Part 20 ချစ်တတ်မူအတိုင်းအထွာ

467 23 0
                                    

အချစ်တွေက ခမ်းနားလွန်းသောအခါ
Part 20 ချစ်တတ်မူအတိုင်းအထွာ

"Jimin က အဲ့ကောင်ကို ချစ်နေတုန်းပဲလား
အဲ့ကောင်ရဲ့ အချစ်ကခမ်းနားလွန်းပါတယ်ဆိုရင်တောင်
ကိုယ့်အချစ်ကလည်း သူ့ထပ်မလျော့အောင်ချစ်ခဲ့တာ
ကိုယ်ပုံဖော်တဲ့အချစ်က ကြမ်းတမ်းခဲ့တယ်ဆိုရင်တောင် ကိုယ့်အချစ်တွေက မဖော်ပြတတ်လို့ပါ jimin ရယ်
ကိုယ့်အချစ်တွေကလည်း ပေါပေါပဲပဲတန်ဖိုးမဟုတ်ပါဘူးကလေးရယ် jimin ကမမြင်ခဲ့ဖူးလားဟင်
မမြင်ခဲ့ဖူး မသိခဲ့ဖူးဆိုရင်တောင် ကိုကလေ
ကို့ခလေးလေးကိုအများကြီး ကြင်နာပီး ချစ်ပြပါ့မယ်
ယောင်းဆီပြန်မသွားပါနဲ့နော်"

" ဆွေးရိပ်သန်းတဲ့ မျက်ဝန်းလေးနဲ့ သာကြည့်ပီး အဖြေပေးမသွားပါသောခလေးငယ်

"Yoongi "

" ဟုတ်တယ် Hyung တို့
busan ကိုသွားတဲ့ ဟိုက်ဝေးလမ်းပေါ်မှာ
Hyung က ယောင်းနေမကောင်းနေတော့
သက်သာလိုသက်သာငြား မင်လေးနဲ့ပေးတွေ့ဖို့
ကူးငယ်ကို လိမ်ခေါ်ခဲ့တာ
အန်တီလေး (ထယ်ယောင်းအမေ) ဖုန်းဆက်ခေါ်တော့
Hyung တို့ကို လမ်းဘေးမှာ ပစ်ထားခဲ့တာ
လာခေါ်ပေးပါဦး yoongi
Joon က ဖျားနေတော့ တွေ့ရာကားကြုံနဲ့မပြန်ချင်လို့"

ရေခဲဘဝဘယ်ချိန်များမှရောက်ပါ့မလဲ
တယောက်တမျိုးမရိုးရဘူး

🏡🏡🏡🏡🏡🏡🏡🏡🏡🏡
"အိမ်တော်ထိန်းကြီးက ခလေးငယ်ကို သေချာကြည့်ပေးပါ
ခလေးငယ် ဘယ်သူ့ကိုမှ စကားပြန်မပြောဘူး
တခုခုကြံစည်လိုက်မှာကြောက်တယ်
ကျနော်က ရုံးပြန်တက်ရမယ့်အချိန်လည်းရောက်နေပီ
မဂ်လာပွဲလည်းစီစဉ်နေရတာဆိုတော့....."

" စိတ်ချပါ ဂျွန်သခင်လေး"

" ဖေဖေ့ဆီရော တပတ်တခါသေချာလှူရဲ့လား"

" လှူပါတယ် သခင်ကြီးက တပတ်တခါမလာခိုင်းပါဘူး
တလလောက်မှတခါသာလာဖို့ပြောထားပါတယ်ဂျွန်"

"ခလေးငယ်လေး နိုးပီလား
နိုးနေတာကို ဘာလို့ အိပ်ယာထဲမှာနေနေတာလဲ
ခေါင်းကိုက်လိမ့်မယ်လေ
ဒီနေ့မနက်စာကို ကိုယ်တို့အပြင်မှာသွားစားမလား"

ကျနော့်အရုပ်ကလေးက ခေါင်းခါပြတယ်
ပြီးတော့ ရေချိုးခန်းထဲဝင်သွားတယ်

အချစ်တွေက ခမ်းနားလွန်းသောအခါWhere stories live. Discover now