အခန်း-14

82 6 0
                                    

ည.၉:၀၀

ညရေချိုးတတ်သည့်အကျင့်ရှိသော ဂုဏ်သလင်းက အခုလဲ ရေချိုးခန်းထဲမှာပင်

' အကို...."

ရေချိုးခန်းတံခါးအားခေါက်ကာဘုန်းမြတ်အသံမှာ ‌တစ်စုံတစ်ခုကို ကြောက်နေတာပင်

' အကို...လို့"

' အာ တိုဟူး! ခေါ်လိုက်တာလား မကြားလိုက်ဖူး ရေသံတွေကြောင့်"

' မပြီးသေးဘူးလားလို့"

' အခုမှ ချိုးတာလေ ဆပ်ပြာတောင်မတိုက်ရသေးဘူး"

' မြန်မြန် ချိုးပြီး လာတော့!"

' ဟာ ဘာလို့"

' သ..သရဲကြောက်လို့"

တိုက်ဆိုင်သည်လား ဘာလားတော့မသိချေ မိးက ရုတ်တရက်ပျက်သွားသည်မို့ ဟိုတယ် တစ်ခုလုံး မှောင်မဲသွား‌ောတ့သည်။

' အမ်း... အကို..လို့ ဟင့်"

ဂုဏ်သလင်းလဲ ဖုန်းမီးဖြင့် တဘက်သုတ် မြန်မြန် ဘောင်းဘီဝတ်ဆင်ကာ အကျီကတော့ အရေးမကြီးပေ ။ အပြင်မှာ ကိုယ့်တိုဟူးလေးက အရေးကြိးသည်။
ရေချိုးခန်းတံခါးလေးအားဖွင့်ရုံဘဲရှိသေး ရင်ဘတ်ထဲသို့ အတင်းတိုးဝင်လာ‌သော ကိုယ်လုံးလေးဟာ တုံယင်ယင်နှင့်ပင်

ဟော်တယ်မီးသည် ယုတ်မာပါသည်။ချက်ချင်းပင် ဟိုတယ်တစ်ခုလုံး မီးများပြန်လင်းလာလေသည်။

ဘုန်းမြတ်တစ်ယောက် ဂုဏ်သလင်းရင်ဘတ်၌မျက်နှာအပ်၍ ကြောက်နေသည့်ပုံစံမှာ အထင်းသားပင်

' သရဲကြောက်တယ်ပေါ့"

' အင်း မစနဲ့နော် ဒါက မစကောင်းဘူး"

'မစရဲပါဘူးဗျာ အကို့ကိုလွတ်ပါဦး အင်းကျီလေးဝတ်ပါရစေ"

' အ...

ဘုန်းမြတ်တစ်ယောက် မှီခဲ့မိသောရင်ဘတ်ကျယ်ကြီးအားကြည့်ကာ
တံထွေးတစ်ချက် မြိုချလိုက်ရသည်။ အလို..six packကြီးနဲ့...

နှစ်ယောက်သား ကုတင်တစ်ခုတွင် အိပ်ကြမည်မို့ နည်နည်းတော့ နေရခက်နေကြသည်။အထူးသဖြင့် ဘုန်းမြတ်ပေါ့၊

' ဖက်လုံး ဖက်အိပ်တတ်တဲ့အကျင့်ရှိလား"

' ဘေးမှ ပြတ်ကျဆဲဆဲ ကပ်အိပ်နေသော ဘုန်မြတ်အားမေးလိုက်သည်။

ပိတောက်ပန်းလေး ပန်ဆင်ထားသူရယ် (Complete)Where stories live. Discover now