1

547 28 0
                                    

အပိုင်း ၁။ တစ်ကမ္ဘာလုံး ရှေးဦးခေတ်သို့ ရောက်ရှိသွားသည့် အခိုက်အတန့်

"ဟင်"

"ငါဘယ်ကိုရောက်နေတာလဲ?"

ယဲ့ချန်သည် သူနှင့်မရင်းနှီးသော ပတ်ဝန်းကျင်အား တွေဝေစွာဖြင့် ကြည့်လိုက်သည်။

'ငါအိမ်မှာအိပ်နေတဲ့ဟာကို နိုးလာတော့ ဘာဖြစ်လို့ ဒီကိုရောက်နေရတာလဲ?'

ပတ်ဝန်းကျင်မှာ မိုးသစ်တောတစ်ခုထဲရောက်နေသကဲ့သို့ အုံ့မှိုင်းလျက်ရှိသည်။ ယဲ့ချန်သည် ထပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မြေပြင်တစ်ခုလုံးတွင် သစ်ပင်၊ သစ်ရွက်များဖြင့် ပြည့်နှက်နေပြီး ထိုးထွက်နေသော တောင်ထွဋ်များမှာလည်း ခမ်းနားလှသည်။

ငှက်ရိုင်းများ တန်းစီ၍ပျံသန်းသွားကြသည်ကို မြင်ရ၍ သားရိုင်းတိရိစ္ဆာများ၏ ဟိန်းဟောက်သံများကိုလည်း သူ၏နားထဲတွင် ပဲ့တင်ထပ်လျက် ကြားနေရသည်။ သူ့ထံသို့ လာရောက်နေသော အကန့်အသတ်မဲ့ အရှိန်အဝါသည် ရှေးဦးခေတ်တစ်ခုသို့ ရောက်သွားသလိုပင်။

ယဲ့ချန်၏ စိတ်ထဲမှ စက်ရုပ်ဆန်သောအသံတစ်ခုအား ကြားလိုက်ရသည်။

"ကံကောင်းတဲ့ကောင်လေး၊ ရှေးဦးခေတ်ကနေကြိုဆိုလိုက်ပါတယ်"

"အခုအချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေ အကုန်လုံးက အရိုင်းဆန်တဲ့ကမ္ဘာတစ်ခုကို‌ ရောက်လာကြပြီး တောက်ပဖို့ကို ပြင်ဆင်နေကြပြီ"

"ဒီနေရာမှာ အရာအားလုံးကို မင်းရယူနိုင်တယ်။ မင်းအတွက် မထင်မှတ်ထားတဲ့ အံ့အားသင့်စရာတွေနဲ့ ဆုလက်ဆောင်တွေလည်း စောင့်နေတယ်"

"ဒီခေတ်ကြီးထဲမှာ အန္တရာယ်နဲ့အခွင့်အရေးက ဒွန်တွဲနေတယ်။ အသက်ရှည်ချင်လား? စွမ်းအား လား? ပစ္စည်းဥစ္စာတွေလား? ဒါမှမဟုတ်ဆန့်ကျင်ဘက်လိင်လား? မင်းကြိုက်တာကို မင်းကိုယ်တိုင် အရယူနိုင်တယ်"

"မြေပြင်ပေါ်ကနေ ကောင်းကင်ပေါ်ကိုပျံတက်တာ၊ တောင်တွေကိုရွေ့ပစ်ပြီး ပင်လယ်တွေကို မှောက်ပစ်တာ၊ ထာဝရရှင်သန်တာ ဒီနေရာမှာ အဲ့ဒီအရာတွေဆိုတာ ဒဏ္ဏာရီသက်သက်ပဲ မဟုတ်တော့ဘူး"

ရှေးဦးခေတ်ဝယ်ဇာမဏီကိုမွေးမြူမယ်Where stories live. Discover now