြူတွေနဲ့ရေပြင်ကြီးဘဲရှိတယ်။
သူမနာမည်ကို ဘယ်သူကခေါ်လိုက်သလဲ မသိရပါ။
သူမဘယ်ရောက်နေတာလဲ ပြီးတော့ ဒီမှာသူမအပြင်ဘယ်သူတွေရှိသေးလဲ။
လိုက်ရှာကြည့်ပေမယ့် မြူတွေကြောင့် ဘာမှမြင်ခွင့်မရလိုက်ပါဘူး။ ပြီးတော့ ဒီနေရာမှာ သူမသာရှိကြောင်းနဲ့ ဒါဟာလည်းအိမ်မက်ဖြစ်ကြောင်း သူမသိလိုက်ပါပြီ။
သူမရပ်နေတဲ့နေရာက ဒီတိုင်းသဲကုန်းမြင့်လေးဘဲ။ ပြီးတော့ ဒီရေပြင်တွေမှာ သူမလမ်းလျောက်လို့ရတယ်။
အတန်ကြာလျောက်နေပေမယ့် သူမဘယ်နေရာကိုမှရောက်မသွားခဲ့ပါဘူး။
ဦးတည်ရာမရှိလျောက်သွားနေရင်းမှာ အဝတ်စလေးတွေ လေတိုက်လို့ရိုက်ခတ်သွားသံကို သူမ ကြားလိုက်တယ်။
အဲ့အသံက သူမရှေ့ကနေလာတာ။
သူမနဲ့အတူ လူတစ်ယောက်ရှိနေသေးသည်။အမျိုးသမီးတစ်ယောက်ထင်သည်။
သူမရှေ့မှာ။ မြူတွေကြားထဲက မသဲမကွဲပုံရိပ်ကလေး။အကူအညီရလိုရငြား သူမပြေးလိုက်သွားမိ၏။
ထိုအမျိုးသမီးဟာ ခဲရောင်လုံချည်နဲ့ အနက်ရောင်အင်္ကျီကိုဝတ်ထားပြီး ပုသိမ်ထီးလေးဆောင်းထားတယ်။ ဖြောင့်တန်းနေသည့်ဆံပင်ရှည်ရှည်တွေကိုလည်း ချထားတယ်။
"အစ်မ အစ်မ"
သူမခေါ်တော့ ထိုမိန်းမဟာလှည့်ကြည့်လာသည်။
ထိုမိန်းမရဲ့လှပမူကတော့ ဤကမ္ဘာမှာထပ်မရှိနိုင်တော့ဘူး။
နတ်သမီးလား လူလားဆိုတာတောင် သူမဝေခွဲမရတော့။
"အစ်မကို သတိရလို့လား"
"ဇူလီ"
ထိုမိန်းမရဲ့ သူမနာမည်ကို ခေါ်သံအကြားမှာ သူမရဲ့ဝိဉာဉ်တွေလွင့်စင်သွားရပြီ။
ထိုမိန်းမဟာ လူလည်းမဟုတ်သလို နတ်သမီးလည်းမဟုတ်ခဲ့ပါဘူး။
YOU ARE READING
My Little Spring
Romanceသူမရဲ့ဘဝကြီးဟာ အရောင်တွေမဲ့နေခဲ့တာကြာပြီ။ နွေဦးဟာ ပန်းတွေအရောင်စုံပေမယ့် သူမရဲ့အသိတွေထဲမှာတော့ ပန်းတွေမပွင့်တာကြာခဲ့ပါပြီ။ နွေဦးရဲ့လေရူးလေးတွေက တစ်စုံတစ်ဦးကို မသယ်ဆောင်လာခင်အချိန်အထိပေါ့။