6

661 87 11
                                    

" ကျွန်တော် ပြောခဲ့သလိုပဲ Miss Jennie Ruby Jane က ကလေးယူဖို့ ကြိုးစားမယ်ဆိုရင် အသက်ရှင်နိုင်စွမ်းက သုံးဆယ်ရာခိုင်နှုန်းအောက်ကို ရောက်သွားပါလိမ့်မယ် "

‌ဘေးကို လှမ်းကြည့်လိုက်တော့ သူ့ကို ပြောနေတာ မဟုတ်သလို ရှူတည်တည်နဲ့ စာရွက်တွေကို ဖတ်နေတဲ့ ဂျိန်းကို စိတ်မသက်မသာ ဖြစ်ချင်စရာ တွေ့လိုက်ရတယ် ။

" ကလေးရဲ့ အသက်ရှင်နှုန်းကရော "

ဂျိန်းရဲ့ လေယူလေသိမ်းကောင်းကောင်းနဲ့ မေးလိုက်တဲ့ မေးခွန်းကို အရှေ့က ဆရာဝန်က သက်ပြင်းချတယ် ။

" ကလေးရဲ့ အသက်ရှင်နှုန်းကို အာမခံနိုင်ပေမယ့် မိခင်ကိုကတော့ .... "

" ရတယ် "

" ဂျိန်း ! "

" ကျွန်မရဲ့ ကိုယ်ထဲ ရှင့်သွေး ရောက်လာပြီဆိုတာနဲ့ ကွာရှင်းစာချုပ်ရစေရမယ် မပူနဲ့ "

ထထွက်သွားတဲ့ ဂျိန်းကို ဘယ်လို တားရမလဲ ။ ဂျီဆူးကိုယ်တိုင် မလိုချင်တဲ့ လမ်းကို လျှောက်မိတော့မယ့် အရေးကို တွေးမိတော့ ဦးနှောက်တွေ အရည်ပျော်သွားတော့မလိုပဲ ။

ကားထဲထိုင်ပြီး ကားမှန်အပြင်ကိုပဲ စိုက်ကြည့်နေတဲ့ ဂျိန်းကို မြင်ရတာက ဂျီဆူးအတွက်တော့ သိပ်အဆင်ပြေတဲ့ ကိစ္စမဟုတ်ဘူး ။

" ဂျိန်း ပြန်စဉ်းစားစမ်း "

" ရှင်ထွက်သွားမယ် ကျွန်မ သေမယ် ၊ win-win ပဲ "

" ငါ မင်းနဲ့ ကွာရှင်းချင်ရုံပဲ ၊ လူသေစေဖို့အထိ မဟုတ်ဘူး ! "

" ကိုယ့်နိုင်ငံမဟုတ်ဘူး  ၊ အော်ကြီးဟစ်ကျယ် ပြောမနေနဲ့ "

မကြာခင်မှာပဲ မိုးက တဖျောက်ဖျောက်မြည်သံနဲ့အတူ ရွာကျလာတယ် ။ ခေါင်းမာလှတဲ့ ဒီမိန်းကလေးကို ဘယ်လိုနားချရပါ့မလဲ ။

" ဟိုတယ်ကို မောင်း "

အမိန့်နာခံတတ်လှတဲ့ အတွင်းရေးမှူးက ခေါင်းငြိမ့်ပြပြီး ကားစက်ကို နှိုးတယ် ။ ဂျီဆူးကတော့ ဂျိန်းကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိတယ် ။ 

" ကိုယ့်ကိုယ်ကိုယ် လိမ်တာက တခြားအပြစ်တွေထက် ပိုခံခက်တယ် ဂျီဆူးနင် ဝန်ခံလိုက်ပါတော့ "

Maybe IfWhere stories live. Discover now