Ep 5 (Z)

3.7K 96 2
                                    

စနေနေ့မို့ မြသီလာလမ်းထိပ်နှင့် ဈေးထိပ်တွင်လူသွားလူလာများ ပျားပန်းခတ်နေကြသည်။ ကိုသိန်းဝင်းစိုးနှင့် ရပ်ကွက်ထဲမှလူငယ်များ အလှူခံမဏ္ဍပ်ကို ဖျက်၍ ပစ္စည်းများသိမ်းနေကြ၏။ ဆွမ်းလောင်းဓမ္မာရုံပြုပြင်ရေး အလှူခံပွဲကြီး အောင်မြင်စွာပိတ်သိမ်းနိုင်ခဲ့ပြီ။

"ကိုသိန်းဝင်းစိုး ဒီအသံချဲ့စက်က ဓမ္မာရုံကိုသယ်သွားရမှာလား ဦးရကြီးအိမ်ကိုပို့ရမှာလား"

ရွှေထုပ်က အသံချဲ့စက်အားမ၍ ကိုတိုးကြီး၏ဆိုက်ကားပေါ်သို့တင်ရင်းမေးလိုက်သည်။

"ဦးရကြီးအိမ်ကိုသယ်... ဦးရကြီးအိမ်ကိုသယ်... တော်ကြာ ပျောက်မှာစိုးလို့ တရေးနိုးထပြီး ဓမ္မာရုံသွားသွားကြည့်နေမယ်"

ဦးငွေရက ရပ်ကွက်ကဘုံပိုင်သော ပစ္စည်းများအားအလွန်ဂရုစိုက်တတ်သူဖြစ်သည်။ ရွှေထုပ်တို့ကြောင့် ပစ္စည်းများတစ်ခုခုပျက်စီးလျှင် အဆူခံရလို့မဆုံးတော့ပြီ။

"ကိုတိုးကြီး ရပြီ... ဦးရကြီးအိမ်ကိုပဲပို့တဲ့"

"အေးအေး... ရတယ်... မင်းနေချင်နေခဲ့တော့... ငါ့ဟာငါ သယ်သွားလိုက်မယ်"

"ဟုတ်ကဲ့"

"ကိုတိုးကြီး!! နေဦး ကျွန်တော်လိုက်ခဲ့မယ်... အိမ်ပြန်မလို့... ရွှေထုပ် ဟိတ်ရောင် ငါပြန်နှင့်မယ် အိမ်သာတက်ချင်လို့"

ဆိုက်ကားဆရာ ကိုတိုးကြီးက အသံချဲ့စက်ကြီးသယ်၍ထွက်သွားပြီး ကျော်ဇင်သက်က ဆိုက်ကားနောက်သို့ ပြေးလိုက်သွားသည်။

"ဒီကောင်က အလုပ်ဖြင့်မခိုင်းရသေးဘူး အီးသံသရာကလည်ပြီ"

ကိုသိန်းဝင်းစိုးက အမှိုက်များလှည်းနေရင်း ပြောသည်။ ရွှေထုပ်နှင့် အလီဘိုင်တို့က အမှိုက်တွေကူထည့်နေပေးနေကြတုန်း ကိုဖြိုးကြီးရောက်လာ၏။

"ဟာ ဖျက်လို့တောင်ပြီးသွားကြပြီပဲ... ဘာကူရဦးမလဲလို့"

အားလုံးပြီးမည့်အချိန်ကျမှ တမင်ရောက်လာမှန်းသိသာနေသဖြင့် ကိုသိန်းဝင်းစိုး၏မျက်နှာက ခပ်တည်တည်ဖြစ်သွားပြီး...

"မလိုတော့ဘူး... ထမနဲက ထိုးလို့ပြီးသွားပြီ"

"ဟမ်... ဘယ်မှာတုန်း"

မြသီလာရပ်ကွက်ထဲက ကျွန်တော်ပိုင်တဲ့ "ရွှေထုပ်"Where stories live. Discover now