"အရပ်ကြီးက ရှည်မိုးနေတာဘဲ။ ဖယ်စမ်း ငါ့နားကပ်မလျောက်နဲ့"ဇူလီ့အစ်မရဲ့ ဗျစ်တောက်တောက်အသံတွေပါ။
သူမရယ် အမေရယ် အစ်မရယ် ဈေးကိုအတူထွက်လာကြခြင်း။အကင်လုပ်စားမယ်ပြောတာကတစ်ရက် တစ်ကယ်လုပ်စားဖြစ်တာက တစ်ရက်။ အဲ့နေ့မှာ ငပိနဲ့ တမာအစွမ်းပြလိုက်လို့ တစ်အိမ်သားလုံးအိပ်ယာထနောက်ကျကြသည်လေ။
အဲ့နေ့ကဈေးမသွားလိုက်ရပေမယ့် တစ်အိမ်လုံးအလုပ်တော့အတော်ရှုပ်သွား၏။ ဇူလီ့မေမေက အိမ်ထဲက ထမင်းစား စားပွဲတွေ၊ ပန်းကန်စင်တွေကို တစ်ပတ်တစ်ခါသန့်ရှင်းရေးလုပ်ပေမယ့်လည်း သူမအစ်မကတော့ အိမ်ပြန်လာပြီး မယ်သပ်ရပ် လာလုပ်သည်။ မပေတဲ့ပန်းကန်စင်တွေ စားပွဲတွေကိုအတင်းဆေးခိုင်းသည်။ အိမ်ကိုလည်းကြမ်းတိုက် သန့်ရှင်းရေးတွေ အသေလုပ်လိုက်ရ၏။
ခရီးကပြန်လာရင် ဇူလီ့အစ်မဟာ ခုလိုအာကျယ်တတ်ပါတယ်။ သူကိုယ်တိုင်ရဲ့အခန်းကတော့ရှုပ်ပွနေတတ်၏။
ထဘီတွေကွင်းလုံးချွတ်ထားတတ်သည်။'ညည်းတို့မိန်းမတွေကလေ ပါးမှာကျသနပ်ခါးနဲ့ ပေါင်မှာကျသေးကြောင်းနဲ့'
ဆိုသည့် ဇူလီတို့ဆရာမပြောဖူးသည့်စကားကိုတောင်သတိရမိသွား၏။
"တော်ကြာသူများတွေ သားအမိလို့ထင်ကုန်မယ်။ နင်ကရုပ်ဆိုးတာနဲ့"
ဒါကတော့ ဇူလီမငြင်းပါဘူး။ တစ်ခါတစ်လေများကျ ဇူလီနဲ့သူ့အစ်မလမ်းအတူလျောက်လာရင် အချို့လူတွေက သားအမိလို့ထင်တတ်ကြသည်လေ။
ဇူလီ့အစ်မက အရပ်ပုပါတယ်။ ၅ပေ၃ကျော်လောက်ပေါ့။ ဇူလီကတော့ ၅ပေ၆ ရှိတယ်။ အရယ်အပြုံးနည်းတဲ့သူ့မျက်နှာက အနည်းငယ်ရင့်သည်လို့လည်းထင်ရတယ်လေ။ ဒါပေမယ့်သူက သူ့အစ်မထက် အသားပိုဖွေးသည်။
"မနွေးသမီးတွေက လှတပတအေ"
သူမတို့အရွက်ဝယ်တဲ့အန်တီကြီးဆီက အသံပါ။
ဇူလီ့အစ်မကတော့ ကျေနပ်နေတာဘဲ။သူမတို့က အမဲသားမစားကြလို့ ဝက်သားကိုဘဲပိုဝယ်ကြသည်။ ပုဇွန်၊ ရေဘဝဲ၊ ကင်းမွန် စသဖြင့် သူ့အစ်မကရွေးဝယ်၏။ အကင်အိုးဝယ်ဖို့ပြောတော့ မေမေက သူ့အစ်မကို ပိုက်ဆံဖြုန်းတယ် ဆိုပြီးပြောနေတော့တာဘဲ။
YOU ARE READING
My Little Spring
Romanceသူမရဲ့ဘဝကြီးဟာ အရောင်တွေမဲ့နေခဲ့တာကြာပြီ။ နွေဦးဟာ ပန်းတွေအရောင်စုံပေမယ့် သူမရဲ့အသိတွေထဲမှာတော့ ပန်းတွေမပွင့်တာကြာခဲ့ပါပြီ။ နွေဦးရဲ့လေရူးလေးတွေက တစ်စုံတစ်ဦးကို မသယ်ဆောင်လာခင်အချိန်အထိပေါ့။