အခန်း(၃)
ဘုန်းမြတ်မနက်ခင်း(၅)နာရီခွဲနိူးစက်သံကြောင့် ဘုန်းမြတ်"တစ်ယောက် အိပ်ရာမှနိူးထလာသည်။
အိမ်မနက်စာချက်ပြုတ်ရန် အမေအတွက် ဈေးသွားဝယ်ေပးေနကြမို့ အမြဲ 5နာရီခွဲထခြင်းဖြစ်သည်။အိပ်ချင်မူးတူးဖြင့် ရေချိုးခန်းမှန်အရှေ့မှာ ရပ်ကာ တောင်တွေးမြောက်တွေး တွေးနေမိသည်။ ရူပ်ပွနေသော ရွှေအိုရောင် ဆံပင်အောက်၌ မျက်ရည်လည်လည် မျက်လုံးဝိုင်းလေးတွေဟာ အိပ်ချင်နေသေးသည်မို့ မှေးနေသေးသည်။ နှာတံရှည်ရှည် နူတ်ခမ်းသားလေးမှာ ခမ်းခြောက်နေေလသည်။ထိုအချိန် ဘုန်းမြတ်အမေကလဲ ဝင်လာသည်
' သား ဒီနေ့ဈေးမဝယ်နဲ့တော့ လမ်းဟိုဘက်က မင်ဂလာဆောင် အမေတို့ကိုဖိတ်ထားတယ် ပြီးတော့ ရေခဲသေတ္တာထဲမှာလဲ အသားကျန်သေးတာဘဲမလား ဒီနေ့တော့ မဝယ်နဲ့တော့"
' ဟင် မဖြစ်ဘူး အရွှက်တွေ ဝယ်မယ်လေ ဈေးသွားချင်လို့ပါဆို"
ခါတိုင်းကြဈေးမသွားနဲ့ေတာ့ လို့ေပြာလိုက်လျှင် ဖင်ချွတ်မတတ် က၍ပျော်တဲ့သူက အခုမှဈေးအရမ်းသွားချင်နေသည်မို့ မာတာမိခင်က အံ့ဩရသေးသည်
' မလိုဘူး ရပြီ ဆက်အိပ်ချင်အိပ် အမေလဲ လုပ်အားပေးကူလိုက်ဦးမယ် နောက်ကျနေပြီ"
' အွန်း ပြီးရော"
ဘုန်းမြတ်တစ်ယောက် မှန်"ကိုပြန်ကြည့်ကာ မျက်မှောင်ကျုံ့နေလိုက်သည်။
' အမေကလဲ ဘာလဲမသိဘူး ဈေးသွားချင်တာကို ဈေးသွားမှ ဟိုအကို ကိုတွေ့ရမှာ"
ရေချိုးခန်းထဲကထွက်ပြီးအိပ်ယာပေါ်တဖန်ပြစ်လဲကာ ဘေးက ဖက်လုံးကို အားရပါးရ ဖက်ညှစ်ထားလိုက်သည်။ဘုန်းမြတ်တယောက်ေစျးအရမ်းသွားချင်နေတာဟာ သူဈေးဝယ်သွားတိုင်း ဈေးလမ်းမရောက်မီ အိမ်နှစ်ထပ်ဝရံတာကနေ အမြဲရှိနေတတ်သော ခန့်ချောကြီး(ဂုဏ်တလင်း) အစ်ကိုတစ်ယောက်ကြောင့်ဖြစ်သည်။ အဲ့အိမ်ရှေ့ရောက်တာနဲ့ အမြဲတိတ်တဆိတ်ခိုးကြည့်မိကာ ရင်ထဲခလိခလိနေမိသည်။အဝေးကနေ ကြည့်နေရတာ ပင်ပန်းလှပြီး နီးနီးကပ်ကပ်လေး တစ်ခါလောက် တော့တွေ့ချင်မိတာ အမှန်ပါ/ ဒီနေ့တော့ ဈေးမသွားရတော့ ဘုန်းမြန်တယောက် ထိုခန့်ချောကြီးကို မမြင်ရတော့ပေ။ ဘာဖြစ်လဲ အကိုက အရမ်းချောနေတာကိုးနေ့လယ် ၁နာရီခွဲ
နွေဦးရာသီစတင်လာသည်နှင့်တပြိုင်နက် အပူချိန်တွေတိုးမြင့်လာသည်။ အပူချိန်ကို အန်တုဖို့ ယပ်တောင်တစ်ချောင်းကိုင်ကာ စွယ်ကျယ်အဖြူလေးဝတ်ဆင်ထားသော ဘုန်းမြတ်တစ်ေယာက် အိမ်ရှေ့အိမ်ကသူငယ်ချင်း အာကာဖြင့် လမ်း သဲပုံကြီးမှာ သဲအိမ်ဆောက်တမ်းဆော့နေကြသည်။ အာကာဆောက်ထားသောသဲရဲတိုက်ကြီးမှာ ခဏခဏပြိုကျနေတာမို့ သူငယ်ချင်းနှစ်ဦး အားတက်သရော ရယ်ေမာနေကြသည်။ ထိုအချိန် အဖြူရောင်ကားတဆင်းရောက်ချလာသည်။အထဲမှာလဲ ယောင်္ကျားကြီး(၂)ယောက်ေမာင်းနှင်လာခြင်းဖြစ်သည်။ဘယ်သူများဖြစ်မလဲဆိုပြီး အာကာနဲ့ဘုန်းမြတ် ထိုကားကို အာရုံပြုနေကြသည်။ကားတစ်ဖက်တံခါးက ထွက်လာသောသူမှာ အာကာ့အစ်ကို မောင်သစ္စာဖြစ်နေသည်မို့ အာကာလဲ ပြေးဖက်ကာ ညီအစ်ကိုအချစ်လေညှင်းလေး အစပြုလိုက်ကြသေးသည်။ ဘုန်းမြတ်လဲ အာ့ကာအပြုအမူကို ပြုံးပြီးဘဲကြည့်နေမိသည်။နောက် ကားတစ်ဖက်တံခါးကထွက်လာတဲ့သူကို ဘုန်းမြတ်တွေ့သောအခါ..
နှလုံးခုန်မြန်လာကာ စိတ်ခံစားချက်တွေ ထိုးပွင့်လာသည်။ထိုသူမှာ ဘုန်းမြတ်ဈေးသွားတိုင်း အမြဲခိုးကြည့်မိတဲ့ ခန့်ချောကြီး (ဂုဏ်တလင်း)ဖြစ်နေသည်။ ဂုဏ်တလင်းရော ဘုန်းမြတ်ရော အကြည့်ဆုံကာ ဘာစကားမှမပြောနိုင်ဘဲ နှစ်ယောက်လုံးရဲ့ မသိစိတ်ကနေအ ချစ်ခံစားချက်များ ပြန့်နှံ့နေကြသည်။ဂုဏ်သလင်းလဲ ဘုန်းမြတ်ဈေးသွားတိုင်း အိမ်ပေါ်ကနေခိုးကြည့်
ဘုန်းမြတ်လဲ ဈေးသွားတိုင်း အိမ်ပေါ်က ဂုဏ်သလင်းကိုခိုးကြည့်
နှစ်ယောက်က ကိုယ်ကလဲသူ့ကိုကြိုက်သူကလဲကိုယ့်ကိုကြိုက် ဖြစ်နေကြပေမဲ့ သူတို့ကတော့ မသိရှာဘူးတဲ့~~ကိုယ်တိတ်တခိုး ကြွေနေမိသော မြတ်နိုးရာ ကောင်လေး
က
ကိုယ့်ကိုလဲ ကြိတ် သဘောကျနေခြင်းဟာ အရင်ဘဝက အဘယ်ကုသိုလ်များလဲဗျာ~~Yuxi
