ကင်မ်ဂျီဆူးနဲ့ ကျွန်မမှာ ကတိစကားတစ်ခွန်းရှိတယ် ။ ကတိစကားဆိုတာကလည်း ကျွန်မဘက်က သက်မှတ်ချက်တစ်ခုသာသာပါ သူကဖြင့် ဂရုတောင် မစိုက်လောက်ဘူး ။
ဖောက်ပြန်တာက လွဲရင် ကြိုက်တာလုပ်ဆိုတဲ့ စကားပဲ ။ သူကလည်း စကားနားထောင်ရှာပါတယ် ။ ဖောက်ပြန်တာကလွဲရင် အကုန်လုပ်တော့တာပဲ ။
" ဒါဆို ကျွန်မတို့ အခု တိုးချဲ့မယ့် ကုမ္ပဏီခွဲက ... "
အတွင်းရေးမှူးဂန်က ကျွန်မ စကားမဆုံးသေးခင် အနားကပ်လာတာကြောင့် အကြည့်နဲ့ မေးခွန်းထုတ်လိုက်တော့ အနားကို ကပ်လာပြီး ခပ်တိုးတိုးပြောတယ် ။
" ဘာပြောတယ် "
အစည်းအဝေးကို မြန်မြန်လက်စသပ်ပြီး ဟိုတယ်ကို ပြန်လာရတဲ့အဓိက အကြောင်းအရင်းက ကျွန်မရဲ့ နှစ်ယောက်မရှိတဲ့ ကင်မ်ဂျီဆူးကြောင့်ဆိုတာ မေးနေစရာမလိုဘူးမလား ။
" ဘာလာလုပ်တာလဲ "
ကျွန်မ အခန်းထဲမှာတော့ သူ့ပစ္စည်းတွေ မရှိပါဘူး ။ သူက ကျွန်မနဲ့ တစ်ခန်းတည်း အိပ်မယ့်လူလည်းမဟုတ်ဘူး ။ လွတ်နေတဲ့ ခုံမှာဝင်ထိုင်ရင်း သူ့ရှေ့က ရေဗူးကို ယူသောက်လိုက်တယ် ။ တစ်နေကုန်ကို စိတ်မောလူမောဖြစ်နေရတာပါပဲ ။
" အားနေလို့ လာတာ မဟုတ်ပါဘူး ၊ ငါ့ဟာငါ ရိုက်ကူးရေးရှိလို့ လာတာကို မီဒီယာတွေက မိန်းမကို လွမ်းလို့ဆိုပြီး ချဲ့ကားပြီးရေးနေကြတော့ သူတို့ စိတ်ကျေနပ်မှုရအောင် ဒီကို အဝင်ပြတာ "
" အတွင်းရေးမှူးဂန် ကျွန်မကို အခန်းတစ်ခန်း ယူပေးပါ "" အဝင်ပြတာဆို "
ရှည်လိုက်တာဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ အကြည့်တစ်ချက်က ချက်ချင်းကို ကျွန်မဆီ ပြေးဝင်လာတယ် ။
" ဟို အဲဒါက .... "
ကျွန်မနဲ့ ကင်မ့်ရဲ့အကြည့်တွေက အတွင်းရေးမှူးဆီ တစ်ပြိုင်နက်တည်း ရောက်သွားတော့ စကားတွေတောင် ထစ်ကုန်ရှာတယ် ။
" ဟို Aloha ပွဲတော် ရှိလို့ အခန်းတွေက ပြည့်နေပြီ မမလေး ၊ CEO နဲ့ ကျွန်မရဲ့ အခန်းတောင် နှစ်လွှာခြားတယ် "
" ဒါတောင် တစ်ပတ်လောက်ကြိုပြီး ဘိုကင်တင်ထားတာ "