Part 15 အချစ်ချိုချိုလေး

598 26 4
                                    

အချစ်တွေကခမ်းနားလွန်းသောအခါ

Part 15 အချစ်ချိုချိုလေး

" ယောင်း သက်သာ လား မူးနေ မောနေတာတွေရှိသေးလား"

" ခေါင်းငြိမ့်ခေါင်းခါကလွဲ စကားမပြောတော့သော
ယောင်းကို ယွန်ဂီ သက်ပြင်းချမိပါသည်

ဟိုဘီလေး ကြိတ်ငိုနေတာတွေ့တာလည်းအခါခါ
တယောက်ချင်းစီရဲ့ အချစ်တွေက တမျိုးစီ ခမ်းနားနေတာမို့ မဝေဖန်နိုင်
Jimin ကို ရှာတာကြာလိုက်တာလို့ထင်တယ်မလား
ကြာတာမဟုတ်ဘူးသေချာမရှာရသေးတာ
ယောင်းကပုံမှန်မဖြစ်ပဲနဲ့ ရှာတွေ့ခဲ့ရင်
ရှင်းမရအောင်ပိုရှုပ်မှာ

" ယောင်း ဒါလေးကုန်အောင်စားလိုက်နော်
ယောင်းကြိုက်တတ်တယ်လို့ပြောလို့ ဟိုဘီ
ကိုယ်တိုင်ချက်ထားတာ အားရှိအောင်စားနော်"

" ဟိုဘီ ဟျောင်း"
" ပြောလေ ယောင်း"
ကျနော့်ကိုတအားဂရုမစိုက်ပါနဲ့"
" အားရှိအောင်စားပါဆိုမှ
ယောင်းကသိပ်စကားများတယ်"
"နေပါဦးလက်က အပူလောင်ပြန်ပီလား ဟိုဘီဟျောင်း"
" ငါလည်းတားပါတယ်ကွာ သူက မင်းကိုစားစေချင်လို့ သေချာဝင်ချက်နေတာ"

" ဆရာ ကျနော်တို့ ဂျွန်အိမ်တော်ကို ရှာတွေ့ပီ "

" ကျနော်တို့ လိုက်သွားကြမယ် ဟျောင်း"
" မင်းအရင်နေကောင်းအောင်နေ ငါတို့သွားလိုက်မယ်"
" ကျနော် ကျနော် နေကောင်းနေပီ
ပေး ပေး ထမင်းတွေလည်း ကုန်အောင်စားမယ်
မင့်ကိုသွားခေါ်ဖို့က ကျနော့်ထပ်အရေးကြီးတယ်
ပီးတော့ကျနော်ဟိုကောင့်ကိုသတ်မယ်"
" ထယ်ယောင်းစိတ်ထိန်းဖို့ခက်နေပီ ဟိုဘီ"

ဆေးထိုးလိုက်၍ အိပ်ပျော်သွားသော ထယ်ယောင်း

"ရှာပေးလိုက်ပါ Hyung
Jimin ဆိုတဲ့လူလည်း ယောင်းအကူအညီကို ဘယ်လောက်လိုအပ်နေမယ်မှမသိတာ
ဓာတ်ပုံတွေပြပီးရဲတိုင်လိုက်ရင်ရော"

" မဖြစ်ဘူး jimin ကို တို့တွေပြန်မခေါ်နိုင်ခင်မှာ ရဲတိုင်လိုက်ရင် jimin အတွက်ပိုဆိုးသွားစေနိုင်တယ် ဟိုဘီ"

" ဘယ်လိုလုပ်ရမလဲ Hyung
ကျနော့်ကော်ဖီရောင်လေးက ငိုရတာ မောနေရှာပီ
သူအငိုတိတ်ဖို့သူပြုံးဖို့ ကျနော် ရင်ကွဲခံပီး သူ့အရုပ်လေးကိုပြန်ယူပေးချင်တယ်
Jimin ကရော ယောင်းကိုချစ်လား"

အချစ်တွေက ခမ်းနားလွန်းသောအခါWhere stories live. Discover now