4

152 21 0
                                    

အပိုင်း ၄။ သန္ဓေပြောင်းသားရဲတို့၏ ပထမဆုံးတိုက်ပွဲ၊ သစ်သားရတနာသေတ္တာ

ကျီ!

လေပေါ်တွင်ရစ်ဝဲလျက်ရှိသည့် နေနတ်တမန်သည် မွေးကင်းစဖြစ်သောကြောင့် လောကကြီးအား စူးစမ်းနေသည်။

"နေနတ်တမန် ဥကနေပေါက်ဖို့ တော်တော်အချိန်ယူလိုက်ရတယ်။ သူများတွေ တောအုပ်ထဲကို ရှာပြီးသွားကြပြီလားမသိဘူး"

ထာဝရရှင်သန်ခြင်း ဇာမဏီငှက်အား သားဖောက်နေရခြင်းကြောင့် ယဲ့ချန်သည် ပြင်ပလောက၏ တစ်ရက်တာသတင်းများအား သတိမထားနိုင်ချေ။ ဤလောကအသစ်အကြောင်း စက်ရုပ်အသံမှတစ်ဆင့်သာ သိရသည်။

သတင်းအချက်အလက်ရယူနိုင်ရန်အတွက် ယဲ့ချန် ကမ္ဘာ့စကားပြော channel ကိုဖွင့်လိုက်သည်။

"ငါ့ရဲ့သားရဲက D-Rank သံမဏိဦးချိုကြံ့ကွ။ အကြီးကြီးပဲ။ ငါကအပြင်မှာ စားစရာရှာဖို့ လွယ်မယ်ထင်ထားတာ။ ဒါပေမယ့် အပြင်လည်းထွက်ရော အရွယ်ရောက်ပြီးသား သံမဏိဦးချိုကြံ့ကြီး တစ်ကောင်နဲ့ တွေ့တော့တာပဲ။ မြေးအဖိုးနှစ်ယောက်ဆုံတာ ကျနေတာပဲဟေ့။ ငါ့မှာကြောင်တောင်တောင်နဲ့"

"အဲ့တာကဘာဟုတ်သေးလို့လဲ။ ငါ့ကောင်ကလည်း D-Rankပဲ။ လေမုန်တိုင်းဝံပုလွေ။ သူ့ကို ‌ောက်ရမ်းမြန်တယ်လို့ သိထားတာကွာ။ ဒါပေမယ့် တောထဲမှာ လိပ်တစ်ကောင်နဲ့လည်းတွေ့ရော အမြန်နှုန်းအကြောင်း ငါဘာမသိသေးပါလားဆိုပြီး ဖြစ်သွားတယ်"

"ငါတို့ရဲ့သားရဲကို အရင်လေ့လာကြည့်တာ ပိုကောင်းလိမ့်မယ်လို့ ထင်တာပဲ။ တစ်ကယ်လို့ ကြမ်းတဲ့ကောင်ကြီးတွေနဲ့သာတွေ့ရင် ငါတို့မှာသွားငိုစရာနေရာလည်း ရှိတာမဟုတ်ဘူး"

"ငါလည်းသဘောတူတယ်။ ငါ့ရဲ့သိမ်းငှက်က လေပေါ်မှာကောင်းကောင်းပျံနိုင်ပြီးတော့ မြေပေါ်မှာကျ ယုန်တစ်ကောင်ကြောင့် မှောက်သွားတယ်တဲ့ကွာ"

"တောထဲမှာ တော်တော်ကြောက်စရာကောင်းတယ်။ ငါ့မှာနေရာလေးတစ်ခုလောက် ရှာပြီးနားချင်တဲ့ဟာကို သားရဲတွေအပြည့်နဲ့ဖြစ်နေလို့ ပြန်ပြေးလာရတယ်"

"အူးဝါး... အမေရေ သားအိမ်ပြန်ချင်တယ်!"

"အပေါ်ကညီလေးရေ မင်းအမေလည်း ဒီအထဲရောက်နေလောက်တယ်နော်"

ရှေးဦးခေတ်ဝယ်ဇာမဏီကိုမွေးမြူမယ်Where stories live. Discover now