Part 5 အချစ်တွေကခမ်းနားလွန်သောအခါ

651 35 0
                                    


Message box က စာတွေနဲ့ ကင်ထယ်ယောင်းရဲ့မျက်ဝန်းတွေကို အချိုးချပါဆိုရင် ပြောင်းပြန်သီအိုရီလှလှလေးတွေထွက်လာမယ်ထင်ပါရဲ့

စာတွေထဲမှာ မမကို စတွေ့ကတည်းက စွဲလမ်းရပါတယ်ဆိုတဲ့ အဖွဲ့အနွဲ့တွေ
မင်လေးကျန်မာရေးကြောင့်ဖွင့်မပြောရက်ခဲ့တာပါဆိုတဲ့ဆင်ခြေတွေ
ယုံရမှာလားယောင်း
ညာနေတာလေးကိုပဲယုံပါရစေပြောရင်
မမကတုံးလိုက်တာလို့များလှောင်နေမလား

စာတွေဘယ်လိုဖွဲ့နွှဲ့နေနေပါ
တကယ့်ယောင်းကတော့ သူ့မူပိုင်လေးကလွှဲ ကျန်တဲ့သူတွေက ကိုယ်ပျောက်လူသားတွေအတိုင်း အခုလည်း ဆေးရုံအခန်းဝကနေ အခန်းထဲ မဝင်နိုင်သေးပဲ
ယောင်းရဲ့ပုံရိပ်ကို ကြည့်နေမိသည်
ပါးစပ်ကတတွတ်တွတ်ပြောလိုက်
ပြုံးပြီး ပုံပြင်တွေပြောလိုက်
မျက်ရည်တွေကျပီး ပြန်လာပါလို့ တောင်းဆိုလိုက်နဲ့  လောကကြီးမှာသူတို့နှစ်ယောက်ပဲရှိတဲ့အတိုင်း

ဖုန်းထဲကစာလေးတွေ မျက်နှာငယ်ရချည်ရဲ့ယောင်းရယ်

မဖြစ်ဘူး ဒီနေ့တော့သေချာအပြင်မှာ တွေ့ပီး
ပြတ်ပြတ်သားသားမေးကြည့်ရမယ်
ရင်ကွဲရလည်းကံပေါ့
လိမ်ညာတာဆိုရင်တောင် ခွတ်လွှတ်ဖို့အသင့်ပဲမို့
ယောင်းရဲ့သရုပ်မှန်ကိုမမသိချင်တယ်

အခန်းထဲ ဆက်ဝင်မသွားတော့ပဲ
နားနေခန်းဆီခြေဦးလှည့်ပီး

"မမကိုသိပ်ချစ်တယ်ဆိုတဲ့စကားကို နားနဲ့ဆတ်ဆတ်ကြားချင်တာမို့ မမတိုက်ခန်းဆီ
ညနေကိုလာခဲ့နိုင်မလား ယောင်း" ဆိုတဲ့

စာလေးပို့အပီးမှ
အခုရက်ပိုင်း ဖုန်းမဆက်ဖြစ်တဲ့ ကူးငယ်လေးဆီစက်ပီးရင်ဖွင့်ရမယ်

👦🏿🧑🏽‍🦱👨🏽‍🦱👱🏻‍♂️🧑🏽‍🦳👩🏼‍🦱🧒🏻👱🏻‍♀️👲🏻👳🏾👮🏼‍♂️
အစည်းအဝေးခန်းမထဲမှာ လုံးဝဂနာမငြိမ်ပဲ ဖုန်းလေးကိုသာခဏခဏကြည့်မိတော့တယ်
အခုတလော company ရဲ့ အရေးကြီးချိန်ကပ်နေတော့အရင်လောက်မအားသည့်အပြင်
အမြဲဆံုးလက်စသတ်ပီး Korea ကို ပြောင်းပီးအခြေချဖို့ ရုန်းကန်နေရချိန်ပါ
မအားတာနဲ့ မမနဲ့ ဖုန်းခေါ်တွေလွဲနေရတာပါပဲ

အစည်းဝေးခန်းတွင်း ရောက်လာတဲ့ပထမတစ်ဆောင်
✉️
"ကူးငယ် မမလေ မတင်မကျ အခြေအနေကနေ ရုန်းထွက်ချင်ပီ ဒါ့ကြောင့် ဒီနေ့ညနေမမတိုက်ခန်းကိုလာခေါ်ဖို့ ချိန်းထားတယ် မျှော်လင့်သလို ဖြစ်မလာလည်း မမရင်ကွဲခံဖို့ပြင်ဆင်ထားတယ် စာထဲကအတိုင်း ယောင်းကမမကိုရွှေးချယ်ခဲ့ရင်လည်း မင့်ကိုမထိခိုက်စေရပါဘူးလို့ကတိပေးပါတယ် မင်သတိမရခင်မမမေးမှ ပိုသင့်တော်မယ်လို့မမထင်တယ်"

အချစ်တွေက ခမ်းနားလွန်းသောအခါWhere stories live. Discover now