"အားလုံးစုံပြီလား"
ယနေ့ သစ်တောဝန်းမှလူတွေဟာ ခုတ်ထွင်ရှင်းလင်းထားသည့်တောင်ကတုံးတစ်ခုဆီ ကျွန်းပင်နှင့်အခြားအပင်တွေစိုက်ဖို့သွားကြမည်။
သံသယကင်းမဲ့စွာဖြင့် ဇူလီနှင့်ရီရီ ပါ၏။
ကျွန်းပင်ပေါက်တွေတင်ထားသည့်ထရပ်ကားနောက်ပိုင်းမှာ လူတွေဟာအသီးသီးနေရာယူကြနေကြသည်။
ဇူလီ့ဖေဖေအပြင် လက်ထောက်တစ်ယောက် ဝန်ထမ်းတွေရယ် ဇူလီနှင့်ရီရီရောအပါဆို စုစုပေါင်း ၁၁ယောက်ရှိမည်ထင်။
"လူစုံရင်ထွက်မယ်ဟေ့"
လက်ထောက်ဖြစ်သည့်ကိုထွန်းအောင်ဟာ ကားစထွက်ဖို့ဩဘာသံပေးသည်။
ကားလေးတွေဟာ မြို့ထဲဘက်သို့မသွား။
သစ်တောဝန်းဘက်ကနေပြီး တောက်လျောက်အခြားဘက်သို့ ထွက်ကြ၏။ ၁နာရီကျော် ၂နာရီနီးပါးကြာအောင်မောင်းရပြီး အလွန်လည်းခေါင်သည့်နေရာဟု ပြောသည်။"နင်တို့တွေရေဘူးအလုံအလောက်သယ်ခဲ့ကြရဲ့လား"
ဖေဖေနှင့်အတူ ကားရှေ့ခန်းထိုင်နေသည့်ကိုထွန်းအောင်သည် ဇူလီတို့ဘက်လှည့်ပြီး သတိပေး၏။
ဘယ်လောက်တောင်ခေါင်သည့်နေရာမို့ ဒီလိုတွေသတိပေးနေရသလဲဆိုပြီး ဇူလီနှင့်ရီရီဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။
"ယူခဲ့ပါတယ် ဦးလေး"
ရေဘူးတွေဟာ အခြားကားတွေမှာလည်းပါလာပါတယ်။
"နင်တို့တွေဟိုရောက်ရင် ငါမြင်ယောင်သေးတယ်"
ကိုထွန်းခေါင်အပြောမှာ ဇူလီတို့ဟာအနည်းငယ်တောင်လန့်သလို။
ဇူလီ့ဖေဖေတောင် လိုက်ဖို့မတားသည်ကို။
ဇူလီဟာ ဒီလိုခရီးတွေကိုအမြဲလိုက်တတ်ပါတယ်။ ခရီးမှမဟုတ်ဘူး သူမဖေဖေသွားလေရာရောပေါ့။ လက်ဖက်ရည်ဆိုင်၊ အလုပ်ခရီး၊ ပြည်နယ်ရုံး၊ တိုင်းမှူးရုံး စသဖြင့်ပေါ့။ သိတတ်စအရွယ်ကတည်းက သူမဟာဖေဖေ့နောက်ဒီလိုလေးပါလာတတ်နေပါပြီ။ ဇူလီကအပင်တွေကိုစိတ်ဝင်စားကြောင်းသိရတော့ ဖေဖေကလည်း 'လိုက်မှာလား' ဆိုပြီးအမြဲမေးတတ်သည်။ ခရီးအခြေအနေအရမ်းဆိုးမှသာ ဖေဖေဟာတားတတ်၏။
YOU ARE READING
My Little Spring
Romanceသူမရဲ့ဘဝကြီးဟာ အရောင်တွေမဲ့နေခဲ့တာကြာပြီ။ နွေဦးဟာ ပန်းတွေအရောင်စုံပေမယ့် သူမရဲ့အသိတွေထဲမှာတော့ ပန်းတွေမပွင့်တာကြာခဲ့ပါပြီ။ နွေဦးရဲ့လေရူးလေးတွေက တစ်စုံတစ်ဦးကို မသယ်ဆောင်လာခင်အချိန်အထိပေါ့။