"အချစ်တွေကခမ်းနားလွန်းသောအခါPart1
စတော်ဘယ်ရီတွေကို သိပ်ကြိုက်တာပဲလားယောင်း !!"
"ဟင့်အင်း စတော်ဘယ်ရီတွေက မင့်လောက်မစွဲမက်စေဘူး မင် "
စတော်ဘယ်ရီတွေကိုအရသာခံ စားနေရင်းကပဲ စတော်ဘယ်ရီတွေကိုသစ္စာဖောက်စွာပဲ
ယောင်း ဖြေမိသည်။
"တွေ့လား စကားကိုအကောင်းပြောလို့ကိုမရဘူး ယောင်းနော်"
နှုတ်ခမ်းလေးဆူပီ စိတ်ကောက်နေသော ချစ်ရသူရဲ့
ပေါင်ပေါ်ခေါင်းအုံးလျှက် ထယ်ယောင်းငေးကြည့်ရင်း"ဟုတ်တယ် တကယ် မင့် လောက်မစွဲမက်စေဘူး
မင် သာထားသွားရင် ယောင်းသေမှာ"ထားသွားရင်တဲ့လား မင့်ကိုပဲထားသွားကြတာမလာ
း မိသားစု အပေါင်းအသင်းဘာဆိုဘာမှ မင့် အနားမှာ မရှိပဲ
မင့်ကိုပဲခွဲခွါသွားကြတာ မင် သိတတ်ပါပီဆိုတဲ့
အရွယ်ကတည်းက အနားမှာရှိတာ ယောင်းတယောက်ထဲယောင်းကလည်း မင့်တမျက်နှာအတွက်ပဲ အားလုံးကိုစွန့်လွှတ်ခဲ့တာကိုသိရက်နဲ့
မင်ထားသွားရင်သေမှာလို့ ဆွေးဆွေးကြီးပြောတဲ့ယောင်းကိုကြည့်ပီးမျက်ရည်တွေဝဲလျက်
"ကဲပြောပြန်ပြီ ယောင်းရယ် မင့် ဘဝမှာချစ်ရသူတွေနဲ့ခွဲခွါရလွန်းလို့
သေမဲ့စကားလုံးတွေမကြားချင်ဘူးယောင်း"
မျက်ရည်စလေးဝေ့သီကာ တောင်းဆိုတဲ့ချစ်ရသူလေးကိုယောင်း သိပ်မြတ်နိုးသည်
သူလေးတောင်းဆိုရင်
ကင်ထယ်ယောင်းဆိုတဲ့ကောင်က တလောကလုံးကို
စိန်ခေါ်ရလည်းရဲရဲကြီးစိန်ခေါ်မှာပဲ Park Jimin ဆိုတဲ့
မြတ်နိုးရာလေးကို မိသားစုအသိုင်းအဝိုင်းတခုလုံးနဲ့
လဲမလားဆိုတဲ့ မေမေရွေးချယ်ခိုင်းတုန်းကလည်း
မျက်တောင်တစ်ချက်မခတ် မစဉ်းစားပဲ
ယောင်း ရွေးချယ်ခဲ့တာ park Jimin
မိုးကောင်ကင်ကြီးတစ်ခြမ်းဆီကွဲသွားမယ်ဆိုရင်တောင်ယောင်းရဲ့ရွေးချယ်မူက park Jimin
ယောင်းအသက်ကိုးနှစ်မှာ ဖေဖေလက်ဆွဲခေါ်လာတဲ့
မိုချီလုံးလေးကို ယောင်းစတွေ့ကတည်းကခုံမင်တယ်။
YOU ARE READING
အချစ်တွေက ခမ်းနားလွန်းသောအခါ
Fanfictionအကြောင်းမဲ့တဲ့ မင်းရဲ့ အမုန်းတွေကို ငါခံနိုင်ရည်ရှိနေပါပြီ jeon Park Jimin ချစ်တာပေါ့ အထိခိုက်မခံနိုင်အောင်ကို ချစ်တာ တလောကလုံးကို စိန်ခေါ်ချစ်ပြရမယ်ဆိုရင်တောင် စောက်ဂရုမစိုက်ပဲ ချစ်ပြမယ့်ကောင် ...