Ep 22 (U)

19.9K 2.1K 624
                                    

"ဆရာမြတ်သောသူ ရန်ဖြစ်လို့တဲ့"

ထိုသတင်းစကားက မြသီလာရပ်ကွက်လေးအား အံ့သြဆွံ့အသွားစေခဲ့သည်။

"မဖြစ်နိုင်တာ"

"မဟုတ်လောက်ပါဘူးဟယ် ဆရာက ဒီလောက်အနေအေးတာကို"

"ဟုတ်ပါတယ်တဲ့ဆို ဟိုမှာ ဦးရကြီးရုံးကိုရောက်ကုန်ကြပြီ ဖြိုးကြီးတို့နဲ့ဖြစ်ကြတာတဲ့ ဖြိုးကြီးတို့ဆို မျက်နှာတွေစုတ်ပြတ်သတ်နေတာပဲတဲ့ ဆရာလေးကလုပ်ထားတာတဲ့"

"ဟမ်! ဒီလောက်စိတ်သဘေားထားပြည့်ဝတဲ့ ဆရာလေးကို ဒေါသထွက်အောင် ဘာသွားလုပ်လဲမှမသိတာ... အနေအေးတဲ့သူတွေ ဒေါသထွက်ရင်ကြောက်ဖို့ကောင်းတယ်"

"ရွှေထုပ်ကြောင့် ဖြစ်တာတဲ့"

"ဟယ်"

ဦးငွေရ၏ရပ်ကွက်ရုံးထဲတွင် ဖူးရောင်နေသောမျက်နှာများနှင့် သွေးထွက်သံယိုဖြစ်နေကြသူနှစ်ယောက်အားကြည့်၍ အားလုံးလိုလိုပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ထိုသူနှစ်ယောက်၏ဘေးတွင်တော့ ရှပ်အင်္ကျီလက်ရှည်နှင့် ပုဆိုးကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး ခပ်မတ်မတ်ထိုင်နေသူ၏ မျက်မှန်ကြည်ကြည်အောက်မှမျက်ဝန်းတို့သည် တင်းမာနေကြဆဲပင်။

"ဆရာလေးမြတ်သောသူက လုပ်လိုက်တာ... ဟုတ်လား"

ဦးငွေရက မယုံနိုင်စွာဖြင့် နောက်တစ်ခေါက်ထပ်မေးသည်။ ကိုကိုကသက်ပြင်းချလိုက်ပြီး...

"ဦးလေးတို့ကိုတော့ အားနာပါတယ်... ရဲစခန်းမှာအမှုဖွင့်ချင်လည်းဖွင့်ပါ... ဒါပေမယ့် ဒီကောင်တွေ ရွှေထုပ်ကိုလုပ်ထားတာတွေကိုလည်း ကျွန်တော်အမှုပြန်ဖွင့်မယ်"

ကိုကို့လေသံက ခပ်ပြတ်ပြတ်ပင်။ ကိုသိန်းဝင်းစိုးမှာ ကိုကို့ပုံစံကိုမမြင်ဖူးသလို ငေးကြည့်ရင်းဆွံ့အနေသည်။ အဖေ၊ အမေ၊ မမကြီးနှင့် ကိုသက်ဦးတို့သည်လည်း ပြောစရာစကားလုံးတွေရှာမရသည့်ဟန်နှင့်။
အလီဘိုင်နှင့်ကျော်ဇင်သက်သည်လည်း ရွှေထုပ်၏ဘေးတွင် အသံပင်မထွက်ရဲကြ။

အလီဘိုင်တို့နှစ်ယောက်အား စက်ဘီးလာယူပေးဖို့ ရွှေထုပ်ဖုန်းဆက်ခေါ်လိုက်သဖြင့် ရောက်လာကြရင်း ကိုဖြိုးကြီးတို့နှစ်ယောက်အဖြစ်ကိုမြင်ပြီး အံ့ဩကာလန့်ဖျတ်နေကြတော့သည်။

မြသီလာရပ်ကွက်ထဲက ကျွန်တော်ပိုင်တဲ့ "ရွှေထုပ်"Where stories live. Discover now