အခန်း-10

78 7 0
                                    

ကားထဲဝင်ဝင်ချင်း ဂုဏ်သလင်းဆီမှ အနံ့တစ်ခုရလေသည်။ ထိုအနံ့က ယောင်္ကျားဆန်တဲ့ခပ်ရှရှ စူးစူး‌ ပူရှိန်းနံ့

' အကို "

'ပြော တိုဟူး"

' ရေမွှေးစွတ်လာတာလား"

တကယ်တော့ ဂုဏ်သလင်းဟာ ရေ‌ေမွှးဆွတ်တဲ့လူစားမျိုးမဟုတ်ပေ သူ၏မနေ့ကမှ ပူပူနွေးနွေးရထားသော ရည်းစားလေး ဘုန်းမြတ်နှင့်တွေ့ရမှာမို့သာ ကောင်းကောင်းပြင်ဆင်လာပြီး မဆွတ်ဖူးတဲ့ရေမွှေးတွေပါဆွတ်လာလေသည်။

' အွန်း ဟုတ်တယ် ဆွတ်လာတယ် ဘာလို့လဲ နံလို့လား တိုဟူးလေးက"

' မဟုတ်ပါဘူး မနံပါဘူး မွှေးပါတယ် ကျွန်တော်က ဒီတိုင်းအမွှေးရနံ့လေးတွေသိပ်မကြိုက်တတ်လို့"

ဘုန်းမြတ်သည် ' မကြိုက်တတ်လို့" ဟူသောစကားပြောလိုက်ချိန် နူတ်ခမ်းလေးက ဆူသွားသလိုဖြစ်သွားတာမို့ ဂုဏ်သလင်းလဲ ခပ်သွက်သွက်ပင် ထိုင်ရာကထကာ အနမ်းအကြီးကြီးတစ်ပွင့်ပေး တော့မဲ့အချိန်..

မောင်သစ္စာနဲ့အာကာတို့ညီအစ်ကို ကားထဲဝင်လာလေသည်။

'တော်တော်သာသနာဖျက်ကောင်တွေဘဲဟု ဂုဏ်သလင်းမှတ်ယူကာ ပေးချင်တဲ့အနမ်းကြီးကို မပေးလိုက်ရဘဲ ပြန်မျိုချလိုက်ရသည်။
ဒီလိုနဲ့ဘဲ ကားနဲ့လေးယောက်လုံး ထိုမြို့ငယ်လေးကို စထွက်သွားကြလေသည်။
သွားနေသော ခရီးတလျှောက် သီချင်းဖွင့်ကာ အားလုံးပျော်ပျော်ရွှင်ရွှင်ဘဲသွားကြသည်။
လမ်းတလျှောက်လုံး ရေပက်တဲ့သူတွေမှာ အင်မတန်များလှသော်လည်း ဟိုမြို့ရောက်မှစိတ်‌ကြိုက်ပျော်မှာမို့ ခနအောင့်အီးနေနေကြရသည်။

' အစ်ကို ခဏ"
ကားမောင်းတဖက်ဖြင့်ဂုဏ်သလင်းလဲ ဘုန်းမြတ်စကားကြောင့်

' ဘာဖြစ်လို့တုန်း တိုဟူး"

' ကျွန်တော် မူးနေလို့ အနောက်မှာဘဲထိုင်လို့မရဘူးလား ဟင်"

' မရပါဘူး အစ့်ကို့‌တိုဟူးလေးက အစ်ကို့ဘေးမှာဘဲနေရမယ်လေ "

အနောက်ခုံက မောင်သစ္စာနဲ့အာကာက ထိုချွဲချွဲပျစ်ပျစ်စကားတွေကို ကြားသော်လဲ မသိသလိုဖြင့် အိပ်ဟန်ဆောင်နေကြသည်။

' ခေါင်းမူးနေရင် ထိုင်ခုံကို နဲနဲနောက်လှန်ပြီး ခဏအိပ်နေလိုက် ကိုယ် အဲ့ရောက်ရင် နိုးပေးမယ်"

' အင်း ရောက်တော့မှာမလား"

' နောက် ၃၀မိနစ်လောက်ဆို ရောက်ပြီ ခဏအိပ်လိုက်"

ဂုဏ်သလင်းစကားအတိုင်း လုပ်ကာ ပြတင်းပေါက်ဘက်မျက်နှာမူရင်းပင် အိပ်လိုက်တော့သည်။
ကား၏ ငြိမ့်မူကြောင့် အိပ်ပျော်သွားတာမြန်သည်။ ဂျိုင့်တောထဲမောင်းမိလျှင် လုပ်ရမ်းသွားသည်မို့ ဘုန်းမြတ်ခေါင်းလေးက ပြတင်းပေါက်ကို မျက်နှာမူနေရာကနေ ဂုဏ်သလင်းဘက်သို့ လျည့်လာလေသည်
ချစ်ဖို့ကောင်းပါသည်။
ကားမောင်းနေတာမဟုတ်လျှင် ပါးအား ဆွဲညှစ်ပြီး အာဘွားအကြိးကြီးပေးမိလိမ့်မည်

ပိတောက်ပန်းလေး ပန်ဆင်ထားသူရယ် (Complete)Where stories live. Discover now