အခန်း-13

79 5 0
                                    

အာကာမှ ဘူးသီကြော်အား တစ်ကိုက်ကာ
' ဘုန်းမြတ်က အရက်တွေ ဘီယာတွေကို အရမ်းမုန်းတာ
ကျွန်တော်တို့ရပ်ကွက်မှာ အရင်က ‌ဦးမာကိုဝင်းနဲ့ဒေါ်လင်းလင်း တို့ လင်မယားနေခဲ့ဖူးတယ် သူတို့မှာ သားတစ်‌ေယာက်နဲ့ သမိးတစ်ယောက်လဲရှိတယ် ကျွန်တော်က တော့ သူတို့နဲ့မခင်ပါဘူး ဘုန်းမြတ်နဲ့ အဲ့ကောင်လေးက အသက်တူတူလောက်လေး အဲ့တုန်းက သူတို့ ၁၄နှစ်ဘဲရှိဦးမယ် ဘုန်းမြတ်က သူတို့နဲ့ ခင်တယ် သူ့ယောကျား ဦး မာကိုဝင်းက အရက်တွေ သောက် ဘီယာတွေ‌သောက်ပြီး ညပြန်လာရင် မူးမူးရှူးရူးနဲ့ သူ့မိန်းမတွေကလေးတွေကို ရိုကါနှက်နေကြ ကလေးတွေလဲ အပြစ်မရှိအပြစ်ရှာရိုက် မိန်းမကိုလဲ အသားဟင်းမချက်လို့ပြဿနာရှာ, နောက်နေ့ကြ ဘုန်းမြတ် သူတို့အိမ်မှာ ‌သူတို့မောင်နှမနဲ့ အိုးခွက်တမ်းဆော့နေတုန်း သူ့အေဖက မူးမူးရူးရူးပြန်လာပြီး ဘေးက ဝါးလုံးနဲ့ ဘာအပြစ်မှမရှိ ဘုန်းမြတ်နဲ့အတူ အိုးခွက်တမ်းဆော့နေတဲ့ သူ့သားကျော်ပြင်က်ု အားပြင်းပြင်းရိုက်ချရော အသေအလဲရိုက်တာ ဘုန်းမြတ်က ဝင်တားတော့ ဘုန်းမြတ်ကိုပါ ရိုက်ခါနီးလေး ဒေါ်လင်းလင်းက ထိန်းလိုက်လို့တော်သေးတယ်၊ သူတို့တမိသားစုလုံးကလဲ အမြဲ သူ့အဖေကြောင့်စိတ်ဆင်းရဲနေရတာ
နောက် ကွာရှင်းလိုက်မှဘဲ ပြဿနာက ပြီးသွားတော့တယ်။
အဲ့ကတည်းက ဘုန်းမြတ် အမူးသမား‌ေတွ အရက်သောက်တဲ့သူတွေ ကို မုန်းတီးရွံရှာနေတာ ဟိုနေ့ကဘဲ ဘုန်းမြတ်ရဲ့အဖေ အရက်ဝယ်လာတာ အဲ့ဒါကို ဘုန်းမြတ်က အိမ်သာထဲသွားသွန်ပြီး ရေတွေ ထည့်ထားပေးလိုက်လို့ ဆူခံရသေးတယ် တကယ်တော့ အဲ့အရက်က သောက်ဖို့မဟုတ်ဘဲ ဆေးရည်စိမ်ဖို့ နဲ့ ဝက်သားထဲနှယ်ဖို့ အတွက်နေတယ်တဲ့လေ...

ဂုဏ်သလင်းသည်ဘုန်းမြတ်နှင့်မနေ့တနေ့ကမှ ရည်းစားဖြစ်သည်။ဘုန်းမြတ် ဘာမုန်းသည် ဘာကြိုက်သည် သူဘာမှမသိသေးပါ ချစ်တာတစ်ခုတည်းသိရင် မရမှန်း သိသည်မို့
ထိုနေ့ကစပြီး ဘုန်းမြတ်ကြိုက်တာတွေဘဲလုပ်ပြီး မကြိုက်တာတွေကို တတ်နိုင်သလောက် ရှောင်ရမည်။အထူးသဖြင့် အရက် ပေါ့လေ
..............

ကျန်သုံးယောက်လုံး
ဟိုတယ်လို့မြန်မြန်ပင်ပြန်ခဲ့ကြသည်။
နောက် ဂုဏ်သလင်းလဲ အခန်းထဲဝင်လာပြီး ကုတင်ပေါ်မှာ အိပ်နေတဲ့ ဘုန်းမြတ်ကိုတွေ့လေသည်

' တိုဟူး.. အစ်ကိုက..."

' လာမခေါ်နဲ့ "

ဘုန်းမြတ် ရဲ့ဒေါသထွက်ထွက်သံကြောင့် ဂုဏ်သလင်းကပါလန့်သွားရသည်။

' တိုဟူး ရာ စိတ်မကောက်ပါနဲ့
တိုဟူးက အရက်‌တွေကိုမုန်းလို့လား"
' မုန်းတယ် အဲ့ ဘီယာမကလို့ ကွမ်းယာ ၊ဆေးလိပ်၊ အရက် အားလုံးမုန်းတယ် အစ်ကို့ကိုရော"

' ဟာ အဲ့စကားကို ဘာလို့လွယ်လွယ်ပြောထွက်ရတာလဲကွာ လာ ဒီဘက်လှည့်ပါဦး"

ကုတင်ပေါ်တက်ကာ ဘုန်းမြတ်ခန္ဓာကိုယ်ကို ဆွဲဖက်လိုက်ပြီး

' တိုဟူး မကြိုက်ရင် အစ်ကိုမသောက်တော့ဘူး ကတိ"

' ဟိုဘက်လှည့်ပြော အရက်နံ့နံတယ် ဘာမဖက်နဲ့ သွား"

' တကယ်ပြောတာဆို တိုဟူးရာ နော် ကတိ"

' မသိဘူး မခေါ်နဲ့
ပြီး‌ောတ့ အကို ဆေးလိပ်သောက်တယ်မလား'

' အရင်ကသောက်တယ် ကျန်းမာရေးကြောင့် ဖျက်ထားတာ ကြာပြီ တိုဟူးလေးက ဘယ်လိုသိတာလဲ"

' ကျွန်တော် မနက်တိုင်းဈေးသွားဝယ်တိုင်း အစ်ကို ကိုချောင်းကြည့်တော့ အကိုကအိမ် ဝရံတာပေါ်မှာ ဆေးလိပ်သောက်တာကို အမြဲတွေ့......'

' ဟာ..ဘာ ဘာ
တိုဟူးက အကို့ကိုချောင်းကြည့်တာပေါ့"

ဘုန်းမြတ်လဲ စိတ်ဆိုးဆိုးပြောပြီးမှ လွတ်ကနဲ ထွက်သွားမိသည့်စကားကြောင့် ရှက်ရပြန်သည်။

' စကားမှားသွားတာ မချောင်းကြည့်ပါဘူး ဘာတွေလာပြော"

' အား...လိမ်နေတာ လိမ်နေတာ
တိုဟူးက အစ်ကို့ကို အမြဲချောင်းနေတာတဲ့ ဟားဟား

' အာ မဟုတ်ပါဘူးဆို

' ဟုတ်လဲ ရှက်စရာမှမဟုတ်တာ တိုဟူးရဲ့ အကိုလဲ မင်းစက်ဘီးအဖြူလေးနဲ့ ဈေးဝယ်နေတာကို အမြဲထပြီး ချောင်းနေခဲ့တာ"

' ဟင်.. ဟုတ်လား တကယ်ကြီးလား"

'အင်းပေါ့ ဆေးလိပ်တော့ သောက်တယ် ဒါပေမဲ့ ကွမ်းမစားဘူးနော် မင်းလေးကိုဘဲစားမှာ'

' အာ မပြောနဲ့လို့;

Yuxi

ပိတောက်ပန်းလေး ပန်ဆင်ထားသူရယ် (Complete)Where stories live. Discover now