Ep 17 (Z)

3.6K 108 1
                                    

နွေရာသီဆိုပေမယ့် ပြင်ဦးလွင်မှာတော့ နေလို့ကောင်းလောက်ရုံသာပူသည်။ မေမေကတော့ မိုးလင်းသည်နှင့် မြတ်သူစားဖို့ ကိုယ်တိုင်ချက်ပြုတ်ကျွေးရင်း မမောပန်းနိုင်ဖြစ်နေ၏။

"မုန်လာဥနီလေးတွေက လတ်ဆတ်နေတာပဲ... ပွဲကောက်နားမှာ ရောင်းနေတာတွေ့လို့တဲ့ သားကြီးကဝယ်လာတာ... မုန်လာဥနီအစိမ်းသုပ်လေး ချဉ်ငံစပ်လုပ်ပေးရင် မောင်မြတ်သောသူတို့က အရမ်းကြိုက်တာ"

"သူ့တူမတွေကလည်း သူ့ကိုတူကြတာနေမှာ ဖူးဖူးနဲ့ခြူးခြူးကလည်း မုန်လာဥနီသုပ်ဆို အရမ်းကြိုက်ကြတာ"

မေမေနဲ့မမချိုက မီးဖိုဆောင်ထဲတွင် စကားတပြောပြောနှင့်အလုပ်ရှုပ်နေကြသည်။ မြတ်သူက မီးဖိုဆောင်ထဲသို့ ဝင်သွားလိုက်ပြီး...

"မေမေတို့ နားနားနေနေလည်း ချက်ကြပါဗျာ... စားရတဲ့သူတောင်မောနေပြီ"

မြတ်သူစကားကြောင့် မေမေက မျက်စောင်းလှလှထိုးလာပြီး...

"မေမေ့သားငယ် တစ်ယောက်တည်းနေပြီး အစားဆင်းရဲနေသလားလို့ မေမေက သားရောက်တုန်းအဝကျွေးမှာ"

"မြတ်သူ ဟိုမှာ ဘယ်လိုတွေစားသောက်နေလဲ"

မမချိုက မုန်လာဥနီတွေကို အခွံခွါနေရင်း လှမ်းမေးလာသည်။

"နေ့လယ်စာကတော့ ကျောင်းမှာစားတာပေါ့... ညစာကတော့ အိမ်မှာပဲ ရပ်ကွက်ထဲကလူတွေက ဟင်းတွေလာလာပို့ကြတယ်"

တကယ်လည်း မြတ်သူက ညစာအတွက်ဆိုထမင်းပေါင်းအိုးတစ်လုံးလောက်သာချက်ထားရပြီး တစ်အိမ်မဟုတ်တစ်အိမ်က ဆရာလေးအတွက်ဆိုပြီး ဟင်းလာလာပို့သွားကြသည်။ အထူးသဖြင့် ရွှေထုပ်တို့အိမ်က အများဆုံးပို့ပေးသည်။ ရွှေထုပ်၏အမေ ဒေါ်လေးဒေါ်နွဲ့မူ က မြတ်သူ၏အိမ်သို့ ဧည့်သည်လာလျှင်တောင် လက်ဖက်သုပ်ကအစ အချိုပွဲအဆုံး လိုလေသေးမရှိကြည့်ရှုစောင့်ရှောက်ပေးတတ်သူပင်။

"လက်သာရာမှာပျော်နေပြီး မေမေတို့ဆီတောင် မနည်းခေါ်ယူရတယ်နော် မနာလိုဘူး... ကျောင်းဖွင့်ခါနီးမှ ပြန်ရမယ်"

မြတ်သူက မေမေ့စကားကို ရယ်၍သာတုန့်ပြန်နေရသော်လည်း စိတ်ကမြသီလာကိုလွမ်းနေပြီဖြစ်သည်။ အထူးသဖြင့် မြတ်သူ၏ကလေးငယ်လေးကိုလွမ်းသည်။

မြသီလာရပ်ကွက်ထဲက ကျွန်တော်ပိုင်တဲ့ "ရွှေထုပ်"Where stories live. Discover now