အခန်း-9

86 6 0
                                    

အခန်း(9)

ဂုဏ်သလင်းနှင့် ဘုန်းမြတ်တို့နှစ်‌ေယာက် အိပ်မပြန်ခင်‌ေလး ဖုန်းနံပါတ်တွေ ဖေ့ဘုတ်အကောဒ့်တွေ ဖလှယ်ထားကြသေးသည်။ချစ်သူဖြစ်သွားပြီဆိုတော့ပေါ့လေ.
. မနက်ဖြန် သကြန်အကျနေ့အတွက်တော့ (၄)ယောက်လုံးက သိပ်မဝေးတဲ့ မြို့လေးတစ်ခုမှာ (၁)ညအိပ် သကြန်ပျော်သွားကြမှာဖြစ်သည်။ ဘာလို့ဆို ထိုမြို့က သကြန်အတွင်း ပရိုမိုးရှင်းတွေ လျှော့ဈေးတွေအစုံရှိလို့ပင်
ဒါကြောင့် ဘုန်းမြတ်တယောက် ည မှာ တစ်ညအိပ်ခရီးအတွက်လိုအပ်တာလေးတွေထုပ်ပိုးရင်း ဂုဏ်သလင်းနဲ့ နမ်းခဲ့သည်ကို ပြန်‌ေတွး‌ေတာနေခဲ့သည်။
သူက ကျွန်တော့ရဲ့အောက်နူတ်ခမ်းကို ဆွဲစုပ်လိုက်ချိန် ကျွန်တော် မျက်လုံး မှိတ်ထားလိုက်မိသည်။အရမ်းချိုမြိန်ပြီး အရမ်း အရသာရှိတာဘဲ အဲ့တုန်းက အသံတွေက ပြွတ် ပြွတ် ပြွတ် အသံတွေကို ပြန်ဖော်ကြည့်ရင်း~~

ဘုန်းမြတ်အမေ ဝင်လာသည်။
' ဟဲ့ သား ဘာလုပ်နေတာတုန်း တယောက်ထဲ နုတ်ခမ်းကြီးဆူကြီး ကျွတ် ကျွတ် ကျွတ်နဲ့

' အို မဟုတ်ပါဘူး ပြွတ် ပြွတ် ပြွတ်ပါ အား .. ယောင်လို့ ဘားမှမဟုတ်ပါဘူး အမေရယ် ဒီတိုင်း အားနေလို့ ပါးစပ်က လျှောက်လုပ်နေတာ"

' အေးပါအေ ဒါနဲ့ မနက်ဖြန် (၁)ညအိပ်ခရီး လစ်ကြမယ်ဆို"

' အွန်း..ဟုတ်တယ် ဘာလဲ အမေက တားမလို့လား မရဘူးနော် သွားမှာဘဲ"

' မတားပါဘူး မတားပါဘူး တားလဲရမဲ့ဟာလဲမဟုတ်ဘဲ "

'ဟီး"

' ကဲ ..သား ဒါဆိုလဲ စောစောအိပ်တော့ "

'ဟုတ်"

' ဘုန်းမြတ်တယောက်လုံးဝအိပ်မပျော်ပါ သင်တို့လဲ ကိုယ်ချစ်ရတဲ့သူနဲ့ ပထမဆုံးနမ်းတဲ့ခါ ညကြ ဘယ်လိုအိပ်ပျော်မလဲနော်
ဘေးက ဖက်လုံးလေးကို ဂုဏ်သလင်းအမှတ်ဖြင့် ထုရိုက်ကာ
' ငါ့ကို ပန်းပန်ပေးရင် အချစ်ဂွင်ဆင်သွားတဲ့ လူဇိုးကြီး ဟု ရွှတ်ကာ ပြုံးစိပြုံးစိဖြစ်နေလေသည်။
အိပ်ယာပေါ်တွက် လူးလိမ့်လိုက် ဖက်လုံးကို ထုရိုက်လိုက် နမ်းလိုက်နဲ့ပင် မအိပ်နိုင်ပေ။ ဂုဏ်သလင်းလဲ ထိုနည်းတူပင် အိပ်မပျော်ပါ။
ချစ်ကြောင်းဝန်ခံခဲ့ပေမဲ့ မမျှော်လင့်ဘဲ တန်းလက်ခံခဲ့တာာမို့ ဂုဏ်သလင်းမှာ အိမ်မက်လားဟူ၍ပင် အံ့ဩနေရသည်။ ကိုယ့်နူတ်ခမ်းကိုယ်ကိုင်ရင်း
နမ်းခဲ့တဲ့အချန်လေးပြန်တွေးက
တယောက်ထဲရယ်မိပြန်သည်။
မနက်ဖြန် ထပ်တွေ့မှ အားရပါးရပြန်နမ်းပစ်ဦးမည်။

မနက်၇နာရီ

ပီ~~ပီ~~ (ကားဟွန်းသံ)

' ဘုန်းမြတ်ရေ... ဂုဏ်သလင်းရဲ့ကားလာပြီဟေ့ ထွက်ခဲ့တော့",

အာကာရဲ့ အာပြဲစွာ ခေါ်သံကြောင့် ဘုန်းမြတ်လဲ ညကပြင်ဆင်ထားတဲ့ပစ္စည်းလေးတွေ ဆွဲယူကာ အိမ်ရှေ့သို့ထွက်လာခဲ့သည်။ အိမ်ရှေ့လမ်းကျယ်၌ ကားထဲတွင် ဂုဏ်သလင်းတစ်ယောက် ဆံပင်များသေသေသပ်သပ်ဖြင့်
တီရှပ်လက်တိုအမဲနှင့် စမတ်ကျကျထိုင်နေသည်ကို အပြင်ကနေပင်တွေ့နေရသည်။ ဘုန်းမြတ်သည် ဝတ်တတ်စားတတ်သည်မှာမျန်ပါသည်‌ေဘာင်းဘီအပါးရှည် စိမ်းပြာရောင်နှင့်အကျီအပါးလက်ရှည် အစိမ်းအဖြူကြားလေးဝတ်ထားသည်ကိုမြင်ရတာ မျက်လုံးမေးလှပါသည်ာ မဟုတ်ဘူး နှလံုးသားပါ‌ေအးတာဗျဂုဏ်သလင်းလဲ ဘုန်းမြတ်ကို တွေ့တွေ့ချင်း ကားပေါ်ကဆင်းကာ ကားရှေ့တံခါးကို ဝင်ရန်ဖွင့်ပေးလေသည်။ထိုအခါ ဘုန်းမြတ်လဲ

' ကျွန်တော် အနောက်မှာဘဲ ထိုင်လိုက်မယ် "

' မရဘူး အနောက်မှာထိုင်လို့မရဘူး အကိုနဲ့အရှေ့မှာလာထိုင်"

'အ .... ကားမူးတတ်လို့ပါ"

' မရဘူး အရှေ့မှာဘဲထိုင် ကားမူးရင် အကို့ကိုဘဲကြည့် "

'မဟုတ်သေး...
ဘုန်းမြတ်လဲ ဂုဏ်သလင်းကို စကားမရှင်နိုင်တဲ့အဆုံး အရှေ့မှာဘဲထိုင်လိုက်ရသည်။

Yuxi

ပိတောက်ပန်းလေး ပန်ဆင်ထားသူရယ် (Complete)Where stories live. Discover now