အချစ်တွေကခမ်းနားလွန်းသောအခါ
Part 7 မာယာတွေနဲ့ဂျွန်ဒိုင်ယာရီလေး က ကျနော့်ကို ပို ငိုစေတယ်မမ
၅ရက် ၅လ ၅နာရီ၅၀မိနစ်
နံပါတ်လေးတွေသိပ်လှတယ်
ဒါပေမယ့်ကျနော်သိပ်မုန်းတယ်မမ
မြတ်နိုးရာဆိုတဲ့တတ်တူးကိုလည်းမုန်းတယ်မမ
ကော်ဖီတွေကိုလည်းမုန်းသလို
ကော်ဖီရောင်တွေကိုလည်း သိပ်မုန်းတယ်မမရယ်မမအခန်းထဲကပစ္စည်းတွေအားလုံးကို ဂျွန်စံအိမ်သို့ မမရှိတုန်းကအတိုင်းပြန်နေရာချထားပြီးပြီ
မမက မိန်းကလေးတယောက်ပေမယ့်သတ္တိသိပ်ရှိတယ်
တယောက်ထဲ တိုက်ခန်းလေးတခန်း
ကားဟောင်းလေးတစ်စီးနဲ့
ကိန်းခမ်း မ ကြီးသော မိန်းကလေး
မမသူငယ်ချင်းအများစုကတောင်
မမဟာ ဂျွန်အိမ်တော်နဲ့ရဲ့သမီးဆိုတာမသိခဲ့
ဖေဖေတရားစခန်းဝင်သွားကတည်းက
စံအိမ်မှာမနေတော့ပဲ
အပြင်တိုက်ခန်းလေးမှာနေတဲ့
ဖြူစင်တဲ့မမကိုမှဗျာ ..........
အတွေးတွေကနေ ဒေါသတွေအဖြစ်ပြောင်းလာပြီမို့
ဆက်မတွေးတော့ပဲ" အိမ်တော်ထိန်းကြီး.......
မမအခန်းကိုကျနော်သော့ခတ်ထားတယ်
ဘယ်သူမှ ဝင်ခွင့်မရှိဘူးလို့ စည်းကမ်းထုတ်ထားပါ
သန့်ရှင်းရေးလည်းလုပ်စရာမလိုဘူး
ပြီးတော့ ဖေဖေရှိတဲ့တရားကျောင်းကို
တပတ်တခါ လိုအပ်တာတွေလှူဒါန်းပေးပါ
ကျနော်အိမ်ကိုအပ်ခဲ့ပါရစေ
ပြသနာတစုံတရာ လုံးဝမကြားချင်ပါဘူး
Joon Hyung ကဖုန်းဆက်လာရင်လည်း
ကျနော် အလုပ်ကိစ္စနဲ့ ဘူဆန်ဘက်ဆင်းသွားတယ်လို့ပြောထားပေး
ပီးတော့ အိမ်တော်ထိန်းကြီးရဲ့တူ ရဲ့ အဝတ်အစားနဲ့အသုံးအဆောင်တချို့ကို ခရီးဆောင်အိတ်နဲ့ပြင်ဆင်ပေးပါ
ကျနော်လိုချင်တယ်
တအားကြီးကောင်းနေစရာမလိုဘူးနော် ပစ္စည်းတွေက
သာမန်လူတန်းစားသုံးလို့ရမယ့်အနေအထားမျိုး ပေါ့
ကျနော် အယ်ဇေးရှင်း ခွေး ငါးကောင် ကို သင်တန်းပေးပြီး မွေးထားချင်တယ်ပြီးတော့
အိမ်တော်လုံခြုံရေး အလုပ်သမားဘယ်လောက်ရှိလဲ
အလုပ်သမားစုစုပေါင်း ဘယ်နှယောက်ရှိလဲ"" လုံခြုံရေးက 12 ယောက် မာလီ 3ယောက်
ချက်ပြုတ်ရေး 7 ယောက် သန့်ရှင်းရေး 7 ယောက်
အထွေထွေ 3ယောက်ပါ ကူးငယ်"
YOU ARE READING
အချစ်တွေက ခမ်းနားလွန်းသောအခါ
Fanfictionအကြောင်းမဲ့တဲ့ မင်းရဲ့ အမုန်းတွေကို ငါခံနိုင်ရည်ရှိနေပါပြီ jeon Park Jimin ချစ်တာပေါ့ အထိခိုက်မခံနိုင်အောင်ကို ချစ်တာ တလောကလုံးကို စိန်ခေါ်ချစ်ပြရမယ်ဆိုရင်တောင် စောက်ဂရုမစိုက်ပဲ ချစ်ပြမယ့်ကောင် ...