Part 12 အဘိဓါန်ထဲကအနမ်း

534 28 2
                                    

အချစ်တွေကခမ်းနားလွန်းသောအခါ

Part 12 အဘိဓါန်ထဲကအနမ်း

မနက် နိုးလာတာနဲ့ jeon အတွက်
မနက်စာ မင်ပြင်ဆင်ပေးရသည်။
သေချာ တူးခါးနေအောင်ပြင်ဆင်ပေးသော
အစားအစာများကို jeon က
ခပ်ရွဲ့ရွဲ့လေးပြုံးပီးစားပြသည်
မုန်းတယ်လို့သာ ပြောနေရတာ
Jeonပြုံးလိုက်တိုင်း လှိုက်ဖိုမိတဲ့ရင်ခုန်သံကို
လက်သီးဆုပ်ပေါက်စလေးနဲ့
ထုထုပီးအပြစ်ပေးရသေးတယ်။
ယောင်းသာသိရင် လေးထောင့်ဆန်တဲ့နုတ်ခမ်းတွေနဲ့
ပြုံးမပြတော့မှာသေချာတယ်။
Park Jimin ကို ကိုးကွယ်ပါတယ်ဆိုတဲ့ယောင်းက
အခုဆို စိတ်ထိခိုက်နေလောက်တယ်
ယောင်းရေ မင်မရှိတဲ့အခိုက်တန့်တွေမှာ
အဆင်ပြေပြေရှိနေပေးပါလို့ဆုတောင်းမိတယ်။

အတွေးစအချို့နှင့်အတူ
ပွက်ပွက်ဆူနေတဲ့ ခေါက်ဆွဲပြုတ် အိုးကို
အပူခံ အဝတ်မပါဘဲ မင် ဆွဲမမိတယ်

အားးးးးးးးး
ခွမ်း
အားးးးးးးး
ပူလို့လွတ်အချ အပူတွေထပ်ပီး ခြေထောက်ပေါ်အကျ
လန့်လည်းလန့် ပူလွန်းတာကြောင့်
သတိပါမေ့သွားသည်အထိ

ရေချိုးအဝတ်လဲ ပီး မနက်စာ စားမယ်
အငြိုးတွေကြောင့် အတင်းခိုင်းလို့ ပြင်ပေးတဲ့
မနက်စာက
Park jimin ပြင်ပေးလို့လားမသိ
တူးခါးနေလည်း သိပ်အရသာရှိတယ်

အတွေးနဲ့ ကိုယုန်ဆိုးလေး ပြုံးနေခိုက်
အားးးးးး
အော်သံ
ပုံရိပ်လေးရဲ့အော်သံ

လေလိုအလျင်နဲ့ မီးဖိုခန်းဆီပြေးသွားလိုက်တာ
လှေကားထစ် ဘယ်နှထစ်ကို
ကျော်ဆင်းမိမှန်းမသိသည်အထိ ဝရုန်းသုန်းကား

တွေ့လိုက်ရတဲ့မြင်ကွင်း

အငွေ့တထောင်းထောင်းထနေသေးတဲ့ ခေါက်ဆွဲ အိုး
လဲကျနေတဲ့ပုံရိပ်လေး

ဘေးကနေ ခြေကားယား လက်ကာယား ဆွဲထူဖို့လုပ်နေတဲ့ အလုပ်သမားတယောက်

"မထိနဲ့ ငါထူမယ် အဲ့တာငါ့လူ"

ဖြောင်းးးး "
$ သုံးမကျဦး ဒီအခြေနေထိရောက်အောင်
ဘေးကမစောင့်ရှောက်နိုင်ဦး
အိမ်တော်ထိန်းကြီးဆရာဝန်ခေါ်"

အချစ်တွေက ခမ်းနားလွန်းသောအခါWhere stories live. Discover now