နာရီဝက်အကြာ
လေးယောက်လုံးပြင်ဆင်ပြီးပြီဖြစ်သည်။လေးယောက်မှာ တစ်ယောက်ကတော့ ကွဲထွက်နေသည်။ အဲ့တာကတော့ ဘုန်းမြတ်ပါ ကတိအတိုင်း ပိတောက်ပန်း ပန်ထားလို့ပေါ့၊' အယ် ဘာလို့ ပိတောက်ပန်းပန်ထားတာတုန်း"
အာကာမှ ဘုန်းမြတ်အားမေးလာတော့ ဘုန်းမြတ်ပြန်မဖြေခင် ကားသော့အား လက်ခလယ်ဖြင့်ရမ်းကာ ရောက်လာသော ဂုဏ်သလင်းက ဖြတ်ဖြေလိုက်သည်။
' ငါပန်ခိုင်းထားတာ ချစ်စရာကောင်းလို့"
' အော်.. "
အာကာမှ မျက်စံအား တစ်ချက်ဝေ့ရမ်းလိုက်ရတော့သည်။
သွားကြမယ်ဟေ့
~~~~~~~~<ရောက်ပြီချောင်း ဆိုပေမဲ့လဲ ညစ်ပတ်ခြင်းသိပ်မရှိ ကမ်းခြေလိုပါဘဲချောင်းတလျှောက် ကလေးငယ် လူငယ်များ ရေဆော့ကစားနေကြပြီး
အကြော်ဆိုင် ၊ ဖျော်ရည်ဆိုင်တွေပါ ဖွင့်လှစ်ထားသေးသည်။ စောင်းဘောက်ကြီးနဲ့လဲ မြူးမြူးကြွကြွ သကြန်သီချင်းများဖွင့်ထားသေးသည်
လေးယောက်လုံး ရေဆော့ရန် ဟိုဟိုဒီဒီပက်ကြည့်ရာ
' ဟား ဟိုမှာ ဘောကွင်း "
အာကာမှလှမ်းအော်လိုက်သည်။အာကာနှင့် ဘုန်းမြတ် လက်လေးတွဲကာ ဘောကွင်းငှားတဲ့သူဆီကို ပြေးသွားကြသည်။အနားရောက်တော့ အာကာမှ
' ဘော(၂)ကွင်းငှားမှာ ဘယ်လောက်လဲဗျ"
' စိတ်ကြိုက်ဆော့ ၂၀၀
ပေါက်ပြဲရင် ၅၀၀"
' ဟုတ် အာ့ဆို(၂)ကွင်းပေး ပိုက်ဆံကတော့ ဟိုနောက်မှာလာနေတဲ့ အစ်ကိုနှစ်ယောက်ပေးလိမ့်မယ်" ဟုပြောကာ ဂုဏ်သလင်းနဲ့ မောင်သစ္စာကိုလက်ညှိုးထိုးပြလိုက်သည်။
ဒီလိုနဲ့ဘဲ ပျော်ပျော်ရွှင်ရွှင် ရေကစားမယ်ကြံတုန်း ဂုဏါသလင်းအနားရောက်လာသည်။ ပြီးတော့ ဘုန်းမြတ်ကို လှမ်းဖက်ကာ..
' ရေကူးရင် အင်းကျီမချွတ်နဲ့နော် သူများတွေ တိုဟူးကိုကြည့်ရင် ကိုယ်မနာလိုရမှာ"' အာ..လူတွေအများကြီးရှီတယ်လေ ဘာလို့ဖက်နေတာတုန်း"
' အာ့ဆို အစ်ကိုပြောသလို အင်းကျီမချွတ်နဲ့လေ ဘောင်းဘီလဲ ပေါင်တိုလေးတွေမဝတ်နဲ့ "
' ရေချိုးပါမယ်ဆို အင်းကျီကတော့ ချွတ်ရမှာဘဲပေါ့"
' မချွတ်ပါနဲ့ဆို ဆက်ခေါင်းမာရင် မင်းရဲ့ အတွင်းခံပြာလေးအကြောင်း ဟိုနှစ်ယောက်ကိုပြောလိုက်မှာနော်"
' အာ ..ကြည့်ဦး အကျင့်ကြီးက.."
' မချွတ်နဲ့ကြားလား နားမထောင်ရင် လူကြားထဲ နမ်းပစ်မယ်
ဂုဏ်သလင်း၏ခြိမ်းေခြာက်စကားကကြောင့် ဘုန်းမြတ်လဲ ဘားမှမချွတ်ဘဲ ရေကူးရပါေတာ့သည်။
ထို့နောက် ပျော်ပျော်ရွှင်ရွှင် ရေကစားကြသည်။ မောင်သစ္စာက မန္တလေးမှာသင်ဖူးတဲ့ ဖားရေကူးနည်းကူးပြတော့ ကျန်သုံးယောက်လုံးဝိုင်းရယ်နေခဲ့ကြတာပေါ့ ။'သကြန်ကို မပြီးစေချင်ဘူးကွာ
(၄)ရက်လေးနဲ့အားမရဘူး ဟ"ပူပြင်းသည့်ရာသီဉတုမို့ အရိပ်ရသည့်အေကြာ်ဆိုင်တွင်
ဘူးသီကြော်၊ကြက်သွန်ကြော် .ေပြာင်းဖူးေကြာ်.အကြော်အစုံများ ပူပူနွေးနွေး စားလိုက် ၊ ရေနွေးကြမ်းလေးသောက်လိုက်နှင့် အဆင်ပြေနေကြသည်။မောင်သစ္စာမှ ဂုဏ်သလင်းကို မျက်စပစ်ပြလိုက်သည်။ဂုဏ်သလင်းလဲ ခေါင်းငြိမ့်လိုက်ပြီး နှစ်ယောက်သား ထထွက်သွားသည်။ဒါကြောင့်အကြော်ဆိုင်မှာ အာကာနဲ့ဘုန်းမြတ်ဘဲ အျကြာ်စားရင်းကျန်ခဲ့လေသည်။ ဘုန်းမြတ်လဲ သူတို့ဘယ်သွားကြတာလဲမေးတော့ အာကာလဲ
' သူတို့လို အသက်ပြည့်လူပျိုတွေက ပျော်ပွဲရွှင်ပွဲဆို အရည်လေးသောက်လိုက်ရမှ အခုလဲ နံနဲသွားသောက်ကြတယ်ထင်တယ်",
' ဘာ အရည်တုန်း"
' အရက်လေ?"
' ဟင် အကိုဂုဏ်သလင်းလဲ သောက်တတ်တယ်လား"
' သောက်တတ်တာပေါ့ဟ တမ္ဘာလုံးမှာ အရက် ဒါမှမဟုတ် ဘီယာ မသောက်တတ်တာဆိုလို့ နင်နဲ့ငါဘဲကျန်တော့တယ်ထင်တယ်"
အရက် အား အရမ်းမုန်းတဲ့ဘုန်းမြတ်တစ်ေယာက် စိတ်ထဲ အလိုမကျတော့ေပသူသာမူးရင် ငါ့ကို ဘာများလျှောက်လုပ်မလဲ၊ အမူးသမားတွေ သိပ်မုန်းတယ် အဓိက အနံ့ဆိုးဆိုးကြီး အားး မုန်းတယ်
နဲနဲကြာတော့ မောင်သစ္စာနဲ့ ဂုဏ်သလင်းပြန်လာသည် အရက်အရှိန်ကြောင့် မျက်နှာနဲနဲ ပန်းရောင်သန်းနေကြပြီး ဂုဏ်သလင်းက အများကြီးမသောက်ခဲ့ဘူးထင်ပါရဲ့ မတ်တပ်တော့ရပ်နိုင်သေးသည်။မောင်သစ္စာကတော့ မောက်နေပါပြီ။ ဒါပေမဲ့ အကြော်ဆိုင်မှာ အာကာဘဲ ရှိနေသည်မို့ ဂုဏ်သလင်းလဲ စိုးရိမ်ပြီး
' တိုဟူးရော တိုဟူးရော ဘယ်မှာလဲ
' ဘယ်က တိုဟူးလဲ"
'အာ.. ဘုန်းမြတ် ဘုန်းမြတ်ကိုပြောတာ သူရော"
' သူ TAXI နဲ့ပြန်သွားပြီ ဗိုက်အောင့်လို့တဲ့ ကျွန်တော့်အထင် အကိုတို့ အရက်သောက်မှန်းသိလို့ စိတ်ကောက်သွားတာဖြစ်မယ်"
' ဟာ စိတ်ကောက်သွားတာလား.... အရက်သောက်လို့လား?
Yuxi
![](https://img.wattpad.com/cover/367059302-288-k372863.jpg)